တာခ်ီလိတ္တြင္ က်ပ္သိန္းေပါင္း (၄)ေသာင္းခန္႔ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ က်ပ္သိန္းေပါင္း (၄)ေသာင္းခန္႔ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
ဧပြီ 19, 2018
By Tachileik News Agency


ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၀မ္လံုးေက်းရြာအုပ္စုတြင္ က်ပ္သိန္းေပါင္း(၄)ေသာင္း ၀န္းက်င္တန္ဖိုး မက္သာအဖက္တမင္ ဟိုက္ၿဒိဳကလိုရိုက္ [Metham- phetamine Hydrochloride - ICE](အိုက္စ္) အျဖဴေရာင္ပံုေဆာင္ခဲ ကီလို(၂၀၀)၀န္းက်င္အား သယ္ေဆာင္လာသူႏွင့္ အတူ ဧၿပီလ(၁၉)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ထံက သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ ပူးေပါင္း အဖြဲ႔ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံုေက်းရြာအ၀င္၊ ျပည္သူ႔စစ္စခန္းေရွ႕တြင္ ေစာင့္ဆိုင္း စစ္ေဆးရာမွ မိုင္းဟဲဘက္မွ တာခ်ီလိတ္ဘက္သို႔ အားဂ်ာ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ ယာဥ္အား ရပ္တန္႔စစ္ေဆးရာမွ ဖမ္းဆီး ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ အားဂ်ာ ေမာင္းလာသည့္ ကားအား ရပ္တန္႔ခိုင္းေစစဥ္ အားဂ်ာမွ ေမာ္ေတာ္ယာဥ္ တံခါးအား ဖြင့္၍ ထြက္ေျပးမည္ျပဳသျဖင့္ ၀ိုင္း၀န္း ဖမ္းဆီး ထိန္းသိမ္းခဲ့ရေၾကာင္း ႏွင့္ ဆက္လက္ရွာေဖြရာ အဖံုးပိတ္ပါသည့္ ယာဥ္ေနာက္ခန္း အတြင္းမွ အျဖဴေရာင္ဆာလာအိတ္မ်ားျဖင့္  မက္သာအဖက္တမင္ ဟိုက္ၿဒိဳကလိုရိုက္ [Methamphetamine Hydrochloride - ICE](အိုက္စ္)မ်ား ထည့္ထားသည့္ ဆာလာအိတ္ (၆)လံုးအား ေတြ႔ရွိရာ အေလးခ်ိန္မွာ စုစုေပါင္း (၂၀၀)ကီလို ၀န္းက်င္ရွိၿပီး ကာလ တန္ဖိုးေငြမွာ က်ပ္သိန္းေပါင္း (၄)ေသာင္းခန္႔ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားအျပင္ ကားေရွ႕ေခါင္းခန္းထဲက အိမ္ေထာင္စာစာရင္းမိတၱဴ(၁)ရြက္၊ ယာဥ္ေမာင္းလိုင္စင္ (၁)ခု၊ ယာဥ္မွတ္ပံုတင္လက္မွတ္(၁)ခု၊ လက္ကိုင္ဖုန္း (၃)လံုး ႏွင့္ ထိုင္းဘတ္ေငြေရာရာ (၃၀၅၀၀)ဘတ္တို႔အား ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္ ဖမ္းဆီးရမိသည့္ အသက္(၃၅)ႏွစ္၀န္းက်င္ရွိ အားဂ်ာ အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)၌ ၿပီးခဲ့သည့္ ၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၂၃)ရက္ေန႔က မက္သာအဖက္တမင္ ဟိုက္ၿဒိဳလ္ကလိုရိုက္ [Methamphetamine Hydrochloride - ICE](အိုက္စ္) အျဖဴေရာင္ပံုေဆာင္ခဲ (၁၄၃)ကီလိုအား အမ်ားဆံုးအျဖစ္ ဖမ္းဆီးရမိခဲ့ၿပီး ယခု ၂၀၁၈ခုႏွစ္ ဧၿပီလ(၁၉)ရက္ေန႔တြင္ ယခင္ႏွစ္ထက္ အမ်ားဆံုးအျဖစ္ အိုက္စ္ ကီလို(၂၀၀)၀န္းကို ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - #စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း ဝမ်လုံးကျေးရွာအုပ်စုတွင် ကျပ်သိန်းပေါင်း(၄)သောင်း ဝန်းကျင်တန်ဖိုး မက်သာအဖက်တမင် ဟိုက်ဒြိုကလိုရိုက် [Metham- phetamine Hydrochloride - ICE](အိုက်စ်) အဖြူရောင်ပုံဆောင်ခဲ ကီလို(၂၀၀)ဝန်းကျင်အား သယ်ဆောင်လာသူနှင့် အတူ ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ထံက သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ပူးပေါင်း အဖွဲ့ဖြင့် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာအဝင်၊ ပြည်သူ့စစ်စခန်းရှေ့တွင် စောင့်ဆိုင်း စစ်ဆေးရာမှ မိုင်းဟဲဘက်မှ တာချီလိတ်ဘက်သို့ အားဂျာ မောင်းနှင်လာသည့် မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ အားဂျာ မောင်းလာသည့် ကားအား ရပ်တန့်ခိုင်းစေစဉ် အားဂျာမှ မော်တော်ယာဉ် တံခါးအား ဖွင့်၍ ထွက်ပြေးမည်ပြုသဖြင့် ဝိုင်းဝန်း ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း နှင့် ဆက်လက်ရှာဖွေရာ အဖုံးပိတ်ပါသည့် ယာဉ်နောက်ခန်း အတွင်းမှ အဖြူရောင်ဆာလာအိတ်များဖြင့် မက်သာအဖက်တမင် ဟိုက်ဒြိုကလိုရိုက် [Methamphetamine Hydrochloride - ICE](အိုက်စ်)များ ထည့်ထားသည့် ဆာလာအိတ် (၆)လုံးအား တွေ့ရှိရာ အလေးချိန်မှာ စုစုပေါင်း (၂၀၀)ကီလို ဝန်းကျင်ရှိပြီး ကာလ တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၄)သောင်းခန့်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအပြင် ကားရှေ့ခေါင်းခန်းထဲက အိမ်ထောင်စာစာရင်းမိတ္တူ(၁)ရွက်၊ ယာဉ်မောင်းလိုင်စင် (၁)ခု၊ ယာဉ်မှတ်ပုံတင်လက်မှတ်(၁)ခု၊ လက်ကိုင်ဖုန်း (၃)လုံး နှင့် ထိုင်းဘတ်ငွေရောရာ (၃၀၅၀၀)ဘတ်တို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ အားဂျာ အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ ပြီးခဲ့သည့် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၃)ရက်နေ့က မက်သာအဖက်တမင် ဟိုက်ဒြိုလ်ကလိုရိုက် [Methamphetamine Hydrochloride - ICE](အိုက်စ်) အဖြူရောင်ပုံဆောင်ခဲ (၁၄၃)ကီလိုအား အများဆုံးအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၁၈ခုနှစ် ဧပြီလ(၁၉)ရက်နေ့တွင် ယခင်နှစ်ထက် အများဆုံးအဖြစ် အိုက်စ် ကီလို(၂၀၀)ဝန်းကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - #စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~