ေကာင္းမြန္ေသာေဆး၀ါး ေရာင္းခ်မႈက်င္႔စဥ္ GPP လက္စြဲစာအုပ္မ်ားအား မေကြးၿမိဳ႕တြင္ ျဖန္႔ေဝ

ေကာင္းမြန္ေသာေဆး၀ါး ေရာင္းခ်မႈက်င္႔စဥ္ GPP လက္စြဲစာအုပ္မ်ားအား မေကြးၿမိဳ႕တြင္ ျဖန္႔ေဝ
မတ် 20, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မေကြးၿမိဳ႕မွ ေဆးဝါး၊ လက္လီ၊ လက္ကၠားျဖန္႔ျဖဴးေရာင္းခ်သူမ်ားအား ေကာင္းမြန္ေသာ ေဆး၀ါးေရာင္းခ်မႈက်င္႔စဥ္ Good Pharmacy Practice (GPP) လက္စြဲစာအုပ္မ်ား ျဖန္႔ေ၀ျခင္းႏွင္႔ စာအုပ္ပါအေၾကာင္းအရာမ်ား ႐ွင္းလင္းပြဲကို မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၌ မတ္လ(၂၀)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

“ ဌာနက Guideline စာအုပ္ထြက္္လာပါတယ္။ ေဆးေရာင္းခ်တဲ႔ေနရာမွာ ေဆးအရည္အေသြးျပည္႔၀ၿပီး အာနိသင္ျပည္႔ဝတဲ႔ ေဆးေတြျပည္သူေတြထံေရာင္းခ်ျဖန္႔ျဖဴးႏိုင္ဖို႔ ေဆးဆိုင္ေတြဟာ ေကာင္းမြန္ေသာ ေဆး၀ါး ေရာင္းခ်မႈ က်င္႔စဥ္စာအုပ္ပါ အဂၤါရပ္ေတြနဲ႔ ညီညြတ္ရမယ္ဆိုၿပီး ထည္႔သြင္းေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံနဲ႔ လိုက္ေလ်ာညီေထြ႐ွိတဲ႔ Guideline ကိုေရးဆြဲထားၿပီး ဒါကို ျဖန္႔ေဝ႐ွင္းလင္းျခင္းလည္း ျဖစ္ပါတယ္"ဟုု အစားအေသာက္ႏွင္႔ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန၊ ဦးစီးအရာ႐ွိ(ေဆး၀ါး) ေဒၚေမသႏၱာ ဝင္းလတ္ က ေျပာသည္။

မေကြးၿမိဳ႕နယ္တြင္ ေဆးဆိုင္(၁၀၀) ေက်ာ္႐ွိသည့္အနက္ ပထမဆံုးအႀကိမ္အျဖစ္ ဆုိင္ (၂၀)ကို ဖိတ္ၾကားရွင္းလင္းျခင္းျဖစ္ၿပီး က်န္ေဆးဆိုင္မ်ားကိုလည္း ဆက္လက္ ဖိတ္ၾကား ႐ွင္းလင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆးဆိုင္မ်ားကို စစ္ေဆးခဲ႔ရာတြင္ သတ္မွတ္ဆိုင္အက်ယ္အ၀န္း ၊ ဖုန္ထူေဒသျဖစ္၍ေဆး ဆိုင္မ်ား သန္႔႐ွင္းမႈ ၊ Storage အပိုင္း၌ စတိုသီးသန္႔ထား႐ွိမႈ ၊ အခန္းအပူခ်ိန္ ေလ်ာ႔ ခ်ႏိုင္မႈ တို႔ကို က်င္႔စဥ္ နည္းလမ္းအမ်ားအရ ႏိႈင္းယွဥ္လွ်င္ (၅၀) ရာခိုင္ႏႈန္းခန္႔သာ ညီၫြတ္မႈ ႐ွိသည္ သိရသည္။

“ ဒီ႐ွင္းလင္းပြဲကေန ေဆး၀ါးေရာင္းခ်မႈ ၊ ျဖန္႔ျဖဴးမႈ ၊ သိုေလွာင္မႈ ၊ ထုတ္လုပ္မႈက်င္႔စဥ္ ေတြကို သိခြင္႔ရခဲ႔ပါတယ္။ စာအုပ္ေတြကို လည္းေဆးဆိုင္တိုင္းကို ေဝထားသင္႔ပါတယ္။ ဥပေဒတစ္ခုသတ္မွတ္ၿပီး ေ႐ွာင္တခင္စစ္ ေဆး အေရးယူတာမ်ိဳးထက္ အခုလို ဒီလို လုပ္ရင္ စည္းကမ္းနဲ႔ညီၫြတ္တယ္။ ဒီလိုမလုပ္ရင္စည္းကမ္းနဲ႔မညီတဲ့အတြက္ အေရးယူမယ္ဆိုတာမ်ိဳး ခ်ျပ႐ွင္းလင္းၿပီးမွ ေ႐ွာင္တခင္ စစ္ေဆးအေရးယူတာမ်ိဳး လုပ္သင့့္ပါတယ္။ အဲလိုလုပ္မယ္ဆိုတာ သိရလို႔လည္း ႀကိဳဆိုပါတယ္" ဟု ေဆးဆိုင္ ပိုင္႐ွင္တစ္ဦး ျဖစ္သူ ဦးႏိုင္လင္းက ေျပာသည္။

