မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း မုိင္းျဖတ္ - မုိင္းခုတ္လမ္းတြင္ ဆုိင္ကယ္တစ္စီး လမ္းေဘးထုိးက်၍ တစ္ဦးေသဆံုး

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း မုိင္းျဖတ္ - မုိင္းခုတ္လမ္းတြင္ ဆုိင္ကယ္တစ္စီး လမ္းေဘးထုိးက်၍ တစ္ဦးေသဆံုး
မတ် 21, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕နယ္ ေကာင္းမႈေက်းရြာအုပ္စု၊ ေကာင္းမႈေက်းရြာအနီး မိုင္းျဖတ္ - မုိင္းခုတ္ကားလမ္းတြင္ ဆို္င္ကယ္တစ္စီး လမ္းေဘးသို႔ ထိုးက်တိမ္းေမွာက္သြားသျဖင့္ ဆုိင္ကယ္ေမာင္းႏွင္သူ ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

မိုင္းျဖတ္ - မုိင္းခုတ္ကားလမ္း မုိင္တိုင္အမွတ္ (၁၄၉)အနီးတြင္ မတ္လ (၂၀)ရက္ေန႔ ညေန (၄)နာရီ (၄၅)မိနစ္ခန္႔တြင္ ေကာင္းမႈေက်းရြာဘက္မွ မုိင္းျဖတ္ဘက္သို႔ ဦးအုိက္ရိေမာင္းႏွင္ၿပီး ဇနီးျဖစ္သူ ေဒၚနာအူလိုက္ပါလာသည့္ ဆိုင္ကယ္သည္ အရွိန္မထိန္းႏုိင္ဘဲ လမ္းဝဲဘက္ျခမ္းသို႔ ထိုးက်တိမ္းေမွာက္သြားရာ ဆိုင္ကယ္ေမာင္းသူမွာ ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ဇနီးျဖစ္သူ ေဒၚနာအူတြင္ ဒဏ္ရာအနည္းငယ္သာ ရရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူႏွင့္ ဒဏ္ရာရသူတို႔အား မုိင္းျဖတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ယာဥ္တိမ္းေမွာက္မႈအား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂/၂၀၁၈၊ ပုဒ္မ ၂၇၉/၃၃၇/၃၀၄ ကျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်အတွင်း မိုင်းဖြတ် - မိုင်းခုတ်လမ်းတွင် ဆိုင်ကယ်တစ်စီး လမ်းဘေးထိုးကျ၍ တစ်ဦးသေဆုံး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ကောင်းမှုကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာအနီး မိုင်းဖြတ် - မိုင်းခုတ်ကားလမ်းတွင် ဆိုင်ကယ်တစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားသဖြင့် ဆိုင်ကယ်မောင်းနှင်သူ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
မိုင်းဖြတ် - မိုင်းခုတ်ကားလမ်း မိုင်တိုင်အမှတ် (၁၄၉)အနီးတွင် မတ်လ (၂၀)ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ်ခန့်တွင် ကောင်းမှုကျေးရွာဘက်မှ မိုင်းဖြတ်ဘက်သို့ ဦးအိုက်ရိမောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်နာအူလိုက်ပါလာသည့် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားရာ ဆိုင်ကယ်မောင်းသူမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ဇနီးဖြစ်သူ ဒေါ်နာအူတွင် ဒဏ်ရာအနည်းငယ်သာ ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူတို့အား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်တိမ်းမှောက်မှုအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂/၂၀၁၈၊ ပုဒ်မ ၂၇၉/၃၃၇/၃၀၄ ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~