ထုိင္းႏိုင္ငံႏွင့္ MOU အရ အက်ဳံးမဝင္ေသာ္လည္း Entry Permit ကို တာခ်ီလိတ္တြင္ ခြင့္ျပဳေပးထား

ထုိင္းႏိုင္ငံႏွင့္ MOU အရ အက်ဳံးမဝင္ေသာ္လည္း Entry Permit ကို တာခ်ီလိတ္တြင္ ခြင့္ျပဳေပးထား
ဧပြီ 7, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ထိုင္းႏုိင္ငံဘက္မွ Entry Permit ျဖင့္ ဝင္ေရာက္ လည္ပတ္ခြင့္ကို ထုိင္းႏိုင္ငံႏွင့္ MOU ေရးထုိးမႈအရ အက်ံဳးမဝင္ေသာ္လည္း နယ္စပ္ေဒသဖြံ႕ၿဖိဳးေရးအတြက္ ခြင့္ျပဳထားေၾကာင္း သိရသည္။

“EP (Entry Permit)က ထုိင္းႏုိင္ငံနဲ႔ MOU မထိုးခင္က တပ္မေတာ္ အစိုးရလက္ထက္မွာ နယ္စပ္ေဒသ ဖြံ႕ၿဖိဳးေရးအတြက္ ခြင့္ျပဳထားတာ ျဖစ္ပါတယ္။ လက္ရိွ အစိုးရကလည္း လက္ရိွထုိင္းႏုိင္ငံနဲ႔ ထုိးထားတဲ့ MOU အရ အက်ံဳးမဝင္ေတာ့ေပမဲ့ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဆက္လက္ခြင့္ျပဳထားတဲ့ အေနအထားပဲ ျဖစ္ပါတယ္”ဟု အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔ အင္အား ၀န္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးျမင့္ႀကဳိင္က ေျပာသည္။

EP ျဖင့္ နယ္စပ္ဂိတ္မွ ဝင္ေရာက္လာသူမ်ားအား တာခ်ီလိတ္ၿမိဳ႕တြင္းသာ သြားလာခြင့္ျပဳထားျခင္းျဖစ္ၿပီး ထိုင္းႏုိင္ငံသားမ်ား အေနျဖင့္ ျမန္မာႏိုင္ငံတြင္း အျခားေဒသမ်ားသို႔ သြားေရာက္လိုပါက ေလေၾကာင္းမွ ဝင္ေရာက္မွသာ ဗီဇာကင္းလြတ္ခြင့္ ရရိွမည္ျဖစ္ေၾကာင္း သိရသည္။

“ျမန္မာက အာဆီယံႏုိင္ငံေတြနဲ႔ လက္မွတ္ေရးထုိးရာမွာ ကုန္းလမ္းေရာ၊ ေရလမ္းေရာ၊ ေလေၾကာင္း လမ္းေရာ အားလံုး ဗီဇာကင္းလြတ္ခြင့္ရဖို႔ အဆိုျပဳခဲ့တာျဖစ္ပါတယ္။ ထုိင္းႏုိင္ငံမွာ MOU ထိုးတဲ့ အခ်ိန္မွာ ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ပါ တက္ေရာက္ၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ဝန္ႀကီးက လက္မွတ္ ေရးထုိးတာ ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံကေန MOU စာခ်ဳပ္မွာ By Air ဆိုၿပီး ေလေၾကာင္းျဖင့္သာ ဗီဇာ ကင္းလြတ္ခြင့္ ေပးပါမယ္ဆိုၿပီး ေျဖလုိက္တဲ့အတြက္ ကုန္းလမ္းခရီးကေန သြားလို႔မရျခင္းျဖစ္ပါတယ္” ဟု အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔ အင္အား ၀န္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးျမင့္ႀကဳိင္က ေျပာသည္။

