သႀကၤန္အက်ေန႔ နံနက္အေစာပိုင္းတြင္ ပုဂံၿမိဳ႕သစ္ရွိ ေရႊဗဟိုရ္ ဟိုတယ္ မီးေလာင္

သႀကၤန္အက်ေန႔ နံနက္အေစာပိုင္းတြင္ ပုဂံၿမိဳ႕သစ္ရွိ ေရႊဗဟိုရ္ ဟိုတယ္ မီးေလာင္
ဧပြီ 14, 2018
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး ပုဂံၿမိဳ႕သစ္ရိွ ေရႊဗဟိုရ္ ဟိုတယ္မွာ ဧၿပီလ (၁၄)ရက္ေန႔ နံနက္ ေလးနာရီခန္႔တြင္ မီးေလာင္ကၽြမ္းမႈျဖစ္ပြားရာ ဟိုတယ္အနီးရိွ ေစ်းဆိုင္တန္းပါ မီးေလာင္ကၽြမ္းသြားေၾကာင္း သိရသည္။

“ဒီေန ့မနက္ (၄)နာရီခန္႔က ပုုဂံၿမိဳ႕သစ္ လမ္းမေတာ္လမ္းက ေရႊဗဟုုိဟုုိတယ္ ဧည့္ႀကိဳေဆာင္ အေပၚထပ္ အခန္းတစ္ခုုက စတယ္လုုိ ့ေျပာတဲ ့မီးဟာ တနာရီခြဲ ခန္ ့ေလာင္ၿပီးေနာက္ ဟုုိတယ္တြင္းက အေဆာက္အဦး အေတာ္မ်ားမ်ားနဲ႔ ေဘးကပ္လ်က္ ေစ်းဆုုိင္တန္းတစ္ခုုကုုိပါ ေလာင္ကြ်မ္းျပာက် ေစခဲ့ပါတယ္။ မီးစေလာင္တယ္လုုိ႔ ယူဆရတဲ ့အခန္းနားက အဝတ္တစ္ထည္ ကုုိယ္တစ္ခုုနဲ ့ေျပးလာတဲ ့ျပင္သစ္ႏုုိင္ငံ လီယြန္ၿမိဳ႕က ဧည့္သည့္တစ္ဦးေျပာတာကေတာ့ သူသိခ်ိန္မွာေတာ့ မီးညြန္ ့ဟာ အေတာ္တက္ေနၿပီျဖစ္ၿပီး ပတ္စပုုိ ့နဲ ့ကင္မရာအိတ္ကုုိပဲ ယူၿပီး ေျပးဆင္းႏုုိင္ခဲ့ၿပီး သူရဲ႕ drone အပါအ၀င္ အျခား အဓိက ပစၥည္းေတြပါသြားတယ္လုုိ ့ေျပာပါတယ္။ ဘယ္က စတယ္လုုိ ့ေတာ့ သူမသိေပမဲ့ အဲဒီလုုိ ျဖစ္ခ်ိန္မွာ တျခား ဧည္သည့္ေတြကုုိလည္း ထြက္ေျပးဖုုိ ့လုုိက္အသိေပးတာမ်ဳိး မေတြဘဲ အားလုုံး ကုုိယ့္နည္း ကုုိယ့္ဟန္နဲ ့ေျပးလာရတယ္လုုိ ့ဆုုိပါတယ္။ ဟုုိတယ္ေနာက္လမ္း ေနအိမ္က အမ်ဳိးသမီးတစ္ဦးကေတာ့ မီးဟာ မနက္ ေလးနာရီဝန္းက်င္က စခဲ့ဟန္ရွိၿပီး ပထမဆုုံး မီးသတ္ကားဟာ မနက္ ၅ နာရီခန္႔မွာ ေရာက္လာတယ္လုုိ ့ဆုုိပါတယ္။ မနက္ ၆ နာရီ မထုုိးခင္မွာေတာ့ အေျခအေန အားလုုုံးကုုိ ထိန္းသိမ္းႏုုိင္ၿပီ ျဖစ္ၿပီး ထိခုုိ္က္ ဒဏ္ရာရရွိမႈနဲ ့အေသအေပ်ာက္ မၾကားခဲ့ပါဘူး”ဟု ပုဂံၿမိဳ႕တြင္ အလည္အပတ္ ေရာက္ရိွေနသည့္ သတင္းသမားတစ္ဦးျဖစ္သူ ကိုစံသာေအာင္က မီးေလာင္မႈျဖစ္ပြားမႈႏွင့္ပတ္သက္၍ ေတြ႔ျမင္ရမႈမ်ားကို အတည္ျပဳထားသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မီးသတ္အဖြဲ႕မ်ားအျပင္ လူမႈေရးအဖြဲ႕မ်ားႏွင့္ အဆိုပါဟိုတယ္အနီးရိွ ေရႊပိုးအိမ္ ဟိုတယ္တို႔က ေရအကူအညီေပးမႈမ်ားေၾကာင့္ မီးေလာင္ကၽြမ္းမႈ တစ္နာရီခြဲခန္႔အၾကာတြင္ မီးၿငိမ္းသတ္ႏုိင္ခဲ့ေၾကာင္းသိရသည္။

