ေက်ာက္မဲတြင္ မတ္လ (၂၇) ရက္ေန႔အကူးပိုင္းကာလ၌ အသံမိုင္း ႏွင့္ လက္လုပ္ရီမုမိုင္း (၃)လံုး ေပါက္ကြဲ

ေက်ာက္မဲတြင္ မတ္လ (၂၇) ရက္ေန႔အကူးပိုင္းကာလ၌ အသံမိုင္း ႏွင့္ လက္လုပ္ရီမုမိုင္း (၃)လံုး ေပါက္ကြဲ
မတ် 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ သီေပါဘက္အထြက္ရွိ အိုရီယမ္တယ္ဟိုက္ေဝး တိုးဂိတ္အနီးတြင္ မတ္လ(၂၇)ရက္ေန႔အကူးတြင္  ဗံုးေပါက္ကြဲမႈ (၃)ခုဆက္တိုက္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဂိတ္နဲ႔ေတာ့ ေဝးပါတယ္၊ သခ်ဳႋင္ကုန္းရွိတဲ့ဘက္က သစ္ပင္ေတြအၾကားမွာ အသံမိုင္းလိုမ်ိဳး ေပါက္ကြဲတာပါ၊ ပထမတစ္ခုက (၁၁)ခြဲမွာ ကြဲတယ္၊ ဒုတိယတစ္ခါက ႏွစ္လံုးေပါင္းကြဲတာ (၁၂)ခြဲမွာျဖစ္တယ္၊ အေဆာက္အဦးနဲ႔ လူေတြဘာေတြေတာ့ ထိခိုက္မႈမရွိပါဘူး” အိုရီယမ္တယ္ဟိုက္ေဝး တိုးဂိတ္(ေက်ာက္မဲ)ရွိ စီမံကိန္းမန္ေနဂ်ာ ကိုသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ခုႏွစ္ မတ္လ (၂၆)ရက္ေန႔ ည(၁၁)နာရီခြဲ၀န္းက်င္တြင္ ပထမဦးအႀကိမ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ သက္ဆိုင္ရာရဲတပ္ဖြဲ႔ႏွင့္ နယ္ေျမခံတပ္တို႔မွ သြားေရာက္ရွင္းလင္းမႈျပဳလုပ္ေနစဥ္အတြင္း မတ္လ(၂၇)ရက္ေန႔အကူး (၀၀း၃၀)နာရီ၀န္းက်င္တြင္ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံ ေပါက္ကြဲခဲ့ျခင္းျဖစ္ကာ မိုင္း (၂)လံုးတစ္ခါတည္း ကြဲျခင္းျဖစ္ေၾကာင္း သိရသည္။

ဗံုးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ ပထမအႀကိမ္ ေပါက္ကြဲသည့္ ဗံုး(၁)လံုးမွာ အသံမိုင္းျဖစ္ၿပီး ဒုတိယအႀကိမ္ေပါက္ကြဲသည့္ မိုင္းမွာ လက္လုပ္ရီမုမိုင္းျဖစ္ေၾကာင္း နယ္ေျမခံတပ္မွ သိရသည္။

