တာခ်ီလိတ္တြင္ ပထမဆံုးအျဖစ္ ျမန္မာ့သိုင္းၿပိဳင္ပြဲ (၃)ရက္ က်င္းပမည္

တာခ်ီလိတ္တြင္ ပထမဆံုးအျဖစ္ ျမန္မာ့သိုင္းၿပိဳင္ပြဲ (၃)ရက္ က်င္းပမည္
ဧပြီ 6, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုးအေနျဖင့္ ျမန္မာ့ရိုးရာသိုင္းၿပိဳင္ပြဲအား ဧၿပီလ(၆)ရက္ေန႔က စတင္၍ ဧၿပီလ(၈)ရက္ေန႔ အထိ ေနရာ(၂)ေနရာတြင္ က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

"ၿပိဳင္ပြဲ အစေန႔ကို တာေလာ့ေက်ာင္းထဲမွာ ဒီေန႔ ညေန(၄)နာရီကေန စက်င္းပမွာပါ၊ နက္ျဖန္ နဲ႔ တဘက္ခါမွာေတာ့ ခရိုင္အားကစားခန္းမမွာ က်င္းပမွာပါ၊ ၆၃ေမာင္း သိုင္းၿပိဳင္ပြဲကို အုပ္စုအလိုက္ ၿပိဳင္မွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အင္းသားလူမႈကူညီေရးအသင္းမွ အတြင္းေရးမွဴး ဦးေအာင္ေက်ာ္ၿငိမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕နယ္အားကစားႏွင့္ ကာယာပညာဦးစီးဌာန ႏွင့္ အင္းသားလူမႈကူညီေရးအသင္းတို႔ ပူးေပါင္း က်င္းပသည့္ ၂၀၁၈ခုႏွစ္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ(ဖလား)၊ ပထမအႀကိမ္ ျမန္မာ့ သိုင္းၿပိဳင္ပြဲအား ပထမေန႔အျဖစ္ တာခ်ီလိတ္ၿမိဳ႕၊ တာေလာ့ရပ္ကြင္းတြင္းရွိ တာေလာ့ေက်ာင္းတြင္ ဧၿပီလ(၆)ရက္ေန႔ ညေန(၄)နာရီမွ ည(၆)နာရီအထိ က်င္းပၿပီး၊ ဧၿပီလ(၇)ရက္ ႏွင့္ (၈)ရက္ေန႔တို႔တြင္ တာခ်ီလိတ္ခရိုင္မိုးလံုေလလံုအားကစားခန္းမတြင္ နံနက္(၉)နာရီမွ ေန႔လည္(၁၂)နာရီအထိ က်င္းပျပဳ လုပ္သြားမည္ျဖစ္သည့္အတြက္ မည္သူမဆို လာေရာက္ ၾကည့္ရႈအားေပးႏိုင္ေၾကာင္း သိရသည္။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ပထမဆုံးအနဖြေင့် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲအား ဧပြီလ(၆)ရက်နေ့က စတင်၍ ဧပြီလ(၈)ရက်နေ့ အထိ နေရာ(၂)နေရာတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ပြိုင်ပွဲ အစနေ့ကို တာလော့ကျောင်းထဲမှာ ဒီနေ့ ညနေ(၄)နာရီကနေ စကျင်းပမှာပါ၊ နက်ဖြန် နဲ့ တဘက်ခါမှာတော့ ခရိုင်အားကစားခန်းမမှာ ကျင်းပမှာပါ၊ ၆၃မောင်း သိုင်းပြိုင်ပွဲကို အုပ်စုအလိုက် ပြိုင်မှာပါ"ဟု တာချီလိတ်မြို့နယ် အင်းသားလူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးအောင်ကျော်ငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာန နှင့် အင်းသားလူမှုကူညီရေးအသင်းတို့ ပူးပေါင်း ကျင်းပသည့် ၂၀၁၈ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ(ဖလား)၊ ပထမအကြိမ် မြန်မာ့ သိုင်းပြိုင်ပွဲအား ပထမနေ့အဖြစ် တာချီလိတ်မြို့၊ တာလော့ရပ်ကွင်းတွင်းရှိ တာလော့ကျောင်းတွင် ဧပြီလ(၆)ရက်နေ့ ညနေ(၄)နာရီမှ ည(၆)နာရီအထိ ကျင်းပပြီး၊ ဧပြီလ(၇)ရက် နှင့် (၈)ရက်နေ့တို့တွင် တာချီလိတ်ခရိုင်မိုးလုံလေလုံအားကစားခန်းမတွင် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ကျင်းပပြု လုပ်သွားမည်ဖြစ်သည့်အတွက် မည်သူမဆို လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~