႐ွင္းလင္းပြဲတြင္ GPPလက္စြဲစာအုပ္မ်ားႏွင္႔ ပညာေပးဗီႏိုင္းမ်ားေပးအပ္ခဲ႔ၿပီး ေဆးဆိုင္ပိုင္႐ွင္မ်ား၏ ေမးျမန္းမႈအေပၚ ျပန္လည္႐ွင္း လင္းေျဖၾကားခဲဲ႔ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မကွေးမြို့မှ ဆေးဝါး၊ လက်လီ၊ လက်က္ကားဖြန့်ဖြူးရောင်းချသူများအား ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် Good Pharmacy Practice (GPP) လက်စွဲစာအုပ်များ ဖြန့်ဝခြေင်းနှင့် စာအုပ်ပါအကြောင်းအရာများ ရှင်းလင်းပွဲကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ မတ်လ(၂၀)ရက်နေ့က ကျင်းပကြောင်း သိရသည်။

“ ဌာနက Guideline စာအုပ်ထွက်လာပါတယ်။ ဆေးရောင်းချတဲ့နေရာမှာ ဆေးအရည်အသွေးပြည့်ဝပြီး အာနိသင်ပြည့်ဝတဲ့ ဆေးတွပြေည်သူတွေထံရောင်းချဖြန့်ဖြူးနိုင်ဖို့ ဆေးဆိုင်တွေဟာ ကောင်းမွန်သော ဆေးဝါး ရောင်းချမှု ကျင့်စဉ်စာအုပ်ပါ အင်္ဂါရပ်တွေနဲ့ ညီညွတ်ရမယ်ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ Guideline ကိုရေးဆွဲထားပြီး ဒါကို ဖြန့်ဝေရှင်းလင်းခြင်းလည်း ဖြစ်ပါတယ်"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ(ဆေးဝါး) ဒေါ်မေသန္တာ ဝင်းလတ် က ပြောသည်။

မကွေးမြို့နယ်တွင် ဆေးဆိုင်(၁၀၀) ကျော်ရှိသည့်အနက် ပထမဆုံးအကြိမ်အဖြစ် ဆိုင် (၂၀)ကို ဖိတ်ကြားရှင်းလင်းခြင်းဖြစ်ပြီး ကျန်ဆေးဆိုင်များကိုလည်း ဆက်လက် ဖိတ်ကြား ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးဆိုင်များကို စစ်ဆေးခဲ့ရာတွင် သတ်မှတ်ဆိုင်အကျယ်အဝန်း၊ ဖုန်ထူဒေသဖြစ်၍ဆေး ဆိုင်များ သန့်ရှင်းမှု၊ Storage အပိုင်း၌ စတိုသီးသန့်ထားရှိမှု၊ အခန်းအပူချိန် လျော့ ချနိုင်မှု တို့ကို ကျင့်စဉ် နည်းလမ်းအများအရ နှိုင်းယှဉ်လျှင် (၅၀) ရာခိုင်နှုန်းခန့်သာ ညီညွတ်မှု ရှိသည် သိရသည်။

“ ဒီရှင်းလင်းပွဲကနေ ဆေးဝါးရောင်းချမှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ ထုတ်လုပ်မှုကျင့်စဉ် တွေကို သိခွင့်ရခဲ့ပါတယ်။ စာအုပ်တွေကို လည်းဆေးဆိုင်တိုင်းကို ဝေထားသင့်ပါတယ်။ ဥပဒေတစ်ခုသတ်မှတ်ပြီး ရှောင်တခင်စစ် ဆေး အရေးယူတာမျိုးထက် အခုလို ဒီလို လုပ်ရင် စည်းကမ်းနဲ့ညီညွတ်တယ်။ ဒီလိုမလုပ်ရင်စည်းကမ်းနဲ့မညီတဲ့အတွက် အရေးယူမယ်ဆိုတာမျိုး ချပြရှင်းလင်းပြီးမှ ရှောင်တခင် စစ်ဆေးအရေးယူတာမျိုး လုပ်သင့်ပါတယ်။ အဲလိုလုပ်မယ်ဆိုတာ သိရလို့လည်း ကြိုဆိုပါတယ်" ဟု ဆေးဆိုင် ပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးနိုင်လင်းက ပြောသည်။

ရှင်းလင်းပွဲတွင် GPPလက်စွဲစာအုပ်များနှင့် ပညာပေးဗီနိုင်းများပေးအပ်ခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်များ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်း လင်းဖြကြေားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~