မန္းေရႊစက္ေတာ္ဘုရားပြဲ ယာဥ္အပ္ႏွံထိန္းသိမ္းခ ေကာက္ခံေရးဂိတ္အား မေကြးတိုင္းအစိုးရက ဖယ္ရွား

မန္းေရႊစက္ေတာ္ဘုရားပြဲ ယာဥ္အပ္ႏွံထိန္းသိမ္းခ ေကာက္ခံေရးဂိတ္အား မေကြးတိုင္းအစိုးရက ဖယ္ရွား
မတ် 14, 2018
By Tachileik News Agency

မန္းေရႊစက္ေတာ္ဘုရားပဲြတြင္ ဘုရားဖူးမ်ား စိတ္အေႏွာင့္အယွက္ျဖစ္ေစသည့္အတြက္ ယာဥ္ရပ္နားခ ေကာက္ခံေနသည့္ ဂိတ္မ်ား ဖယ္ရွားသြားရန္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔က ညႊန္ၾကားခ်က္ ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

"ကားရပ္နားကြင္းမွာ ဝင္ဆံ႔ယာဥ္အစီးေရက (၂၅၀)ကေန (၃၀၀) ေလာက္ခန္႔မွန္းထားေပမဲ့ ပဲြေတာ္ အဝင္ဝက ဆီးေကာက္ေနတာျဖစ္လို႔ ဝင္သမွ် ကားအစီးေရက ေထာင္ခ်ီရိွေနေတာ႔ ဝင္ဆံ႔သေလာက္ထက္ ပိုေကာက္သလိုမ်ိဳး ျဖစ္ေနတယ္။ ေကာက္ခံတဲ႔ ေနရာမွာလည္း ယာဥ္ထိန္းသိမ္းေစာင္႔ေရွာက္ခေကာက္ခံ တာနဲ႔ မတူေတာ႔ဘဲနဲ႔ ပဲြေတာ္ကြင္းထဲ ဝင္ခြင္႔ေကာက္ခံသလိုျဖစ္ေနတာေၾကာင္႔ ဘုရားဖူးေတြ စိတ္အ ေႏွာက္အယွက္ျဖစ္ရတယ္လို႔ သိရိွရတဲ႔အတြက္ ဖ်က္သိမ္းဖို႔ ညႊန္ၾကားရတာပါ"ဟု မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ လူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္ရပ္နားကြင္းႏွစ္ခုကို ေဖာ္ေဆာင္ရျခင္းမွာ သဘာဝေဘးအႏၱရာယ္က်ေရာက္ပါက ယာဥ္ေၾကာ ပိတ္ဆို႔မႈမရိွရန္ စီစဥ္ထားျခင္းျဖစ္ေသာ္လည္း ယာဥ္ရပ္နားခေကာက္ခံသည့္စနစ္ နည္းစနစ္ မမွန္က်ျခင္း၊ တည္းေက်ာင္းလုပ္ငန္းရွင္မ်ားႏွင္႔ ဘုရားဖူးယာဥ္ပိုင္ရွင္မ်ား၏ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းျခင္းတို႔ေၾကာင္႔ ဘုရားဖူးမ်ား စိတ္အေနွာင့္အယွက္ျဖစ္ေစသည္ကို စစ္ေဆးေတြ႔ရသျဖင့္ ဖ်က္သိမ္းေစျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ရပ္နားကြင္း တင္ဒါရရိွလုပ္ကိုင္လွ်က္ရိွသည့္ လုပ္ငန္းရွင္ဘက္မွ နစ္နာေၾကာင္း တင္ျပလာပါက စတင္ ေကာက္ခံသည့္ေန႔မွ ဖယ္ရွားသည့္ေန႔အထိ ေကာက္ခံရရိွမႈႏွင့္ သံုးစဲြကုန္က်မႈမ်ားအား စိစစ္၍ ေျဖရွင္းေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္ ထိန္းသိမ္းေစာင့္ ေရွာက္ခ ေကာက္ခံေနမႈမ်ားအား ဖယ္ရွားရန္ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔က ေရႊစက္ေတာ္ေဂါပကအဖဲြ႔ထံသို႔ မတ္လ (၁၂)ရက္ ေန႔စဲြပါစာျဖင္႔ အေၾကာင္း ၾကားခဲ႔ျခင္းျဖစ္ၿပီး ေဂါပကအဖဲြ႔၊ လံုၿခံဳေရးႏွင္႔ မီးသတ္ တို႔၏ စီမံမႈျဖင္႔ ယာဥ္ေၾကာ ပိတ္ဆို႔မႈ မျဖစ္ေပၚေစေရးကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~

မန်းရွှေစက်တော်ဘုရားပွဲတွင် ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်စေသည့်အတွက် ယာဉ်ရပ်နားခ ကောက်ခံနေသည့် ဂိတ်များ ဖယ်ရှားသွားရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

"ကားရပ်နားကွင်းမှာ ဝင်ဆံ့ယာဉ်အစီးရေက (၂၅၀)ကနေ (၃၀၀) လောက်ခန့်မှန်းထားပေမဲ့ ပွဲတော် အဝင်ဝက ဆီးကောက်နေတာဖြစ်လို့ ဝင်သမျှ ကားအစီးရေက ထောင်ချီရှိနေတော့ ဝင်ဆံ့သလောက်ထက် ပိုကောက်သလိုမျိုး ဖြစ်နေတယ်။ ကောက်ခံတဲ့ နေရာမှာလည်း ယာဉ်ထိန်းသိမ်းစောင့်ရှောက်ခကောက်ခံ တာနဲ့ မတူတော့ဘဲနဲ့ ပွဲတော်ကွင်းထဲ ဝင်ခွင့်ကောက်ခံသလိုဖြစ်နေတာကြောင့် ဘုရားဖူးတွေ စိတ်အ နှောက်အယှက်ဖြစ်ရတယ်လို့ သိရှိရတဲ့အတွက် ဖျက်သိမ်းဖို့ ညွှန်ကြားရတာပါ"ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်ရပ်နားကွင်းနှစ်ခုကို ဖော်ဆောင်ရခြင်းမှာ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ယာဉ်ကြော ပိတ်ဆို့မှုမရှိရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ယာဉ်ရပ်နားခကောက်ခံသည့်စနစ် နည်းစနစ် မမှန်ကျခြင်း၊ တည်းကျောင်းလုပ်ငန်းရှင်များနှင့် ဘုရားဖူးယာဉ်ပိုင်ရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်စေသည်ကို စစ်ဆေးတွေ့ရသဖြင့် ဖျက်သိမ်းစခြေင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ရပ်နားကွင်း တင်ဒါရရှိလုပ်ကိုင်လျှက်ရှိသည့် လုပ်ငန်းရှင်ဘက်မှ နစ်နာကြောင်း တင်ပြလာပါက စတင် ကောက်ခံသည့်နေ့မှ ဖယ်ရှားသည့်နေ့အထိ ကောက်ခံရရှိမှုနှင့် သုံးစွဲကုန်ကျမှုများအား စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် ထိန်းသိမ်းစောင့် ရှောက်ခ ကောက်ခံနေမှုများအား ဖယ်ရှားရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရွှေစက်တော်ဂေါပကအဖွဲ့ထံသို့ မတ်လ (၁၂)ရက် နေ့စွဲပါစာဖြင့် အကြောင်း ကြားခဲ့ခြင်းဖြစ်ပြီး ဂေါပကအဖွဲ့၊ လုံခြုံရေးနှင့် မီးသတ် တို့၏ စီမံမှုဖြင့် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~