သိန္းနီၿမိဳ႕မရဲစခန္းႏွင့္ သံုးဖာလံုခန္႔အကြာတြင္ ေဒသႏၱရလက္လုပ္မိုင္း ေပါက္ကြဲ

သိန္းနီၿမိဳ႕မရဲစခန္းႏွင့္ သံုးဖာလံုခန္႔အကြာတြင္ ေဒသႏၱရလက္လုပ္မိုင္း ေပါက္ကြဲ
မတ် 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕မရဲစခန္းႏွင့္ သံုးဖာလံုခန္႔အကြာတြင္ မတ္လ (၆) ရက္ေန႔ နံနက္ပိုင္းက ေဒသႏၱရလက္လုပ္မိုင္းတစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားသျဖင့္ ရဲတပ္ဖြဲ႔ ႏွင့္ နယ္ေျမခံတပ္တို႔က ရွင္းလင္းရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

“ၿမိဳ႕မရဲစခန္းရဲ႕ ေနာက္ေက်ာဘက္ သံုးဖာလံုေလာက္ေဝးတဲ့ သခ်ဳႌင္းေဟာင္းမွာ ေဒသႏၱရ လက္လုပ္ မိုင္းေပါက္ကြဲတာ ျဖစ္ပါတယ္။ အထိအခိုက္ေတာ့မရွိပါဘူး” ဟု သိန္းနီၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ဝင္းတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မတ္လ(၆)ရက္ေန႔ နံနက္(၇)နာရီ(၁၅)မိနစ္ခန္႔က ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရမႈ မရိွေၾကာင္း သိရသည္။

လတ္တေလာ စစ္ေဆးခ်က္မ်ားအရ ေဒသႏၱရ လက္လုပ္မိုင္းတစ္လံုးေပါက္ကြဲမႈျဖစ္ပြားသည္ကိုသာ အတည္ျပဳႏုိင္ၿပီး မည္သည့္ အဖြဲ႔အစည္းက လုပ္ေဆာင္သည္ကို မသိရေသးေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့မရဲစခန်းနှင့် သုံးဖာလုံခန့်အကွာတွင် မတ်လ (၆) ရက်နေ့ နံနက်ပိုင်းက ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့ နှင့် နယ်မြေခံတပ်တို့က ရှင်းလင်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

“မြို့မရဲစခန်းရဲ့ နောက်ကျောဘက် သုံးဖာလုံလောက်ဝေးတဲ့ သင်္ချီုင်းဟောင်းမှာ ဒေသန္တရ လက်လုပ် မိုင်းပေါက်ကွဲတာ ဖြစ်ပါတယ်။ အထိအခိုက်တော့မရှိပါဘူး” ဟု သိန်းနီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင့်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မတ်လ(၆)ရက်နေ့ နံနက်(၇)နာရီ(၁၅)မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

လတ်တလော စစ်ဆေးချက်များအရ ဒေသန္တရ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားသည်ကိုသာ အတည်ပြုနိုင်ပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~