ဓါတ္ပံု #စံသာေအာင္




~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ပုဂံမြို့သစ်ရှိ ရွှေဗဟိုရ် ဟိုတယ်မှာ ဧပြီလ (၁၄)ရက်နေ့ နံနက် လေးနာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ဟိုတယ်အနီးရှိ ဈေးဆိုင်တန်းပါ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

“ဒီနေ့မနက် (၄)နာရီခန့်က ပုဂံမြို့သစ် လမ်းမတော်လမ်းက ရွှေဗဟိုဟိုတယ် ဧည့်ကြိုဆောင် အပေါ်ထပ် အခန်းတစ်ခုက စတယ်လို့ပြောတဲ့မီးဟာ တနာရီခွဲ ခန့်လောင်ပြီးနောက် ဟိုတယ်တွင်းက အဆောက်အဦး အတော်များများနဲ့ ဘေးကပ်လျက် ဈေးဆိုင်တန်းတစ်ခုကိုပါ လောင်ကျွမ်းပြာကျ စေခဲ့ပါတယ်။ မီးစလောင်တယ်လို့ ယူဆရတဲ့အခန်းနားက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာတဲ့ပြင်သစ်နိုင်ငံ လီယွန်မြို့က ဧည့်သည့်တစ်ဦးပြောတာကတော့ သူသိချိန်မှာတော့ မီးညွန့်ဟာ အတော်တက်နပြေီဖြစ်ပြီး ပတ်စပို့နဲ့ကင်မရာအိတ်ကိုပဲ ယူပြီး ပြေးဆင်းနိုင်ခဲ့ပြီး သူရဲ့ drone အပါအဝင် အခြား အဓိက ပစ္စည်းတွေပါသွားတယ်လို့ပြောပါတယ်။ ဘယ်က စတယ်လို့တော့ သူမသိပေမဲ့ အဲဒီလို ဖြစ်ချိန်မှာ တခြား ဧည်သည့်တွေကိုလည်း ထွက်ပြေးဖို့လိုက်အသိပေးတာမျိုး မတွေဘဲ အားလုံး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပြေးလာရတယ်လို့ဆိုပါတယ်။ ဟိုတယ်နောက်လမ်း နေအိမ်က အမျိုးသမီးတစ်ဦးကတော့ မီးဟာ မနက် လေးနာရီဝန်းကျင်က စခဲ့ဟန်ရှိပြီး ပထမဆုံး မီးသတ်ကားဟာ မနက် ၅ နာရီခန့်မှာ ရောက်လာတယ်လို့ဆိုပါတယ်။ မနက် ၆ နာရီ မထိုးခင်မှာတော့ အခြေအနေ အားလုံးကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပြီး ထိခို်က် ဒဏ်ရာရရှိမှုနဲ့အသေအပျောက် မကြားခဲ့ပါဘူး”ဟု ပုဂံမြို့တွင် အလည်အပတ် ရောက်ရှိနေသည့် သတင်းသမားတစ်ဦးဖြစ်သူ ကိုစံသာအောင်က မီးလောင်မှုဖြစ်ပွားမှုနှင့်ပတ်သက်၍ တွေ့မြင်ရမှုများကို အတည်ပြုထားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်အဖွဲ့များအပြင် လူမှုရေးအဖွဲ့များနှင့် အဆိုပါဟိုတယ်အနီးရှိ ရွှေပိုးအိမ် ဟိုတယ်တို့က ရေအကူအညီပေးမှုများကြောင့် မီးလောင်ကျွမ်းမှု တစ်နာရီခွဲခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ #စံသာအောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~