Update News

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ဇွန်လ (၃၀)ရက်နေ့မတိုင်မီ အလုပ် လုပ်ခွင့်လက်မှတ်ရယူထားရန် သတိပေးထား



ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် One – Stop Service (OSS) နှင့် သက်ဆိုင်ရာ အလုပ်အကိုင်ဌာနများတွင် ၂၀၁၈ ခုနှစ် မတ်လ (၃၁)ရက်နေ့မတိုင်မီ လူကိုင်တိုင်သော်လည်းကောင်း၊ On Line မှသော်လည်းကောင်း မှတ်ပုံတင်ထားသူများကိုသာ ထိုင်းအစိုးရက ခွင့်ပြုမည်ဖြစ်ရာ မှတ်ပုံတင်ထားခြင်း မရှိသေးသူများ MOU စနစ်ဖြင့်သာ ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၃၁)ရက်နေ့မတိုင်မီ မှတ်ပုံတင်ထားသည့် မြန်မာလုပ်သားများကို ဇွန်လ (၃၀)ရက်နေ့မတိုင်မီ ထိုင်းနိုင်ငံအစိုးရက နိုင်ငံသားစိစစ်ခြင်း၊ ဗီဇာသက်တမ်းပေးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံ OSS စခန်းများတွင် သတ်မှတ်ကာလအတွင်း လာရောက် မှတ်ပုံတင်ထားပြီး ( CI ) စာအုပ်ထုတ်ယူရန် ကျန်ရှိနေသည့် အလုပ်သမားများအတွက် မြန်မာနိုင်ငံသားအများစုလာရောက်ရန် လွယ်ကူသည့်နေရာများတွင် Mobile Team ပုံစံဖြင့် ယာယီ (One – Stop Service) စခန်းများကို မြန်မာနှင့် ထိုင်းနိုင်ငံဘက်မှပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး ဖွင့်လှစ်မည့်နေ့ရက်နှင့် နေရာတို့ကို အလုပ်သမားသံအရာရှိရုံးက  ထပ်မံ ကြေငြာပေးမည်ဖြစ်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး နေထိုင်ခွင့်ဗီဇာသက်တမ်းကျန်ရှိသေးသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာစခန်းများတွင် CI စာအုပ် (သို့မဟုတ်) သာမန်နိုင်ငံကူးလက်မှတ်တို့ကို လျှောက်ထားထုတ်ယူ၍ မိမိတို့နေထိုင်ရာမြို့နယ်များ ရှိ လ၀ကနှင့် အလုပ်အကိုင်ဌာနတို့တွင် နေထိုင်ခွင့်ဗီဇာသက်တမ်းနှင့် အလုပ်လုပ်ခွင့် လက်မှတ်တို့ကို ၂၀၁၈ ခုနှစ် ဇွန်လ(၃၀)ရက်နေ့မတိုင်မီ ပြုလုပ်နိုင်ကြောင်း သိရသည်။







~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ CI စာအုပ်လျှောက်ထားပြီးသူများနှင့် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် နေထိုင်ခွင့်ဗီဇာသက်တမ်းကျန်နေသေးသူများ ၂၀၁၈ ခုနှစ် ဇွန်လ(၃၀)ရက်နေ့မတိုင်မီ အလုပ်လုပ်ခွင့်လက်မှတ်များ ရယူထားရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိရုံးက သတိပေး တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနဖြေင့် One – Stop Service (OSS) နှင့် သက်ဆိုင်ရာ အလုပ်အကိုင်ဌာနများတွင် ၂၀၁၈ ခုနှစ် မတ်လ (၃၁)ရက်နေ့မတိုင်မီ လူကိုင်တိုင်သော်လည်းကောင်း၊ On Line မှသော်လည်းကောင်း မှတ်ပုံတင်ထားသူများကိုသာ ထိုင်းအစိုးရက ခွင့်ပြုမည်ဖြစ်ရာ မှတ်ပုံတင်ထားခြင်း မရှိသေးသူများ MOU စနစ်ဖြင့်သာ ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၃၁)ရက်နေ့မတိုင်မီ မှတ်ပုံတင်ထားသည့် မြန်မာလုပ်သားများကို ဇွန်လ (၃၀)ရက်နေ့မတိုင်မီ ထိုင်းနိုင်ငံအစိုးရက နိုင်ငံသားစိစစ်ခြင်း၊ ဗီဇာသက်တမ်းပေးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံ OSS စခန်းများတွင် သတ်မှတ်ကာလအတွင်း လာရောက် မှတ်ပုံတင်ထားပြီး ( CI ) စာအုပ်ထုတ်ယူရန် ကျန်ရှိနေသည့် အလုပ်သမားများအတွက် မြန်မာနိုင်ငံသားအများစုလာရောက်ရန် လွယ်ကူသည့်နေရာများတွင် Mobile Team ပုံစံဖြင့် ယာယီ (One – Stop Service) စခန်းများကို မြန်မာနှင့် ထိုင်းနိုင်ငံဘက်မှပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး ဖွင့်လှစ်မည့်နေ့ရက်နှင့် နေရာတို့ကို အလုပ်သမားသံအရာရှိရုံးက ထပ်မံ ကြငြောပေးမည်ဖြစ်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး နေထိုင်ခွင့်ဗီဇာသက်တမ်းကျန်ရှိသေးသည့် အလုပ်သမားများအနဖြေင့် နီးစပ်ရာစခန်းများတွင် CI စာအုပ် (သို့မဟုတ်) သာမန်နိုင်ငံကူးလက်မှတ်တို့ကို လျှောက်ထားထုတ်ယူ၍ မိမိတို့နေထိုင်ရာမြို့နယ်များ ရှိ လဝကနှင့် အလုပ်အကိုင်ဌာနတို့တွင် နေထိုင်ခွင့်ဗီဇာသက်တမ်းနှင့် အလုပ်လုပ်ခွင့် လက်မှတ်တို့ကို ၂၀၁၈ ခုနှစ် ဇွန်လ(၃၀)ရက်နေ့မတိုင်မီ ပြုလုပ်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားကိုင်ဆောင်ထားသည့် အလုပ်သမားများ၏ သားသမီးများဖြစ်သည့် အသက်(၁၈)နှစ်အောက်မှီခိုသူကလေးများအားလုံးတို့သည် မိဘများနည်းတူ အထောက်အထားများရှိရန် လိုအပ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများနှင့် အသက်(၁၈)နှစ်အောက် မှီခိုသူများအပါအဝင် မိသားစုများ ၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့မတိုင်မီ CI စာအုပ်ထုတ်ယူခြင်း၊ ဗီဇာသက်တမ်းတိုးခြင်းနှင့် အလုပ်လုပ်ခွင့် လက်မှတ်များပြုလုပ်ကြရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးက သတိပေး တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်ဗီဇာနှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးမှ ထိုင်းနိုင်ငံ D.O.E အလုပ်အကိုင်ဌာနနှင့်ညှိနှိုင်းဆောင်ရွက်ချက်အရ အသိပေး ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::