မယ်ဆိုင်ဘက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားထိပ်အနီးဝန်းကျင် စည်းကမ်းမဲ့ ရပ်တန့်သည့် ဆိုင်ကယ်များအား အရေးယူ

မယ်ဆိုင်ဘက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားထိပ်အနီးဝန်းကျင် စည်းကမ်းမဲ့ ရပ်တန့်သည့် ဆိုင်ကယ်များအား အရေးယူ
မတျ 15, 2018
By Tachileik News Agency



မယ်ဆိုင်မြို့ဘက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားထိပ်အနီးဝန်းကျင်တွင် တာချီလိတ် ဘက်မှ မယ်ဆိုင်သို့ ၀င်ရောက်လာမည့် ယာဉ်များအတွက်သော် လည်းကောင်း၊ မယ်ဆိုင် မှ တာချီလိတ်ဘက်သို့ သွားမည့် ယာဉ်များအတွက်သော် လည်းကောင်း ယာဉ်ကြောရှုပ်ထွေးမှုများ အလွယ်တကူ ဖြစ်စေသည့်အတွက် ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိသည့် အဆိုပါ နေရာတွင် ယာဉ်များ ယာဉ်/လမ်း စည်းကမ်းလိုက်နာစွာ ရပ်တန့်ထားရှိရေး သတ်မှတ်ချက်များကို လိုက်နာ နိုင်ရေးအတွက် မယ်ဆိုင်ရဲတပ်ဖွဲ့မှ အရေးယူမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ နေရာများတွင် ယာဉ်/လမ်း စည်းကမ်းဖောက်ဖျက်သော ဆိုင်ကယ်ပိုင်ရှင်များအား မယ်ဆိုင် ရဲတပ်ဖွဲ့မှ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပြီး ဒဏ်ရိုက်မှုများ အနေဖြင့် အနည်းဆုံး ဘတ်(၅၀) မှ ဘတ် (၅၀၀)အထိ သတ်မှတ်ထား ရှိကြောင်းသိရသည်။

သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ -  Sunny Maesai



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားထိပ်အနီးဝန်းကျင်တို့တွင် ဆိုင်ကယ်များ စည်းကမ်းမဲ့ ရပ်တန့်ထားရှိမှုနှင့် ပတ်သက်၍ အရေးယူဒဏ်ရိုက်မှုများ ပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

"တစ်ချို့တွေက ယာဉ်ရပ်တဲ့အခါ အလွယ်တကူ ရပ်ကြတယ်၊ ဒီမှာ ဆိုင်ကယ်တွေ နှစ်ထပ်၊ သုံးထပ်ရပ်လို့ မရဘူးလို့ ပြောလည်း ဂရုမစိုက်ကြဘူး အလွယ်တကူ ရပ်သွားကြတယ်၊ အခုလို အရေးယူလိုက်တော့ ကောင်းသွား တာပေါ့၊ ကားတွေ ဆိုင်ကယ်တွေလည်း လမ်းမကြပ်တော့ဘူးပေါ့"ဟု မယ်ဆိုင်နေ ဈေးရောင်းသူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မြို့ဘက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားထိပ်အနီးဝန်းကျင်တွင် တာချီလိတ် ဘက်မှ မယ်ဆိုင်သို့ ဝင်ရောက်လာမည့် ယာဉ်များအတွက်သော် လည်းကောင်း၊ မယ်ဆိုင် မှ တာချီလိတ်ဘက်သို့ သွားမည့် ယာဉ်များအတွက်သော် လည်းကောင်း ယာဉ်ကြောရှုပ်ထွေးမှုများ အလွယ်တကူ ဖြစ်စေသည့်အတွက် ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လေ့ရှိသည့် အဆိုပါ နေရာတွင် ယာဉ်များ ယာဉ်/လမ်း စည်းကမ်းလိုက်နာစွာ ရပ်တန့်ထားရှိရေး သတ်မှတ်ချက်များကို လိုက်နာ နိုင်ရေးအတွက် မယ်ဆိုင်ရဲတပ်ဖွဲ့မှ အရေးယူမှုများ ပြုလုပ်နခြေင်း ဖြစ်ကြောင်း သိရသည်။

"မယ်ဆိုင်ဘက်ကို တာချီလိတ်ဘက်ကနေ ဆိုင်ကယ်နဲ့ လာကြတဲ့ သူတွေလည်းရှိတဲ့အတွက် ဒီလိုနေရာမှာ မယ်ဆိုင်ရဲတပ်ဖွဲ့က သတ်မှတ်ထားတာတွေကိုတော့ သိစေချင်ပါတယ်၊ အဲ့လို သိထားမှလည်း ကိုယ့်မြန်မာနိုင်ငံသားများ အနေနဲ့ ဒီဖက်မှာ ယာဉ်/လမ်းစည်းကမ်း ချိုးဖောက်မှု လျော့နည်းစေမှာပါ။ တစ်ချို့ကလည်း မသိတော့ ရပ်ခဲ့တာတွေရှိတယ်။ အဲ့လို ရပ်ခဲ့ရင်တော့ ရဲက တွေ့ရင် ကားနဲ့သယ်သွားမှာ အဲ့ဒီအခါဆို စခန်းမှ လိုက်ရွေးမှပဲ ရမှာပါ"ဟု မယ်ဆိုင်မြို့နေ ကိုနိုင်ထူး က ပြောသည်။

အဆိုပါ နေရာများတွင် ယာဉ်/လမ်း စည်းကမ်းဖောက်ဖျက်သော ဆိုင်ကယ်ပိုင်ရှင်များအား မယ်ဆိုင် ရဲတပ်ဖွဲ့မှ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပြီး ဒဏ်ရိုက်မှုများ အနဖြေင့် အနည်းဆုံး ဘတ်(၅၀) မှ ဘတ် (၅၀၀)အထိ သတ်မှတ်ထား ရှိကြောင်းသိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - Sunny Maesai

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~