TV remote ဖြက္ထားသည့္ မယားပါသားအား ပေထြးျဖစ္သူမွ တူမီးေသနတ္ျဖင့္ပစ္၍ ေသဆံုး

TV remote ဖြက္ထားသည့္ မယားပါသားအား ပေထြးျဖစ္သူမွ တူမီးေသနတ္ျဖင့္ပစ္၍ ေသဆံုး
မတ် 19, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ေဘာလခဲၿမိဳ႕နယ္၊ နန္းေနာက္ေက်းရြာတြင္ TV remote ဖြက္ထားရာမွ စကားမ်ားၿပီး ပေထြးျဖစ္သူမွ မယားပါသားအား  တူမီးေသနတ္ျဖင့္ ပစ္ခတ္ရာမွ မယားပါသား ေသဆံုးသြားေၾကာင္း သိရသည္။

ေသဆံုးသြားသူ ေအာင္မိုးေက်ာ္ႏွင့္ ၎မိခင္၏ ေနာက္အိမ္ေထာင္ျဖစ္သည့္ အမ်ိဳးသား တူးရယ္ (ခ)ခ်စ္တူးတို႔သည္ မတ္လ (၁၇)ရက္ေန႔ ည (၇)နာရီ၀န္းက်င္က ေနအိမ္တြင္ ရိွေနၾကစဥ္  ေအာင္မိုးေက်ာ္က TV Remote ဖြက္ထားသည့္ကိစၥႏွင့္ ပတ္သက္၍ စကားမ်ား ရန္ျဖစ္စဥ္ ဦးတူးရယ္က ေအာင္မိုးေက်ာ္အား တူမီးေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေအာင္မိုးေက်ာ္သည္ ဝဲဘက္ရင္အုံ ခဲသီးေဖာက္ဝင္ဒဏ္ရာတစ္ခ်က္ရရွိၿပီး အခင္းျဖစ္ပြား ေနရာတြင္ ေသဆုံးသြားခဲ့သျဖင့္ သက္ဆုိင္ရာက အေလာင္းအား ေဘာလခဲေဆး႐ုံသို႔ပို႔ ဆာင္စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္ တူးရယ္(ခ)ခ်စ္တူးအား ရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး ေဘာလခဲၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၄/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မႈ)ျဖင့္အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းနောက်ကျေးရွာတွင် TV remote ဖွက်ထားရာမှ စကားများပြီး ပထွေးဖြစ်သူမှ မယားပါသားအား တူမီးသေနတ်ဖြင့် ပစ်ခတ်ရာမှ မယားပါသား သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူ အောင်မိုးကျော်နှင့်၎င်းမိခင်၏ နောက်အိမ်ထောင်ဖြစ်သည့် အမျိုးသား တူးရယ် (ခ)ချစ်တူးတို့သည် မတ်လ (၁၇)ရက်နေ့ ည (၇)နာရီဝန်းကျင်က နေအိမ်တွင် ရှိနကြေစဉ် အောင်မိုးကျော်က TV Remote ဖွက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်စဉ် ဦးတူးရယ်က အောင်မိုးကျော်အား တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မိုးကျော်သည် ဝဲဘက်ရင်အုံ ခဲသီးဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်ပွား နေရာတွင် သေဆုံးသွားခဲ့သဖြင့် သက်ဆိုင်ရာက အလောင်းအား ဘောလခဲဆေးရုံသို့ပို့ ဆာင်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် တူးရယ်(ခ)ချစ်တူးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဘောလခဲမြို့မ ရဲစခန်းတွင် (ပ) ၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~