ဧၿပီလအတြင္း ပထမအႀကိမ္အျဖစ္ ျမန္မာႏိုင္ငံသား(၁၃)ဦးကို ထိုင္းဘက္က လာေရာက္ လႊဲေျပာင္း

ဧၿပီလအတြင္း ပထမအႀကိမ္အျဖစ္ ျမန္မာႏိုင္ငံသား(၁၃)ဦးကို ထိုင္းဘက္က လာေရာက္ လႊဲေျပာင္း
ဧပြီ 3, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ေရႊ႕ေျပာင္းျမန္မာႏုိင္ငံလုပ္သားမ်ားအား ဖမ္းဆီးအေရးယူကာ ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔  လႊဲေျပာင္းလာရာ ဧၿပီလအတြင္း ပထမဆံုးအႀကိမ္အျဖစ္ စုစုေပါင္း (၁၃)ဦးအား လာေရာက္လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဧၿပီလ(၃)ရက္ေန႔ မြန္းလြဲပိုင္းက ဧၿပီလအတြင္း ပထမအႀကိမ္ လႊဲေျပာင္းေပးလာမႈအျဖစ္ အမ်ဳိးသား(၁၀)ဦး၊ အမ်ဳိးသမီး(၂)ဦးႏွင့္ ကေလးငယ္(၁)ဦး စုစုေပါင္း (၁၃)ဦးအား ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)တံတား ျမန္မာဘက္ သို႔ ထိုင္းဘက္တာ၀န္ရွိသူမ်ားက လာေရာက္ လႊဲေျပာင္းေပးျခင္း ျဖစ္သည္။

ထိုင္းဘက္မွ လာေရာက္လႊဲေျပာင္းရာတြင္ ျမန္မာဘက္မွ ထိုင္းႏုိင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာ ႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ ( CNCMC )၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး အဖြဲ႔စိတ္(၁) တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔ မွ လက္ခံခဲ့ၾကေၾကာင္း သိရသည္။

ထိုသို႔ လႊဲေျပာင္းေပးလာရာ ရံဖန္ရံခါမ်ားတြင္ ျမန္မာႏိုင္ငံသားမဟုတ္သည့္ အျခားႏိုင္ငံသားမ်ားလည္း ပါ၀င္လာတတ္သည့္အတြက္ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံဖက္မွ တာခ်ီလိတ္ဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးအပ္လာခဲ့ေသာ တရားမဝင္ ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမားဦးေရမွာ၂၀၁၈ ခုႏွစ္  ဇန္န၀ါရီလ(၁)ရက္ေန႕မွ ဧၿပီလ(၃)ရက္ေန႔အထိ  အမ်ိဳးသား (၁၃၀)ဦးႏွင့္ အမ်ိဳးသမီး (၅၆)ဦး အပါအ၀င္ ကေလး(၆)ဦး စုစုေပါင္း (၁၉၂)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

 ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် ရွှေ့ပြောင်းမြန်မာနိုင်ငံလုပ်သားများအား ဖမ်းဆီးအရေးယူကာ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ လွှဲပြောင်းလာရာ ဧပြီလအတွင်း ပထမဆုံးအကြိမ်အဖြစ် စုစုပေါင်း (၁၃)ဦးအား လာရောက်လွှဲပြောင်းပေးလာကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၃)ရက်နေ့ မွန်းလွဲပိုင်းက ဧပြီလအတွင်း ပထမအကြိမ် လွှဲပြောင်းပေးလာမှုအဖြစ် အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်(၁)ဦး စုစုပေါင်း (၁၃)ဦးအား မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား မြန်မာဘက် သို့ ထိုင်းဘက်တာဝန်ရှိသူများက လာရောက် လွှဲပြောင်းပေးခြင်း ဖြစ်သည်။

ထိုင်းဘက်မှ လာရောက်လွှဲပြောင်းရာတွင် မြန်မာဘက်မှ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာ နိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC )၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့စိတ်(၁) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ မှ လက်ခံခဲ့ကြကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးလာရာ ရံဖန်ရံခါများတွင် မြန်မာနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါဝင်လာတတ်သည့်အတွက် မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံကြောင်း သိရသည်။

ထိုင်းနိုင်ငံဖက်မှ တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လာခဲ့သော တရားမဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားဦးရေမှာ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ အမျိုးသား (၁၃၀)ဦးနှင့် အမျိုးသမီး (၅၆)ဦး အပါအဝင် ကလေး(၆)ဦး စုစုပေါင်း (၁၉၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~