တာခ်ီလိတ္တြင္ ေန႔ခင္းအခ်ိန္ ဆိုင္ကယ္ခိုးခံရ

တာခ်ီလိတ္တြင္ ေန႔ခင္းအခ်ိန္ ဆိုင္ကယ္ခိုးခံရ
ဧပြီ 21, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ အတြင္း၌ ေန႔ခင္းအခ်ိန္တြင္ လိုင္စင္ပါသည့္ ဆိုင္ကယ္တစ္စီး ခိုးခံရ၍ ရဲစခန္းသို႔ အသိေပး အေၾကာင္းထားၿပီး ဆိုင္ကယ္အား လာေရာက္ ေရာင္းခ်သည္ျဖစ္ေစ၊ လမ္းတြင္ ေတြ႔ရသည္ျဖစ္ေစ ဆက္သြယ္ အသိေပးႏိုင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ BT ဆီပန္႔မွ တရုတ္ဘံုေက်ာင္းသို႔ အသြားလမ္း၊ တရုတ္ဘံုေက်ာင္း ႏွင့္ ကြ်န္းပင္အၾကားရွိ Hello Mobile ဖုန္းဆိုင္ေဘးတြင္ ဇက္ေသာ့ခတ္၍ ရပ္ထားသည့္ ဆိုင္ကယ္အား ၂၀၁၈ခုႏွစ္ ဧၿပီလ(၂၀)ရက္ေန႔ ေန႔လည္(၁)နာရီ ႏွင့္(၃)နာရီအၾကားက ခိုးယူခံလိုက္ရျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဆိုင္ေဘးေလးတင္ ရပ္ထားတာကို ခိုးသြားတာပါ၊ ေန႔လည္(၁)နာရီမွ (၃)နာရီၾကားမွာ ေပ်ာက္သြားတာ၊ ရဲစခန္းမွာလည္း နယ္ထိန္းေခါင္းေဆာင္ကို သြားေျပာထားၿပီးၿပီ၊ ပိုက္စိပ္တိုက္ၿပီး ရွာေပးပါ့မယ္လို႔ ေျပာပါတယ္"ဟု ဆိုင္ကယ္ပိုင္ရွင္ျဖစ္သူ Hello Mobile ဖုန္းဆိုင္မွ မယမင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ခိုးယူသြားသည့္ ဆိုင္ကယ္ အမ်ဳိးအစားမွာ ၂၀၁၅ခုႏွစ္ထုတ္ Honda Wave 110 အမ်ဳိးအစား နီနက္ အေရာင္ျဖစ္ကာ ဆိုင္ကယ္လိုင္စင္ နံပါတ္မွာ  ၃၉ယ/၆၇၀၂၈ ျဖစ္ၿပီး  စက္အမွတ္မွာ JA144E 0441815 ျဖစ္ေၾကာင္း ႏွင့္ ဆိုင္ကယ္အား လာေရာင္းသည္ ျဖစ္ေစ၊ လမ္းတြင္ ေတြ႔ရွိရသည္ ျဖစ္ေစ ဖုန္း 09428214121 သို႔ ဆက္သြယ္၍ အေၾကာင္းၾကားေပးပါရန္ ၎က အကူအညီေတာင္းခံထားသည္။

တာခ်ီလိတ္တြင္ ညပိုင္းမ်ားတင္ မဟုတ္ဘဲ ေန႔ခင္းပိုင္းမ်ားတြင္ ဆိုင္ကယ္ ခိုးယူခံရမႈမ်ား မၾကာခဏ ျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အတွင်း၌ နေ့ခင်းအချိန်တွင် လိုင်စင်ပါသည့် ဆိုင်ကယ်တစ်စီး ခိုးခံရ၍ ရဲစခန်းသို့ အသိပေး အကြောင်းထားပြီး ဆိုင်ကယ်အား လာရောက် ရောင်းချသည်ဖြစ်စေ၊ လမ်းတွင် တွေ့ရသည်ဖြစ်စေ ဆက်သွယ် အသိပေးနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ BT ဆီပန့်မှ တရုတ်ဘုံကျောင်းသို့ အသွားလမ်း၊ တရုတ်ဘုံကျောင်း နှင့် ကျွန်းပင်အကြားရှိ Hello Mobile ဖုန်းဆိုင်ဘေးတွင် ဇက်သော့ခတ်၍ ရပ်ထားသည့် ဆိုင်ကယ်အား ၂၀၁၈ခုနှစ် ဧပြီလ(၂၀)ရက်နေ့ နေ့လည်(၁)နာရီ နှင့်(၃)နာရီအကြားက ခိုးယူခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

"ဆိုင်ဘေးလေးတင် ရပ်ထားတာကို ခိုးသွားတာပါ၊ နေ့လည်(၁)နာရီမှ (၃)နာရီကြားမှာ ပျောက်သွားတာ၊ ရဲစခန်းမှာလည်း နယ်ထိန်းခေါင်းဆောင်ကို သွားပြောထားပြီးပြီ၊ ပိုက်စိပ်တိုက်ပြီး ရှာပေးပါ့မယ်လို့ ပြောပါတယ်"ဟု ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ Hello Mobile ဖုန်းဆိုင်မှ မယမင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ခိုးယူသွားသည့် ဆိုင်ကယ် အမျိုးအစားမှာ ၂၀၁၅ခုနှစ်ထုတ် Honda Wave 110 အမျိုးအစား နီနက် အရောင်ဖြစ်ကာ ဆိုင်ကယ်လိုင်စင် နံပါတ်မှာ ၃၉ယ/၆၇၀၂၈ ဖြစ်ပြီး စက်အမှတ်မှာ JA144E 0441815 ဖြစ်ကြောင်း နှင့် ဆိုင်ကယ်အား လာရောင်းသည် ဖြစ်စေ၊ လမ်းတွင် တွေ့ရှိရသည် ဖြစ်စေ ဖုန်း 09428214121 သို့ ဆက်သွယ်၍ အကြောင်းကြားပေးပါရန်၎င်းက အကူအညီတောင်းခံထားသည်။

တာချီလိတ်တွင် ညပိုင်းများတင် မဟုတ်ဘဲ နေ့ခင်းပိုင်းများတွင် ဆိုင်ကယ် ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~