က်ပ္(၅၂၆)သိန္းေက်ာ္ တန္ဖိုးရွိ အေကာက္ခြန္မဲ့ ပစၥည္းမ်ား မီးရႈိ႕ဖ်က္ဆီး

က်ပ္(၅၂၆)သိန္းေက်ာ္ တန္ဖိုးရွိ အေကာက္ခြန္မဲ့ ပစၥည္းမ်ား မီးရႈိ႕ဖ်က္ဆီး
ဧပြီ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သိန္းနီၿမိဳ႕နယ္ရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ဖမ္းဆီးရမိခဲ့သည့္ က်ပ္(၅၂၆)သိန္းေက်ာ္ တန္ဖိုးရွိ အေကာက္ခြန္မဲ့ ပစၥည္းမ်ားအား ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

တရုတ္ႏိုင္ငံမွ တင္သြင္းလာသည့္ အေကာက္ခြန္မဲ့ ပစၥည္းမ်ားျဖစ္ၾကသည့္ အလွကုန္အတုမ်ား၊ စားေသာက္ကုန္မ်ား၊ အခ်ိဳရည္၊ မုန္႔ႏွင့္ဘီယာမ်ား အပါအဝင္ ကာလတန္ဖိုး က်ပ္ (၅၂,၆၁၆,၂၀၀)ရွိ ကုန္ပစၥည္း (၃၄)မ်ဳိးအား လားရႈိးၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးတြင္ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္အတြင္း ပထမဆံုးအႀကိမ္ အျဖစ္ ဖ်က္ဆီးသည့္ အခမ္းအနားအား ဧၿပီလ(၄)ရက္ေန႔ မြန္းလြဲပိုင္းက ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

“အခု ဘ႑ာႏွစ္အတြက္ ပထမဦးဆံုးအႀကိမ္ ဖ်က္ဆီးမီးရႈိ႕တဲ့ အခမ္းအနား လုပ္တာျဖစ္ပါတယ္၊ ကြ်န္ေတာ္ တာဝန္ယူခဲ့တဲ့ ကာလအပိုင္းအျခားမွာေတာ့ ဒုတိယအႀကိမ္ျပဳလုပ္တာျဖစ္ပါတယ္"ဟု ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းမွ အေကာက္ခြန္ဦးစီးဌာန ညႊန္ၾကားေရးမွဴးဦးမ်ိဳးသန္႔ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ၂၀၁၆ -၂၀၁၇ ႏွင့္ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္အတြင္း ဖမ္းဆီး ရမိခဲ့သည့္ ကုန္ပစၥည္းမ်ား၊ ေမာ္ေတာ္ယာဥ္မ်ားအား ေရြးဒဏ္ခ်မွတ္ျခင္း၊ လႊဲေျပာင္းျခင္း၊ ဖ်က္ဆီးျခင္း စသည္ျဖင့္ ျပဳလုပ္ခဲ့ရာ အမႈေပါင္း(၁၆၁၉)ခု ရွိခဲ့ၿပီး ကာလတန္ဖိုးမွာ က်ပ္(၁၄,၁၃၀,၆၃၇,၄၆၃)ရွိခဲ့ေၾကာင္း ႏွင့္ စုစုေပါင္း အမႈလက္က်န္ (၂၁၄)မႈမွ ခန္႔မွန္း(၁,၆၇၇,၁၉၅,၁၆၀)က်ပ္ဖိုးရွိပစၥည္းမ်ားအား ရွင္းလင္းရန္ က်န္ရွိေနေသးေၾကာင္း ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနမွ သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိခဲ့သည့် ကျပ်(၅၂၆)သိန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား ဖျက်ဆီးလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်ကြသည့် အလှကုန်အတုများ၊ စားသောက်ကုန်များ၊ အချိုရည်၊ မုန့်နှင့်ဘီယာများ အပါအဝင် ကာလတန်ဖိုး ကျပ် (၅၂,၆၁၆,၂၀၀)ရှိ ကုန်ပစ္စည်း (၃၄)မျိုးအား လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဖျက်ဆီးသည့် အခမ်းအနားအား ဧပြီလ(၄)ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အခု ဘဏ္ဍာနှစ်အတွက် ပထမဦးဆုံးအကြိမ် ဖျက်ဆီးမီးရှို့တဲ့ အခမ်းအနား လုပ်တာဖြစ်ပါတယ်၊ ကျွန်တော် တာဝန်ယူခဲ့တဲ့ ကာလအပိုင်းအခြားမှာတော့ ဒုတိယအကြိမ်ပြုလုပ်တာဖြစ်ပါတယ်"ဟု ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးသန့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၁၆ -၂၀၁၇ နှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီး ရမိခဲ့သည့် ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်များအား ရွေးဒဏ်ချမှတ်ခြင်း၊ လွှဲပြောင်းခြင်း၊ ဖျက်ဆီးခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ရာ အမှုပေါင်း(၁၆၁၉)ခု ရှိခဲ့ပြီး ကာလတန်ဖိုးမှာ ကျပ်(၁၄,၁၃၀,၆၃၇,၄၆၃)ရှိခဲ့ကြောင်း နှင့် စုစုပေါင်း အမှုလက်ကျန် (၂၁၄)မှုမှ ခန့်မှန်း(၁,၆၇၇,၁၉၅,၁၆၀)ကျပ်ဖိုးရှိပစ္စည်းများအား ရှင်းလင်းရန် ကျန်ရှိနေသေးကြောင်း မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~