အာဆီယံႏုိင္ငံမ်ားအတြင္း ဆိုက္ေရာက္ဗီဇာ ထုတ္ေပးျခင္းကို ေဆာင္ရြက္ေပးေနေသာ္လည္း ကုန္းလမ္းနွင့္ ေရလမ္းတို႔ျဖင့္ ဝင္ေရာက္သူမ်ားမွာ အက်ံဳးမဝင္ဘဲ ေလေၾကာင္း တစ္ခုထဲျဖင့္သာ ခြင့္ျပဳ ထားသျဖင့္ နယ္စပ္ဂိတ္မ်ားမွ ဝင္ထြက္သြားလာလိုသည့္ ႏုိင္ငံျခားသားမ်ားႏွင့္ ျမန္မာႏုိင္ငံသားမ်ား အေနျဖင့္ သက္ဆုိင္ရာႏုိင္ငံ သံရံုးမ်ားမွ ဗီဇာရယူရန္လိုအပ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္မွာ ကုန္းေၾကာင္းျဖစ္တဲ့အတြက္ ေပးလို႔ မရပါဘူး။ ဗီဇာနဲ႔ပတ္သက္လို႔ ဗီဇာ ေကာ္မတီရိွပါတယ္။ ႏိုင္ငံျခားေရးရာနဲ႔ ပတ္သက္လို႔ တာဝန္ယူၿပီး စီမံခန္႔ခြဲေနတာျဖစ္ပါတယ္။ ဗီဇာေကာ္မတီ ဥကၠဌကေတာ့ ႏုိင္ငံျခားေရးရာဝန္ႀကီးပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေလဆိပ္မွာပဲ ဆုိက္ေရာက္ဗီဇာ ခြင့္ျပဳထားပါတယ္။ ေလဆိပ္ေတာင္မွ ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္၊ မႏၱေလး အျပည္ျပည္ဆုိင္ရာ ေလဆိပ္၊ ေနျပည္ေတာ္ေလဆိပ္တုိ႔ပဲ ျဖစ္ပါတယ္။ အထူးခြင့္ျပဳခ်က္အေနနဲ႔ကေတာ့ ႏုိင္ငံေတာ္သမၼတရံုးရဲ႕ အထူးခြင့္ျပဳခ်က္နဲ႔ဆို ၿမိတ္ေလဆိပ္မွာ ခြင့္ျပဳထားပါတယ္”ဟု အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔ အင္အား ၀န္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးျမင့္ႀကဳိင္က တာခ်ီလိတ္ခရီးစဥ္တြင္ ေျပာၾကားသြားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ ႏိုင္ငံတကာေလဆိပ္မွ အျခားႏုိင္ငံသို႔ ထြက္ခြာသြားၿပီး ဗီဇာသက္တမ္း အတြင္း နယ္စပ္ဂိတ္မွ တစ္ဆင့္ ျမန္မာႏိုင္ငံတြင္ ျပန္လည္ဝင္ေရာက္ျခင္းကို လက္ခံထားေၾကာင္း သိရသည္။

ရခိုင္အေရးကိစၥေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္းတြင္ ႏုိင္ငံျခားသား ခရီးသြားဝင္ေရာက္မႈ က်ဆင္း သြားေသာ္လည္း နယ္စပ္ဂိတ္မ်ားမွ ဝင္လာသူမ်ား အပါအဝင္ ထိုင္းႏွင့္ တရုတ္ႏုိင္ငံမွ ဧည့္ဝင္ေရာက္မႈ တိုးလာေနေၾကာင္း သိရသည္။

“၂၀၁၇ မွာ ရခုိင္ကိစၥေၾကာင့္ ႏိုင္ငံျခားသား ခရီးသြား ဝင္ေရာက္မႈ က်တယ္ဆိုေပမဲ့ တစ္ႏုိင္ငံလံုး အတုိင္းအတာအရ တက္ပါတယ္။ ၂၀၁၇ ဇန္နဝါရီလကေန ေဖေဖၚဝါရီအထိနဲ႔ ၂၀၁၈ ဇန္နဝါရီကေန ေဖေဖၚဝါရီအထိ ကာလတူ ႏိႈင္းယွဥ္မယ္ဆုိရင္ ထုိင္းက (၁၅) ရာခိုင္ႏႈန္းနဲ႔ တရုတ္က (၁၈) ရာခိုင္ႏႈန္း တုိးတက္မႈရိွပါတယ္”ဟု ဟုိတယ္ႏွင့္ခရီးသြား လာေရး ၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးရည္မြန္က ေျပာသည္။

ျမန္မာႏုိင္ငံ အစိုးရသစ္လက္ထက္တြင္ အာဆီယံေဒသတြင္း အနိမ့္ဆံုးျဖစ္ေနသည့္ ဗီဇာေၾကးအား တိုးျမႇင့္လုိက္ေသာ္လည္း ေဒသတြင္းႏုိင္ငံမ်ားႏွင့္ အာရွႏုိင္ငံမ်ားအဆင့္တြင္ ဒုတိယအဆင့္တြင္သာ ရိွေၾကာာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်းသို့ ထိုင်းနိုင်ငံဘက်မှ Entry Permit ဖြင့် ဝင်ရောက် လည်ပတ်ခွင့်ကို ထိုင်းနိုင်ငံနှင့် MOU ရေးထိုးမှုအရ အကျုံးမဝင်သော်လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုထားကြောင်း သိရသည်။

“EP (Entry Permit)က ထိုင်းနိုင်ငံနဲ့ MOU မထိုးခင်က တပ်မတော် အစိုးရလက်ထက်မှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် ခွင့်ပြုထားတာ ဖြစ်ပါတယ်။ လက်ရှိ အစိုးရကလည်း လက်ရှိထိုင်းနိုင်ငံနဲ့ ထိုးထားတဲ့ MOU အရ အကျုံးမဝင်တော့ပေမဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ခွင့်ပြုထားတဲ့ အနေအထားပဲ ဖြစ်ပါတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

