တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းအနီးတြင္ စိတ္ၾကြရူးသြပ္ေဆးသယ္လာသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းအနီးတြင္ စိတ္ၾကြရူးသြပ္ေဆးသယ္လာသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ
မတ် 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အဝင္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးတြင္ မတ္လ (၄)ရက္ေန႔ နံနက္က စိတ္ၾကြရူးသြပ္ေဆးျပားသယ္လာသူတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀) တာခ်ီလိတ္မွတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ဌာနဆုိင္ရာပူးေပါင္းအဖြဲဲ႕သည္  လြယ္ေတာ္ခမ္း ပူးေပါင္းစစ္ေဆးေရးစခန္းအနီးရွိ မယ္ဆုိင္ေခ်ာင္းကူးတံတားတြင္ နံနက္ (၉)နာရီခန္႔က ဆုိင္ကယ္ေမာင္းႏွင္ လာသည့္ အသက္ (၁၈)ႏွစ္အရြယ္လူငယ္တစ္ဦးအား စစ္ေဆးရာ စိတ္ၾကြရူးသြပ္ေဆးျပား (၃၈၅) ျပား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြရူးသြပ္ေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ လီဗ်ိဳ႕ဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆/၂၀၁၈မူး/စိတ္ ဥပေဒ ပုဒ္မ(၁၉)/က အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းအနီးတွင် စိတ်ကြွရူးသွပ်ဆေးသယ်လာသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် မတ်လ (၄)ရက်နေ့ နံနက်က စိတ်ကြွရူးသွပ်ဆေးပြားသယ်လာသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှတပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည်  လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်းအနီးရှိ မယ်ဆိုင်ချောင်းကူးတံတားတွင် နံနက် (၉)နာရီခန့်က ဆိုင်ကယ်မောင်းနှင် လာသည့် အသက် (၁၈)နှစ်အရွယ်လူငယ်တစ်ဦးအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၃၈၅) ပြား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် လီဗျို့ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၆/၂၀၁၈မူး/စိတ် ဥပဒေ ပုဒ်မ(၁၉)/က အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~