မြန်မာ - လာအို နယ်စပ် ကျိုင်းလပ်မြို့ရှိ ကျေးရွာတွင် လေဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနတို့က ကူညီထောက်ပံ့

မြန်မာ - လာအို နယ်စပ် ကျိုင်းလပ်မြို့ရှိ ကျေးရွာတွင် လေဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနတို့က ကူညီထောက်ပံ့
ဧပွီ 5, 2018
By Tachileik News Agency


အဆိုပါ ကျေးရွာတွင် ၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ ညပိုင်းက လေပြင်း တိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  နေအိမ် (၃)လုံး အမိုးများ ပျက်စီးသွားခဲ့သည့် အတွက် အဆိုပါ နေအိမ်များရှိ မိသားစုတစ်စုလျှင် ကျပ်ငွေတစ်သိန်းနှုန်းနှင့်အတူ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။



၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းလပ်မြို့ဘက် မြန်မာ - လာအိုချစ်ကြည်ရေးတံတားရှိ BCF ( Border Control Facilities )အတွင်း တည်ဆောက်ထားသော စစ်ဆေးရေးကောင်တာခုံ(၂)လုံးမှာ ပျက်စီးသွားခဲ့ကြောင်း နှင့် မိုးသီးများလည်း ကျခဲ့ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - လာအို နယ်စပ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျိုးကျေးရွာအုပ်စု၊ နမ့်ဆီး(လားဟူ)ကျေးရွာမှ လေဘေးသင့် နေအိမ်(၃)လုံးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ဧပြီလ (၅)ရက်နေ့က သွားရောက်ပေးအပ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် ၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ ညပိုင်းက လပြေင်း တိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် (၃)လုံး အမိုးများ ပျက်စီးသွားခဲ့သည့် အတွက် အဆိုပါ နေအိမ်များရှိ မိသားစုတစ်စုလျှင် ကျပ်ငွေတစ်သိန်းနှုန်းနှင့်အတူ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေနှင့်ပစ္စည်းများကို တာချီလိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ အဖွဲ့ဝင် ဦးကြည်ဝင်းမောင်၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ ကျိုင်းလပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေး ဦးမျိုးဇော်လတ်တို့က နမ့်ဆီး(လားဟူ)ကျေးရွာသို့ သွားရောက်ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မိသားစုများအား ကျိုင်းတုံခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေ နှင့် ဒုတိယဦးစီးဌာနမှူး ဒေါ်နန်းမွှေးမွှေးခင်တို့က ဧပြီလ (၄)ရက်နေ့က အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ကူညီပေးထားကြောင်းလည်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ ညပိုင်းက လပြေင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းလပ်မြို့ဘက် မြန်မာ - လာအိုချစ်ကြည်ရေးတံတားရှိ BCF ( Border Control Facilities )အတွင်း တည်ဆောက်ထားသော စစ်ဆေးရေးကောင်တာခုံ(၂)လုံးမှာ ပျက်စီးသွားခဲ့ကြောင်း နှင့် မိုးသီးများလည်း ကျခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကျိုင်းလပ် ထွေ/အုပ် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~