တာခ်ီလိတ္တြင္ သက္ငယ္မုဒိမ္းႏွင့္ မုဒိမ္းမႈက်ဴးလြန္သူမ်ားအား ေသဒဏ္ေပးေရးလက္မွတ္ေရးထိုးမႈ ဒုတိယေျမာက္ေန႔ ေန႔လယ္ပိုင္းအခ်ိန္အထိ လက္မွတ္ထိုးသူမ်ားျပား

တာခ်ီလိတ္တြင္ သက္ငယ္မုဒိမ္းႏွင့္ မုဒိမ္းမႈက်ဴးလြန္သူမ်ားအား ေသဒဏ္ေပးေရးလက္မွတ္ေရးထိုးမႈ ဒုတိယေျမာက္ေန႔ ေန႔လယ္ပိုင္းအခ်ိန္အထိ လက္မွတ္ထိုးသူမ်ားျပား
ဧပြီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း၌ သက္ငယ္မုဒိမ္းႏွင့္ မုဒိမ္းမႈမ်ားအား ေသဒဏ္ေပးရန္ေတာင္းဆိုသည့္ စုေပါင္းလက္မွတ္ေရးထုိးပြဲ ဒုတိယေန႔ျဖစ္သည့္ ဧၿပီလ(၂)ရက္ေန႔တြင္ ေန႔လယ္ပိုင္းအခ်ိန္၌ လက္မွတ္ထိုးသူ ပိုမ်ားလာေၾကာင္း သိရသည္။

ရွမ္းရိုးမကြင္းတြင္ နံနက္(၉)နာရီက စတင္ရာ နံနက္ပိုင္းတြင္ လက္မွတ္ထိုးသူဦးေရ (၁၀၀)ဝန္းက်င္ရိွခဲ့ၿပီး ည (၆)နာရီအထိ လက္မွတ္ေရးထိုးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္မွတ္ေရးထိုးသည့္ ပထမေန႔ ဧၿပီလ (၁) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕အျပင္ တာေလႏွင့္ မုိင္းျဖတ္ၿမိဳ႕မ်ားကပါ လာေရာက္လက္မွတ္ေရးထုိးၾကရာ စုစုေပါင္း လက္မွတ္ေရးထိုးသူဦးေရ (၅၆၀) ဝန္းက်င္ရိွခဲ့ေၾကာင္း သိရသည္။

တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင္႔ သက္ငယ္မုဒိမ္းျဖစ္ပြားမႈႏႈန္းမွာ ၂၀၁၇ ခုႏွစ္ မႈခင္းစာရင္းမ်ားအရ ပ်မ္းမွ်အားျဖင့္ ေန႔စဥ္ ကေလးငယ္ (၂)ဦးႏႈန္း မုဒိမ္းမႈက်ဴးလြန္ခံေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - SSK



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ သက်ငယ်မုဒိမ်းနှင့် မုဒိမ်းမှုများအား သေဒဏ်ပေးရန်တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးပွဲ ဒုတိယနေ့ဖြစ်သည့် ဧပြီလ(၂)ရက်နေ့တွင် နေ့လယ်ပိုင်းအချိန်၌ လက်မှတ်ထိုးသူ ပိုများလာကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် နံနက်(၉)နာရီက စတင်ရာ နံနက်ပိုင်းတွင် လက်မှတ်ထိုးသူဦးရေ (၁၀၀)ဝန်းကျင်ရှိခဲ့ပြီး ည (၆)နာရီအထိ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်ရေးထိုးသည့် ပထမနေ့ ဧပြီလ (၁) ရက်နေ့က တာချီလိတ်မြို့အပြင် တာလေနှင့် မိုင်းဖြတ်မြို့များကပါ လာရောက်လက်မှတ်ရေးထိုးကြရာ စုစုပေါင်း လက်မှတ်ရေးထိုးသူဦးရေ (၅၆၀) ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မှုခင်းစာရင်းများအရ ပျမ်းမျှအားဖြင့် နေ့စဉ် ကလေးငယ် (၂)ဦးနှုန်း မုဒိမ်းမှုကျူးလွန်ခံနကြေရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - SSK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~