တာခ်ီလိတ္၏ မတ္လ ဒုတိယပတ္အတြင္း ေရေခ်ာင္းႏွင့္ေရကန္တို႔တြင္ အမ်ဳိးသား(၃)ဦး ေရနစ္ေသဆံုး

တာခ်ီလိတ္၏ မတ္လ ဒုတိယပတ္အတြင္း ေရေခ်ာင္းႏွင့္ေရကန္တို႔တြင္ အမ်ဳိးသား(၃)ဦး ေရနစ္ေသဆံုး
မတ် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၌ မတ္လ၏ ဒုတိယပတ္အတြင္း ေရေခ်ာင္း ႏွင့္ ေရကန္တို႔တြင္ ဘဏ္၀န္ထမ္း(၁)ဦး ႏွင့္ စိတ္မႏွံ႔သူ အမ်ဳိးသား(၂)ဦး စုစုေပါင္း အမ်ဳိးသား(၃)ဦး ေရနစ္ ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ ပုန္ထြန္းေခ်ာင္း(လြယ္ေတာ္ခမ္းေခ်ာင္း)တြင္ ၂၀၁၈ခုႏွစ္ မတ္လ(၁၀)ရက္ေန႔ ညေနပိုင္းက  ကိုမ်ဳိးသန္႔ထြန္း အမည္ရွိ ဘဏ္လံုၿခံဳေရး၀န္ထမ္းတစ္ဦး ေရနစ္ေသဆံုးခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းေက်းရြာတြင္း ဦးက်ေဟး၏ လိေမၼာ္ၿခံအနီးရွိ အက်ယ္ ေပ(၂၀)ပတ္လည္ႏွင့္ (၈)ေပ၀န္းက်င္ နက္သည့္ ေရကန္အတြင္း ကမ္းစပ္တြင္ ၂၀၁၈ခုႏွစ္ မတ္လ(၁၃)ရက္ေန႔ ေန႔လည္ပိုင္းက အမ်ဳိးသားတစ္ဦး ပုပ္ပြေသဆံုးေနေၾကာင္း သိရသည္။

အဆိုပါ လိေမၼာ္ၿခံအနီးရွိ ေရကန္တြင္ ေသဆံုးေနသူမွာ ကနဦးအေနျဖင့္ မည္သူဆိုသည္ကို မသိရွိရေသးေသာ္လည္း သက္ဆိုင္ရာ ရဲတပ္ဖြဲ႔တို႔၏ စံုစမ္းမႈမ်ားအရ မတ္လ(၁၃)ရက္ေန႔ ညပိုင္းမွာပင္ ေသဆံုးသူသည္ ဧဒင္ရြာတြင္ ေနထိုင္သူ အသက္(၅၀)၀န္းက်င္ရွိ ဦးအားဖာျဖစ္ၿပီး ၎သည္ အရက္ေသာက္တတ္ေလ့ရွိသူျဖစ္သည့္အျပင္ စိတ္မႏွံ႔သူျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုအတြင္းရွိ မယ္ဟုတ္ေခ်ာင္းတြင္ ေရနစ္ေသဆံုးေနသည့္ အမ်ဳိးသားတစ္ဦး၏ အေလာင္းအား မတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက ေတြ႔ရွိရေၾကာင္း ႏွင့္ ေသဆံုးသူသည္ မတ္လ(၁၂)ရက္ေန႔ ညပိုင္းက ေနအိမ္မွ ထြက္သြားၿပီး ေပ်ာက္ဆံုးေနရာမွ မတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက မယ္ဟုတ္ေခ်ာင္းတြင္း၌ ေရနစ္ေသဆံုးေနလ်က္ျဖင့္ ေတြ႔ရွိရာ ေသဆံုးသူသည္ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းေက်းရြာတြင္ ေနထိုင္သူျဖစ္ၿပီး အသက္(၆၀)၀န္းက်င္ရွိ ဦးလံုးစြတ္ျဖစ္ေၾကာင္းႏွင့္ ၎သည္ စိတ္မႏွံ႔သူျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ မတ္လ(၁၄)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆန္ဆိုင္း(က)၊ အပိုင္း(စ) ဟုန္ပန္း၀က္ၿခံအနီး ေျမကြက္လပ္ ခ်ဳံေတာထဲတြင္  ပုပ္ပြေနသည့္ အမည္မသိ အမ်ဳိးသားအေလာင္း တစ္ေလာင္းအား ေတြ႕ရေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ မတ်လ၏ ဒုတိယပတ်အတွင်း ရေချောင်း နှင့် ရေကန်တို့တွင် ဘဏ်ဝန်ထမ်း(၁)ဦး နှင့် စိတ်မနှံ့သူ အမျိုးသား(၂)ဦး စုစုပေါင်း အမျိုးသား(၃)ဦး ရေနစ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ပုန်ထွန်းချောင်း(လွယ်တော်ခမ်းချောင်း)တွင် ၂၀၁၈ခုနှစ် မတ်လ(၁၀)ရက်နေ့ ညနေပိုင်းက ကိုမျိုးသန့်ထွန်း အမည်ရှိ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာတွင်း ဦးကျဟေး၏ လိမ္မော်ခြံအနီးရှိ အကျယ် ပေ(၂၀)ပတ်လည်နှင့် (၈)ပေဝန်းကျင် နက်သည့် ရေကန်အတွင်း ကမ်းစပ်တွင် ၂၀၁၈ခုနှစ် မတ်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦး ပုပ်ပွသေဆုံးနေကြောင်း သိရသည်။

အဆိုပါ လိမ္မော်ခြံအနီးရှိ ရေကန်တွင် သေဆုံးနေသူမှာ ကနဦးအနဖြေင့် မည်သူဆိုသည်ကို မသိရှိရသေးသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့၏ စုံစမ်းမှုများအရ မတ်လ(၁၃)ရက်နေ့ ညပိုင်းမှာပင် သေဆုံးသူသည် ဧဒင်ရွာတွင် နေထိုင်သူ အသက်(၅၀)ဝန်းကျင်ရှိ ဦးအားဖာဖြစ်ပြီး၎င်းသည် အရက်သောက်တတ်လေ့ရှိသူဖြစ်သည့်အပြင် စိတ်မနှံ့သူဖြစ်ကြောင်း သိရသည်။

ထို့အပြင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ဟုတ်ချောင်းတွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအား မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရကြောင်း နှင့် သေဆုံးသူသည် မတ်လ(၁၂)ရက်နေ့ ညပိုင်းက နေအိမ်မှ ထွက်သွားပြီး ပျောက်ဆုံးနေရာမှ မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက မယ်ဟုတ်ချောင်းတွင်း၌ ရေနစ်သေဆုံးနေလျက်ဖြင့် တွေ့ရှိရာ သေဆုံးသူသည် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက်(၆၀)ဝန်းကျင်ရှိ ဦးလုံးစွတ်ဖြစ်ကြောင်းနှင့်၎င်းသည် စိတ်မနှံ့သူဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မတ်လ(၁၄)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)၊ အပိုင်း(စ) ဟုန်ပန်းဝက်ခြံအနီး မြေကွက်လပ် ချုံတောထဲတွင် ပုပ်ပွနေသည့် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းအား တွေ့ရကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~