၆၀၇ ႏွစ္ေျမာက္ က်ဳိင္းတုံ႐ိုးရာမဟာသႀကၤန္ မဂၤလာမဟာစည္ေတာ္တင္ပြဲ က်င္းပ

၆၀၇ ႏွစ္ေျမာက္ က်ဳိင္းတုံ႐ိုးရာမဟာသႀကၤန္ မဂၤလာမဟာစည္ေတာ္တင္ပြဲ က်င္းပ
ဧပြီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ျမန္မာသကၠရာဇ္ ၁၃၇၉ ခုႏွစ္(၂၀၁၈)၌ (၆၀၇)ႏွစ္ ေျမာက္က်ေရာက္သည့္ က်ဳိင္းတုံ႐ုိးရာ မဟာသႀကၤန္ မဂၤလာမဟာစည္ေတာ္တင္ပြဲကို ဧၿပီလ (၁၃)ရက္ေန႔ မြန္းလြဲပိုင္းတြင္ က်ဳိင္းတုံၿမဳိ႕၊ အမွတ္(၃)ရပ္ကြက္၊ စ၀္လုံကပ္နတ္နန္းပန္းၿခံအတြင္း၌ ျပဳလုပ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးႏွင့္အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ၿမဳိ႕မိၿမဳိ႕ဖ မ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား တက္ေရာက္ၾကသည္။
မဂၤလာစည္ေတာ္တင္ပြဲကို ဂုံရွမ္းယဥ္ေက်းမႈအဖြဲ႕က မဂၤလာေတးသီခ်င္းျဖင့္ သီဆိုဖြင့္လွစ္ၿပီး တုိင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ားက နႏၵေဘရီးမဂၤလာစည္ေတာ္ကို စင္ေပၚသို႔ တင္ေဆာင္ကာ ႐ိုးရာ ဓေလ့ထုံးတမ္း အစဥ္အလာအရ နႏၵေဘရီးမဂၤလာစည္ကို (၇) ခ်က္တီး၍ ဆုမြန္ေကာင္း ေတာင္းၾကေၾကာင္း သိရသည္။

တက္ေရာက္လာၾကသူမ်ားက မဂၤလာစည္ေတာ္အား အေမႊးနံ႔သာေရမ်ားပက္ျဖန္းတီးခတ္ၿပီး လြယ္တုိင္းရင္းသား အဖြဲ႕ေခါင္းေဆာင္က ႐ိုးရာဓေလ့အတုိင္း မဂၤလာစည္ေတာ္ကို အဆက္မျပတ္ တီးခတ္၍ တုိင္းရင္းသား႐ိုးရာအကမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ တက္ေရာက္လာသည့္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားက ဂုဏ္ျပဳေငြမ်ာ းေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ဓါတ္ပံု- တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်(၂၀၁၈)၌ (၆၀၇)နှစ် မြောက်ကျရောက်သည့် ကျိုင်းတုံရိုးရာ မဟာသင်္ကြန် မင်္ဂလာမဟာစည်တော်တင်ပွဲကို ဧပြီလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စဝ်လုံကပ်နတ်နန်းပန်းခြံအတွင်း၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
မင်္ဂလာစည်တော်တင်ပွဲကို ဂုံရှမ်းယဉ်ကျေးမှုအဖွဲ့က မင်္ဂလာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက နန္ဒဘေရီးမင်္ဂလာစည်တော်ကို စင်ပေါ်သို့ တင်ဆောင်ကာ ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာအရ နန္ဒဘေရီးမင်္ဂလာစည်ကို (၇) ချက်တီး၍ ဆုမွန်ကောင်း တောင်းကြကြောင်း သိရသည်။

တက်ရောက်လာကြသူများက မင်္ဂလာစည်တော်အား အမွှေးနံ့သာရေများပက်ဖြန်းတီးခတ်ပြီး လွယ်တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်က ရိုးရာဓလေ့အတိုင်း မင်္ဂလာစည်တော်ကို အဆက်မပြတ် တီးခတ်၍ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသည့် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~