မကွေးတိုင်းအတွင်း စလေ-ပခန်းငယ် ရေလမ်းကြောင်း ရေထိန်း ရေကာတည်ဆောက်ရေးလုပ်ငန်း နှစ်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး
မကွေးတိုင်းအတွင်း စလေ-ပခန်းငယ် ရေလမ်းကြောင်း ရေထိန်း ရေကာတည်ဆောက်ရေးလုပ်ငန်း နှစ်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး
မတ် 19, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီး စလေ - ပခန်းငယ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ရေထိန်း၊ ရေကာ တည်ဆောက်ရေးလုပ်ငန်းများ နှစ်နှစ်ခန့်ကြာပြီးနောက် (၉၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
သတင်း/ဓါတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး စလေ - ပခန်းငယ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ရေထိန်း၊ ရေကာ တည်ဆောက်ရေးလုပ်ငန်းများ နှစ်နှစ်ခန့်ကြာပြီးနောက် (၉၀) ရာခိုင်နှုန်းကျော်ပြီးစီးနပြေီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
" သင်္ဘောတွေ သွားလာရခက်ခဲလေ့ရှိတဲ့ စလေ - ပခန်းငယ် ရေလမ်းကြောင်းကောင်းဖို့အတွက် ရေလမ်းထိန်း ရေကာတွေဆောက်လုပ်နေခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ် မေလလောက်ကစပြီး ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင် လုပ်ငန်းရဲ့ (၉၀) ရာခိုင်နှုန်းကျော်ပြီးစီးနပြေီဖြစ်ပြီး လာမယ့်ဧပြီလမကုန်မီမှာ လုပ်ငန်းအားလုံးပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်"ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရေကြောင်းကျပ်တည်းနေသည့် စလေ-ပခန်းငယ် ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာ၌ အလျား (၃၂၀၀)ပေအား ရေနက်ပိုင်းတွင် ထန်းလုံးများနှင့်ရိုက်၍ သဲအိတ်များ ဖြည့်ပြီး မျောတန်းများရိုက်ကာ ရေထိန်း၊ ရေကာများတည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၂၆)ခုကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းဒေသကြီး ဖြည့်စွက် ရန်ပုံငွေ၊ ပြည်ထောင်စု အရေးပေါ်ရန်ပုံငွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ တို့ဖြင့် သုံးစွဲ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~