ကယားျပည္နယ္သတၳဳထုတ္လုပ္ေရးကုမၸဏီလုပ္ကြက္တြင္ ခဲက်င္းၿပိဳ၍ လုပ္သားတစ္ဦး ေသဆံုး

ကယားျပည္နယ္သတၳဳထုတ္လုပ္ေရးကုမၸဏီလုပ္ကြက္တြင္ ခဲက်င္းၿပိဳ၍ လုပ္သားတစ္ဦး ေသဆံုး
မတ် 4, 2018
By Tachileik News Agency

ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕နယ္၊ ေမာ္ခ်ီး(ေတာင္ေပၚ) ယူေကာ္ခို(၁၃)ကုန္းေအာက္၌ ကယားျပည္နယ္ သတၳဳထုတ္လုပ္ေရး ကုမၸဏီ၏ ခဲက်င္းအမွတ္(၂)လုပ္ကြက္၌ ခဲက်င္းၿပိဳက်သျဖင့္ လုပ္သားတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

ခဲက်င္းအမွတ္(၂)လုပ္ကြက္၌ အသက္ (၂၁)ႏွစ္အရြယ္ ဖီးေဂးရယ္က ၂၀၁၈ ခုႏွစ္ မတ္လ (၃)ရက္ေန႔ ေန႔လယ္ (၁၁)နာရီဝန္းက်င္တြင္ ခဲက်င္းအတြင္း အလုပ္ လုပ္ကိုင္ေနစဥ္ ၎၏ အေပၚဘက္မွ ခဲက်င္းေျမသား (၁၅) ေပခန္႔ ၿပိဳက် ပိမိခဲ့သျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

ေသဆံုးသြားသူအား လိုခါးလို တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ေမာ္ခ်ီးနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္(၃/၂၀၁၈)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

အဆိုပါ ခဲသတၱဳတူးေဖၚေရးလုပ္ကြက္မွာ ကယားျပည္နယ္ သတၳဳထုတ္လုပ္ေရးကုမၸဏီက ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ တူးေဖာ္ခြင့္ရရိွထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #ျပည္ထဲေရး




~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီး(တောင်ပေါ်) ယူကော်ခို(၁၃)ကုန်းအောက်၌ ကယားပြည်နယ် သတ္ထုထုတ်လုပ်ရေး ကုမ္ပဏီ၏ ခဲကျင်းအမှတ်(၂)လုပ်ကွက်၌ ခဲကျင်းပြိုကျသဖြင့် လုပ်သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ခဲကျင်းအမှတ်(၂)လုပ်ကွက်၌ အသက် (၂၁)နှစ်အရွယ် ဖီးဂေးရယ်က ၂၀၁၈ ခုနှစ် မတ်လ (၃)ရက်နေ့ နေ့လယ် (၁၁)နာရီဝန်းကျင်တွင် ခဲကျင်းအတွင်း အလုပ် လုပ်ကိုင်နေစဉ်၎င်း၏ အပေါ်ဘက်မှ ခဲကျင်းမြေသား (၁၅) ပေခန့် ပြိုကျ ပိမိခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူအား လိုခါးလို တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မော်ချီးနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၈)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ခဲသတ္တုတူးဖော်ရေးလုပ်ကွက်မှာ ကယားပြည်နယ် သတ္ထုထုတ်လုပ်ရေးကုမ္ပဏီက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ တူးဖော်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓာတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~