ျမဝတီနယ္စပ္သို႔ ျပန္ဝင္လာသည့္ ထုိင္းနိုင္ငံေရာက္ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားတြင္ ပါဝင္လာသည့္ ဘဂၤါလီတစ္ဦးအား လဝက ကစစ္ေဆးေန

ျမဝတီနယ္စပ္သို႔ ျပန္ဝင္လာသည့္ ထုိင္းနိုင္ငံေရာက္ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားတြင္ ပါဝင္လာသည့္ ဘဂၤါလီတစ္ဦးအား လဝက ကစစ္ေဆးေန
မတ် 4, 2018
By 🌸
ထိုင္းနိုင္ငံတြင္ ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ အက္ဥပေဒျပင္ဆင္ေျပာင္းလဲမႈေၾကာင့္ ထိုင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား (၃၆၅)ဦး မတ္လ (၃)ရက္ေန႔က ကရင္ျပည္နယ္ ျမဝတီနယ္စပ္ၿမိဳ႕မွတစ္ဆင့္ ေနရပ္ျပန္လာရာ ဘဂၤါလီတစ္ဦးပါဝင္သျဖင့္ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနက စစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။

အဆိုပါ ေနရပ္ျပန္လာသူ (၃၆၅)ဦးတြင္ အမ်ိဳးသမီး (၈၈)ဦးလည္း ပါဝင္ေၾကာင္း သိရၿပီး ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္တြင္ ေနထုိင္သည့္ ဘဂၤါလီတစ္ဦးပါဝင္သျဖင့္ ၎အား ျမဝတီၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာန ဦးစီးမွဴး ဦးလွမင္းႏွင့္အဖြဲ႕က အေသးစိတ္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္း ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ အက္ဥပေဒသစ္အရ ဥပေဒႏွင့္မညီညြတ္သည့္ ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား ေနရပ္ျပန္လာေနရာ ၎တို႔အား ျမန္မာနယ္စပ္ေဒသမ်ားရိွ သက္ဆိုင္ရာဌာန တာဝန္ရိွသူမ်ားက လိုအပ္သည့္စစ္ေဆးမႈမ်ားလုပ္ေဆာင္ၿပီး ေငြေၾကးေကာက္ခံျခင္းမရိွဘဲ ေနရပ္အသီးသီးသို႔ ျပန္ႏုိင္ေရး ကူညီလုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
မြဝတီနယ်စပ်သို့ ပြန်ဝင်လာသည့် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများတွင် ပါဝင်လာသည့် ဘင်္ဂါလီတစ်ဦးအား လဝက ကစစ်ဆေးနေ
*************
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၆၅)ဦး မတ်လ (၃)ရက်နေ့က ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့မှတစ်ဆင့် နေရပ်ပြန်လာရာ ဘင်္ဂါလီတစ်ဦးပါဝင်သဖြင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်လာသူ (၃၆၅)ဦးတွင် အမျိုးသမီး (၈၈)ဦးလည်း ပါဝင်ကြောင်း သိရပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် နေထိုင်သည့် ဘင်္ဂါလီတစ်ဦးပါဝင်သဖြင့် ၎င်းအား မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမင်းနှင့်အဖွဲ့က အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေသစ်အရ ဥပဒေနှင့်မညီညွတ်သည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လာနေရာ ၎င်းတို့အား မြန်မာနယ်စပ်ဒေသများရှိ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်ပြီး ငွေကြေးကောက်ခံခြင်းမရှိဘဲ နေရပ်အသီးသီးသို့ ပြန်နိုင်ရေး ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~