၂၀၁၈ တာချီလိတ်သင်္ကြန်တွင် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်) နှင့် တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့တို့အား ပူးတွဲပထမဆုအဖြစ် ချီးမြှင့်

၂၀၁၈ တာချီလိတ်သင်္ကြန်တွင် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်) နှင့် တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့တို့အား ပူးတွဲပထမဆုအဖြစ် ချီးမြှင့်
ဧပွီ 17, 2018
By Tachileik News Agency


ပြိုင်ပွဲဝင် သင်္ကြန်ယိမ်း(၁၉)ဖွဲ့ထဲမှ  မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့ နှင့် တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့တို့မှ  ပူးတွဲ ပထမဆု အဖြစ်လည်းကောင်း၊ တာချီလိတ်တပ်နယ်မှ အမှတ်(၅၂၆)ခြေမြန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့မှ ဒုတိယဆုအဖြစ်လည်းကောင်း၊ တတိယဆုအဖြစ် မယ်ခေါင်ရပ်ကွက် နှင့် ရန်အောင်မြေ ရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့အား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းဆုများအပြင် သင်္ကြန်ယိမ်းအထူးဆုများ အနေဖြင့် အထူးဆု(၁)အဖြစ် တာချီလိတ်တပ်နယ်မှ အမှတ်(၃၅၉) ခြေမြန်တပ်ရင်း ကိုယ်စားပြု ယိမ်းအဖွဲ့အားလည်းကောင်း၊ အထူးဆု(၂)အဖြစ် အမှတ်(၃၃၁)ခြေမြန်တပ်ရင်း ကိုယ်စားပြု ယိမ်းအဖွဲ့အား လည်းကောင်း၊ အထူးဆု(၃)အဖြစ် ၀မ်လုံးကျေးရွာအုပ်စုနှင့် မိုင်းဟဲကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့အား လည်းကောင်း အသီးသီးရွေးချယ်ကာ ဆုများ ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

ဆုရရှိသည့် ယိမ်းအဖွဲ့များအား ပထမဆု အနေဖြင့် ကျပ်(၅)သိန်း၊ ဒုတိယဆု အနေဖြင့် ကျပ်(၄)သိန်း၊ တတိယဆုအနေဖြင့် ကျပ်(၃)သိန်း နှင့် အထူးဆုများအနေဖြင့် ကျပ်(၁)သိန်းစီ ချီးမြှင့်ကြောင်း သိရသည်။

ဆုပေးပွဲတွင် ပူးတွဲပထမဆု အနေဖြင့် ရရှိသည့် အသင်းများဖြစ်သည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့ အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လည်းကောင်း၊ တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့အား  ရှမ်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှလည်းကောင်း၊ ဒုတိယ ဆု ရရှိသည့် တာချီလိတ်တပ်နယ်မှ အမှတ်(၅၂၆)ခြေမြန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့အား တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း မှလည်းကောင်း၊ တတိယဆုရရှိသည့် မယ်ခေါင်ရပ်ကွက် နှင့် ရန်အောင်မြေ ရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းမှ လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


 


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ ခုနှစ် တာချီလိတ်ခရိုင်သင်္ကြန်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် သင်္ကြန်ယိမ်းအဖွဲ့ (၁၉)ဖွဲ့အနက် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့ နှင့် တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့တို့အား ပူးတွဲပထမဆုအဖြစ် သင်္ကြန်အတက်နေ့ ညပိုင်းက ပေးအပ်ချီးမြှင့် လိုက်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် သင်္ကြန်ယိမ်း(၁၉)ဖွဲ့ထဲမှ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့ နှင့် တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့တို့မှ ပူးတွဲ ပထမဆု အဖြစ်လည်းကောင်း၊ တာချီလိတ်တပ်နယ်မှ အမှတ်(၅၂၆)ခြမြေန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့မှ ဒုတိယဆုအဖြစ်လည်းကောင်း၊ တတိယဆုအဖြစ် မယ်ခေါင်ရပ်ကွက် နှင့် ရန်အောင်မြေ ရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့အား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းဆုများအပြင် သင်္ကြန်ယိမ်းအထူးဆုများ အနဖြေင့် အထူးဆု(၁)အဖြစ် တာချီလိတ်တပ်နယ်မှ အမှတ်(၃၅၉) ခြမြေန်တပ်ရင်း ကိုယ်စားပြု ယိမ်းအဖွဲ့အားလည်းကောင်း၊ အထူးဆု(၂)အဖြစ် အမှတ်(၃၃၁)ခြမြေန်တပ်ရင်း ကိုယ်စားပြု ယိမ်းအဖွဲ့အား လည်းကောင်း၊ အထူးဆု(၃)အဖြစ် ဝမ်လုံးကျေးရွာအုပ်စုနှင့် မိုင်းဟဲကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့အား လည်းကောင်း အသီးသီးရွေးချယ်ကာ ဆုများ ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

ဆုရရှိသည့် ယိမ်းအဖွဲ့များအား ပထမဆု အနဖြေင့် ကျပ်(၅)သိန်း၊ ဒုတိယဆု အနဖြေင့် ကျပ်(၄)သိန်း၊ တတိယဆုအနဖြေင့် ကျပ်(၃)သိန်း နှင့် အထူးဆုများအနဖြေင့် ကျပ်(၁)သိန်းစီ ချီးမြှင့်ကြောင်း သိရသည်။

ဆုပေးပွဲတွင် ပူးတွဲပထမဆု အနဖြေင့် ရရှိသည့် အသင်းများဖြစ်သည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့ အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လည်းကောင်း၊ တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့အား ရှမ်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှလည်းကောင်း၊ ဒုတိယ ဆု ရရှိသည့် တာချီလိတ်တပ်နယ်မှ အမှတ်(၅၂၆)ခြမြေန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့အား တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း မှလည်းကောင်း၊ တတိယဆုရရှိသည့် မယ်ခေါင်ရပ်ကွက် နှင့် ရန်အောင်မြေ ရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းမှ လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အထူးဆုများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် ဒိုင်ချုပ် အပါအဝင် တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ယခု ၂၀၁၈ခုနှစ်၏ သင်္ကြန်မယ်အဖြစ် မယ်ခေါင်ရပ်ကွက် ကိုယ်စားပြုအဖွဲ့မှ မနန်းကိန်ခမ်းက ရွေးချယ်ခံရပြီး ကျန်နှစ်ဦး မှာ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့မှ မအိအိချောအား သင်္ကြန်မယ် အထူးဆု(၁) အဖြစ် လည်းကောင်း၊ တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့မှ မဖြူလင်းချိုအား သင်္ကြန်မယ် အထူးဆု(၂)အဖြစ် လည်းကောင်း ရွေးချယ်လိုက်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~