ရန္ကုန္ေလဆိပ္ေရွ႕ရွိ စက္ဘီးမ်ားအား တိုက္၍ ထြက္ေျပးသည့္ကား အဖမ္းခံရ

ရန္ကုန္ေလဆိပ္ေရွ႕ရွိ စက္ဘီးမ်ားအား တိုက္၍ ထြက္ေျပးသည့္ကား အဖမ္းခံရ
မတ် 9, 2018
By 🌸
ရန္ကုန္တုိင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ရန္ကုန္ေလဆိပ္ Terminal-1 ႏွင့္ စက္မႈဂိတ္အနီးတြင္ ေလဆိပ္ဝန္ထမ္းမ်ား၏ စက္ဘီး (၁၈)စီးတိုက္ၿပီးထြက္ေျပးသြားသည့္ Mark II ယာဥ္ နံပါတ္ျပားျပဳတ္က်ခဲ့ၿပီး ေလဆိပ္ေရွ႕စားေသာက္ဆုိင္တြင္ ရပ္ထားစဥ္ ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္သည္ မတ္လ (၈) ရက္ေန႔ နံနက္ (၁)နာရီဝန္းက်င္တြင္ ေလဆိပ္အဝိုင္း၌ အဝိုင္းပတ္စဥ္ အရွိန္မထိန္းနိုင္ဘဲ စက္မႈဂိတ္အနီး ေလဆိပ္လမ္းေဘးတြင္ ရပ္ထားသည့္ ေလဆိပ္ဝန္ထမ္းမ်ား၏ စက္ဘီး (၁၈) စီးအား ဝင္ေရာက္တိုက္မိၿပီး ေမာင္းႏွင္ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္၏ ယာဥ္နံပါတ္ျပားမွာ ျပဳတ္က်က်န္ခဲ့၍ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းရွာေဖြရာ ေလဆိပ္ေရွ႕ စံေတာ္ဝင္ စားေသာက္ဆိုင္ေရွ႕၌ ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္အား ေမာင္းနွင္သူႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္အား မဆင္မျခင္ေမာင္းႏွင္သည့္ အသက္ (၂၅)ႏွစ္အရြယ္ ထူးေဝေဇာ္အား မဂၤလာဒုံၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၂၇၉ (ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈ)ျဖင့္ အမႈဖြင့္ စစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်လေဆိပ်ရှေ့တွင် လေဆိပ်ဝန်ထမ်းများ၏ စက်ဘီး ၁၈ စီးကိုတိုက်၍ ထွက်ပြေးသည့်ယာဉ်အား ဖမ်းဆီးရမိ
 **************
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ် Terminal-1 နှင့် စက်မှုဂိတ်အနီးတွင် လေဆိပ်ဝန်ထမ်းများ၏ စက်ဘီး (၁၈)စီးတိုက်ပြီးထွက်ပြေးသွားသည့် Mark II ယာဉ် နံပါတ်ပြားပြုတ်ကျခဲ့ပြီး လေဆိပ်ရှေ့စားသောက်ဆိုင်တွင် ရပ်ထားစဉ် ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်သည် မတ်လ (၈) ရက်နေ့ နံနက် (၁)နာရီဝန်းကျင်တွင် လေဆိပ်အဝိုင်း၌ အဝိုင်းပတ်စဉ် အရှိန်မထိန်းနိုင်ဘဲ စက်မှုဂိတ်အနီး လေဆိပ်လမ်းဘေးတွင် ရပ်ထားသည့် လေဆိပ်ဝန်ထမ်းများ၏ စက်ဘီး (၁၈) စီးအား ဝင်ရောက်တိုက်မိပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်၏ ယာဉ်နံပါတ်ပြားမှာ ပြုတ်ကျကျန်ခဲ့၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေရာ လေဆိပ်ရှေ့ စံတော်ဝင် စားသောက်ဆိုင်ရှေ့၌ ရပ်ထားသည့် မော်တော်ယာဉ်အား မောင်းနှင်သူနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သည့် အသက် (၂၅)နှစ်အရွယ် ထူးဝေဇော်အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ)၁၇/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~