တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာတြင္ မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ ဖမ္းဆီးရာမွ ရဲတပ္ဖြဲ႔အား ခုခံပစ္ခတ္ရာမွ ႏွစ္ဦးဖမ္းမိ၊ တစ္ဦးလြတ္ေျမာက္

တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာတြင္ မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ ဖမ္းဆီးရာမွ ရဲတပ္ဖြဲ႔အား ခုခံပစ္ခတ္ရာမွ ႏွစ္ဦးဖမ္းမိ၊ တစ္ဦးလြတ္ေျမာက္
မတ် 9, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မုိင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာမွ ေနအိမ္တစ္လံုးအား မတ္လ (၉)ရက္ေန႔ နံနက္က ဝင္ေရာက္စစ္ေဆးရာ ရဲတပ္ဖြဲ႕အား ခုခံပစ္ခတ္၍ တစ္ဦးထြက္ေျပးလြတ္ေျမာက္ကာ ႏွစ္ဦးဖမ္းဆီးရမိခဲ့ၿပီး ေနအိမ္အတြင္းမွ လက္နက္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္၊ ခရိုင္ရဲတပ္ဖြဲ႕၊ စရဖ(တသခ)ႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္  နံနက္ (၆)နာရီဝန္းက်င္တြင္ မူးယစ္ေဆးဝါးသတင္းအရ ရန္ကုန္ရြာမွ အိုက္တြီ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ၎၏ဇနီးျဖစ္သူ နာမီႏွင့္ ေအလီဆန္းတို႔က ရဲတပ္ဖြဲ႕အား ခုခံလံုးေထြးၿပီး အုိက္တြီက ေနအိမ္အိပ္ခန္းတြင္း တံခါးပိတ္၍ ရဲတပ္ဖြဲ႕အား ေသနတ္ျဖင့္ တစ္ခ်က္ပစ္ခတ္၍ ေနအိမ္ဝရန္တာမွတစ္ဆင့္ ခုန္ခ်၍ ေနအိမ္အေနာက္ဘက္ ခ်ံဳေတာအတြင္း ထြက္ေျပးသြားေၾကာင္း သိရသည္။

ေနအိမ္အား ဆက္လက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၂၅၀)၊ ပိြဳင့္ ၄၅ က်ည္ျဖင့္ပစ္ရသည့္ တစ္လံုးထိုးေျပာင္းေခ်ာ ေသနတ္အတိုႏွင့္က်ည္သံုးေတာင့္၊ က်ည္ခြံတစ္ခု၊ ေျပာင္းရွည္ (၄၆)လက္မခန္႔ရိွ တူမီးေသနတ္တစ္လက္၊ ေျပာင္းရွည္ (၄၀)လက္မခန္႔ရိွ တူမီးေသနတ္တစ္လက္၊ မူးယစ္ေဆးအသံုးျပဳသည့္ ပလတ္စတစ္ဗူး ၆ ခု၊ ေနအိမ္ၿခံဝန္းအတြင္းမွ နံပါတ္မပါသည့္ Honda Wave ဆိုင္ကယ္ (၃)စီးတုိ႔အား သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က နာမီႏွင့္ ေအလီဆန္းတုိ႔အား ဖမ္းဆီးရမိထားၿပီး အမႈဖြင့္လွစ္ကာ ဆက္လက္စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာမှ နေအိမ်တစ်လုံးအား မတ်လ (၉)ရက်နေ့ နံနက်က ဝင်ရောက်စစ်ဆေးရာ ရဲတပ်ဖွဲ့အား ခုခံပစ်ခတ်၍ တစ်ဦးထွက်ပြေးလွတ်မြောက်ကာ နှစ်ဦးဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းမှ လက်နက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ ခရိုင်ရဲတပ်ဖွဲ့၊ စရဖ(တသခ)နှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နံနက် (၆)နာရီဝန်းကျင်တွင် မူးယစ်ဆေးဝါးသတင်းအရ ရန်ကုန်ရွာမှ အိုက်တွီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ၎င်း၏ဇနီးဖြစ်သူ နာမီနှင့် အေလီဆန်းတို့က ရဲတပ်ဖွဲ့အား ခုခံလုံးထွေးပြီး အိုက်တွီက နေအိမ်အိပ်ခန်းတွင်း တံခါးပိတ်၍ ရဲတပ်ဖွဲ့အား သေနတ်ဖြင့် တစ်ချက်ပစ်ခတ်၍ နေအိမ်ဝရန်တာမှတစ်ဆင့် ခုန်ချ၍ နေအိမ်အနောက်ဘက် ချုံတောအတွင်း ထွက်ပြေးသွားကြောင်း သိရသည်။

နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀)၊ ပွိုင့် ၄၅ ကျည်ဖြင့်ပစ်ရသည့် တစ်လုံးထိုးပြောင်းချော သေနတ်အတိုနှင့်ကျည်သုံးတောင့်၊ ကျည်ခွံတစ်ခု၊ ပြောင်းရှည် (၄၆)လက်မခန့်ရှိ တူမီးသေနတ်တစ်လက်၊ ပြောင်းရှည် (၄၀)လက်မခန့်ရှိ တူမီးသေနတ်တစ်လက်၊ မူးယစ်ဆေးအသုံးပြုသည့် ပလတ်စတစ်ဗူး ၆ ခု၊ နေအိမ်ခြံဝန်းအတွင်းမှ နံပါတ်မပါသည့် Honda Wave ဆိုင်ကယ် (၃)စီးတို့အား သိမ်းဆည်းရမိထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က နာမီနှင့် အေလီဆန်းတို့အား ဖမ်းဆီးရမိထားပြီး အမှုဖွင့်လှစ်ကာ ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~