EP ဖြင့် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသူများအား တာချီလိတ်မြို့တွင်းသာ သွားလာခွင့်ပြုထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားများ အနဖြေင့် မြန်မာနိုင်ငံတွင်း အခြားဒေသများသို့ သွားရောက်လိုပါက လေကြောင်းမှ ဝင်ရောက်မှသာ ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာက အာဆီယံနိုင်ငံတွေနဲ့ လက်မှတ်ရေးထိုးရာမှာ ကုန်းလမ်းရော၊ ရေလမ်းရော၊ လေကြောင်း လမ်းရော အားလုံး ဗီဇာကင်းလွတ်ခွင့်ရဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ MOU ထိုးတဲ့ အချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပါ တက်ရောက်ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးက လက်မှတ် ရေးထိုးတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ MOU စာချုပ်မှာ By Air ဆိုပြီး လေကြောင်းဖြင့်သာ ဗီဇာ ကင်းလွတ်ခွင့် ပေးပါမယ်ဆိုပြီး ဖြေလိုက်တဲ့အတွက် ကုန်းလမ်းခရီးကနေ သွားလို့မရခြင်းဖြစ်ပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

အာဆီယံနိုင်ငံများအတွင်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနေသော်လည်း ကုန်းလမ်းနှင့် ရေလမ်းတို့ဖြင့် ဝင်ရောက်သူများမှာ အကျုံးမဝင်ဘဲ လေကြောင်း တစ်ခုထဲဖြင့်သာ ခွင့်ပြု ထားသဖြင့် နယ်စပ်ဂိတ်များမှ ဝင်ထွက်သွားလာလိုသည့် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများ အနဖြေင့် သက်ဆိုင်ရာနိုင်ငံ သံရုံးများမှ ဗီဇာရယူရန်လိုအပ်ကြောင်း သိရသည်။

“တာချီလိတ်မှာ ကုန်းကြောင်းဖြစ်တဲ့အတွက် ပေးလို့ မရပါဘူး။ ဗီဇာနဲ့ပတ်သက်လို့ ဗီဇာ ကော်မတီရှိပါတယ်။ နိုင်ငံခြားရေးရာနဲ့ ပတ်သက်လို့ တာဝန်ယူပြီး စီမံခန့်ခွဲနေတာဖြစ်ပါတယ်။ ဗီဇာကော်မတီ ဥက္ကဌကတော့ နိုင်ငံခြားရေးရာဝန်ကြီးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လေဆိပ်မှာပဲ ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားပါတယ်။ လေဆိပ်တောင်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နပြေည်တော်လေဆိပ်တို့ပဲ ဖြစ်ပါတယ်။ အထူးခွင့်ပြုချက်အနေနဲ့ကတော့ နိုင်ငံတော်သမ္မတရုံးရဲ့ အထူးခွင့်ပြုချက်နဲ့ဆို မြိတ်လေဆိပ်မှာ ခွင့်ပြုထားပါတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က တာချီလိတ်ခရီးစဉ်တွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများ အနဖြေင့် နိုင်ငံတကာလေဆိပ်မှ အခြားနိုင်ငံသို့ ထွက်ခွာသွားပြီး ဗီဇာသက်တမ်း အတွင်း နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံတွင် ပြန်လည်ဝင်ရောက်ခြင်းကို လက်ခံထားကြောင်း သိရသည်။

ရခိုင်အရေးကိစ္စကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ကျဆင်း သွားသော်လည်း နယ်စပ်ဂိတ်များမှ ဝင်လာသူများ အပါအဝင် ထိုင်းနှင့် တရုတ်နိုင်ငံမှ ဧည့်ဝင်ရောက်မှု တိုးလာနေကြောင်း သိရသည်။

“၂၀၁၇ မှာ ရခိုင်ကိစ္စကြောင့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု ကျတယ်ဆိုပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ တက်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလကနေ ဖေဖော်ဝါရီအထိနဲ့ ၂၀၁၈ ဇန်နဝါရီကနေ ဖေဖော်ဝါရီအထိ ကာလတူ နှိုင်းယှဉ်မယ်ဆိုရင် ထိုင်းက (၁၅) ရာခိုင်နှုန်းနဲ့ တရုတ်က (၁၈) ရာခိုင်နှုန်း တိုးတက်မှုရှိပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က ပြောသည်။

မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်တွင် အာဆီယံဒေသတွင်း အနိမ့်ဆုံးဖြစ်နေသည့် ဗီဇာကြေးအား တိုးမြှင့်လိုက်သော်လည်း ဒေသတွင်းနိုင်ငံများနှင့် အာရှနိုင်ငံများအဆင့်တွင် ဒုတိယအဆင့်တွင်သာ ရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~