“အသံတစ္ခ်က္ ပထမဦးဆံုးၾကားေတာ့ ေျမႀကီးေတြပါ တုန္သြားတယ္၊ ေနာက္ အခိ်န္နည္းနည္းထပ္ျခားၿပီး ေသနတ္သံ ၾကားတယ္၊ ေနာက္တစ္ခါ အသံက်ယ္ထပ္ၾကားတယ္၊ အဲ့ေနရာမွာသြားၿပီး ရွင္းလင္းေရးလုပ္တဲ့ စစ္သားတစ္ဦး ဒဏ္ရာရတယ္ၾကားတယ္” ဟု အသံမိုင္းေပါက္ကြဲရာေနရာႏွင့္ အနီးဆံုးေက်းရြာျဖစ္သည့္ ပန္ေပါင္း ေက်းရြာရွိ ကားရပ္နားစခန္းတြင္ ဆိုင္ဖြင့္လွစ္ထားသူ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အဆိုပါ ေပါက္ကြဲမႈ မျဖစ္ပြားမီ မတ္လ (၂၆)ရက္ေန႔ ည(၈)နာရီခန္႔ကလည္း ျပည္ေထာင္စု လမ္းမႀကီး ေပၚတြင္ ဂုတ္တြင္းဘက္မွ ေက်ာက္မဲဘက္သို႔ လာေနသည့္ သခြားေမႊးတင္လာသည့္ (၆)ဘီး ကားတစ္စီးႏွင့္ ကားငယ္ (၂) စီးပါဝင္သည့္ ယာဥ္ (၃)စီးအား စခန္းသာေက်းရြာႏွင့္ ေက်ာက္မဲၿမိဳ႕အဝင္ ၾကားတြင္ ေသနတ္ျဖင့္ ပစ္ခတ္ ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"(၆)ဘီးကားကေတာ့ ဒရိုင္ဘာရဲ႕ ေနာက္ေက်ာက ေလကာမွန္ကို က်ည္ဆံထိတယ္၊ ကြ်န္ေတာ့္ကားက အေနာက္ မီးခြက္အေပၚမွာ က်ည္ဆံမွန္တယ္၊ ကြ်န္ေတာ့္ေနာက္က မတ္တူး ကားကေတာ့ အေနာက္ တာယာကို ရွပ္ထိမွန္တယ္၊ လူေတြေတာ့ဘာမွ မထိခိုက္ဘူး၊ စခန္းသာဘက္ကေန ေက်ာက္မဲဘက္ကို လာတဲ့လမ္းက ရင္ကြဲေတာင္ နားမွာ လမ္းရဲ႕လက္ယာဘက္ကေန ပစ္ခံရတာ ” ဟု ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈကို ႀကံဳေတြ႔ခဲ့သည့္ ယာဥ္ေပၚပါ အမ်ိဳးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆုိပါေနရာအနီးတစ္ဝိုက္တြင္ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ ႏွင့္ မတ္လအတြင္း ယခုအႀကိမ္အပါအဝင္ ယာဥ္မ်ား အားေသနတ္ျဖင့္ပစ္ခတ္မႈ ၃ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရသူ ၄ ဦး ႏွင့္ ေသဆံုးသူ ၂ ဦးရွိခဲ့ၿပီး ျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီပေါဘက်အထွက်ရှိ အိုရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်အနီးတွင် မတ်လ(၂၇)ရက်နေ့အကူးတွင် ဗုံးပေါက်ကွဲမှု (၃)ခုဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဂိတ်နဲ့တော့ ဝေးပါတယ်၊ သင်္ချိုင်ကုန်းရှိတဲ့ဘက်က သစ်ပင်တွေအကြားမှာ အသံမိုင်းလိုမျိုး ပေါက်ကွဲတာပါ၊ ပထမတစ်ခုက (၁၁)ခွဲမှာ ကွဲတယ်၊ ဒုတိယတစ်ခါက နှစ်လုံးပေါင်းကွဲတာ (၁၂)ခွဲမှာဖြစ်တယ်၊ အဆောက်အဦးနဲ့ လူတွေဘာတွေတော့ ထိခိုက်မှုမရှိပါဘူး” အိုရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်(ကျောက်မဲ)ရှိ စီမံကိန်းမန်နေဂျာ ကိုသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ခုနှစ် မတ်လ (၂၆)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်တွင် ပထမဦးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်တို့မှ သွားရောက်ရှင်းလင်းမှုပြုလုပ်နေစဉ်အတွင်း မတ်လ(၂၇)ရက်နေ့အကူး (ဝဝး၃၀)နာရီဝန်းကျင်တွင် နောက်ထပ်တစ်ကြိမ် ထပ်မံ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အသံမိုင်း ၂ လုံးတစ်ခါတည်း ကွဲခြင်းဖြစ်ကြောင်း သိရသည်။

“အသံတစ်ချက် ပထမဦးဆုံးကြားတော့ မြကြေီးတွေပါ တုန်သွားတယ်၊ နောက် အချိန်နည်းနည်းထပ်ခြားပြီး သေနတ်သံ ကြားတယ်၊ နောက်တစ်ခါ အသံကျယ်ထပ်ကြားတယ်၊ အဲ့နေရာမှာသွားပြီး ရှင်းလင်းရေးလုပ်တဲ့ စစ်သားတစ်ဦး ဒဏ်ရာရတယ်ကြားတယ်” ဟု အသံမိုင်းပေါက်ကွဲရာနေရာနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ပန်ပေါင်း ကျေးရွာရှိ ကားရပ်နားစခန်းတွင် ဆိုင်ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှု မဖြစ်ပွားမီ မတ်လ (၂၆)ရက်နေ့ ည(၈)နာရီခန့်ကလည်း ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် ဂုတ်တွင်းဘက်မှ ကျောက်မဲဘက်သို့ လာနေသည့် သခွားမွှေးတင်လာသည့် (၆)ဘီး ကားတစ်စီးနှင့် ကားငယ် (၂) စီးပါဝင်သည့် ယာဉ် (၃)စီးအား စခန်းသာကျေးရွာနှင့် ကျောက်မဲမြို့အဝင် ကြားတွင် သေနတ်ဖြင့် ပစ်ခတ် ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"(၆)ဘီးကားကတော့ ဒရိုင်ဘာရဲ့ နောက်ကျောက လေကာမှန်ကို ကျည်ဆံထိတယ်၊ ကျွန်တော့်ကားက အနောက် မီးခွက်အပေါ်မှာ ကျည်ဆံမှန်တယ်၊ ကျွန်တော့်နောက်က မတ်တူး ကားကတော့ အနောက် တာယာကို ရှပ်ထိမှန်တယ်၊ လူတွေတော့ဘာမှ မထိခိုက်ဘူး၊ စခန်းသာဘက်ကနေ ကျောက်မဲဘက်ကို လာတဲ့လမ်းက ရင်ကွဲတောင် နားမှာ လမ်းရဲ့လက်ယာဘက်ကနေ ပစ်ခံရတာ ” ဟု သေနတ်ဖြင့် ပစ်ခတ်ခံရမှုကို ကြုံတွေ့ခဲ့သည့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါနေရာအနီးတစ်ဝိုက်တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ နှင့် မတ်လအတွင်း ယခုအကြိမ်အပါအဝင် ယာဉ်များ အားသေနတ်ဖြင့်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၄ ဦး နှင့် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~