တရုတ္ႏုိင္ငံအေနျဖင့္ ျမန္မာႏိုင္ငံရိွ တိုင္းရင္းသားလူမ်ဳိးမ်ားအား အထူးအေလးေပး ကူညီေစာင့္ေရွာက္ေပးပါရန္ အႏူးအၫြတ္ေတာင္းဆိုေၾကာင္း FPNCC ထုတ္ျပန္

တရုတ္ႏုိင္ငံအေနျဖင့္ ျမန္မာႏိုင္ငံရိွ တိုင္းရင္းသားလူမ်ဳိးမ်ားအား အထူးအေလးေပး ကူညီေစာင့္ေရွာက္ေပးပါရန္ အႏူးအၫြတ္ေတာင္းဆိုေၾကာင္း FPNCC ထုတ္ျပန္
မတ် 20, 2018
By Tachileik News Agency

NCA လက္မွတ္ေရးထုိးျခင္း မရိွသည့္ အဖြဲ႕မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ FPNCC က တရုတ္ႏုိင္ငံ သမၼတႀကီး မစၥတာရီွက်င္းဖ်င္အတြက္ ဂုဏ္ယူ၀မ္းေျမာက္ေၾကာင္းသ၀ဏ္လႊာကို မတ္လ (၂၀)ရက္ေန႔တြင္ ျမန္မာ၊ အဂၤလိပ္နွင့္ တရုတ္ဘာသာမ်ားျဖင့္ ထုတ္ျပန္လုိက္သည္။

“သမၼတႀကီး မစၥတာရီွက်င္းဖ်င္ ဦးေဆာင္သည့္ တ႐ုတ္ႏိုင္ငံအစိုးရအေနျဖင့္ လက္ရိွ စစ္ေရး၊ ႏိုင္ငံေရး အက်ပ္အတည္း ခက္ခဲႀကီးမားစြာ ရင္ဆိုင္ေနရသည့္ အိမ္နီးခ်င္း ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး၊ စစ္ေရး ျပႆနာကို ဦးေဆာင္ ေျဖရွင္းေပးပါရန္ႏွင့္ တ႐ုတ္ - ျမန္မာ နယ္စပ္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အေရးပါသည့္ ျမန္မာႏိုင္ငံရိွ တိုင္းရင္းသားလူမ်ဳိးမ်ားအား အထူးအေလးေပး ကူညီေစာင့္ေရွာက္ေပးပါရန္ အႏူးအၫြတ္ေတာင္းဆိုတင္ျပရင္း ျပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညိႇႏိႈင္းေရး ေကာ္မတီ FPNCC ၏ ဂုဏ္ယူ၀မ္းေျမာက္ေၾကာင္းသ၀ဏ္လႊာကို ထုတ္ျပန္အပ္ပါသည္”ဟု အဆုိပါထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

တစ္ႏုိင္ငံလံုး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ (Nationwide Ceasefire Agreement – NCA) လက္မွတ္ေရးထုိးျခင္း မရိွသည့္အဖြဲ႕(၇)ဖြဲ႕ျဖစ္သည့္  UWSA ၊ KIA ၊  TNLA၊ NDAA ၊ SSPP/SSA ၊ AA ႏွင့္ MNDAA တို႔ျဖင့္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညိႇႏိႈင္းေရးေကာ္မတီ (Federal Political Negotiation and Consultative Committee -FPNCC)က သမၼတ ရီွက်င္းဖ်င္အား တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံေတာ္ သမၼတႏွင့္တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ စစ္ေရး ဗဟိုေကာ္မတီ ဥကၠ႒ အျဖစ္ တာ၀န္ထမ္းေဆာင္ရန္ ေရြးေကာက္လိုက္သည္ႏွင့္ပတ္သက္၍ သေဘာထားေၾကညာခ်က္ ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံကို ပိုမိုဖြံ႕ၿဖိဳးအားေကာင္းလာေစရန္သာမက ကမၻာတစ္၀ွမ္းလံုးရိွ ျပည္သူမ်ားပိုမိုတိုးတက္ ဖြံ႔ၿဖိဳးလာေစမည့္ ႏိုင္ငံေရးဦးေဆာင္မႈျဖစ္သည့္ “ ရွီက်င္းဖ်င္ အေတြးအေခၚ Xi Jinping Thought ” ကို ေခတ္ႏွင့္ ေလ်ာ္ညီသည့္ ႏိုင္ငံေရးအေတြးအေခၚအျဖစ္ႀကိဳဆိုၿပီး သမၼတ ရွီက်င္းဖ်င္၏ ဦးေဆာင္မႈေအာက္တြင္ တ႐ုတ္ႏိုင္ငံ၏ “One Belt One Road” စီမံကိန္းသည္ ကမၻာတစ္၀ွမ္းလံုးရိွ ျပည္သူမ်ားအား ပိုမိုတိုးတက္ဖြံ႕ၿဖိဳးလာပါေစဟုလည္း ဆုမြန္ေကာင္း ေတာင္းဆိုအပ္ပါသည္ဟု အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ဒုတိယသမၼတအျဖစ္ ေရြးေကာက္ခံရသည့္ မစၥတာ ၀မ္ခ်ီရွန္း၊ ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရသည့္ မစၥတာ လီေခးခ်န္တို႔အတြက္လည္း ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း အဆုိပါ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - FPNCC


~~~~~~~~⊰❂ unicode ~~~~~~~~

NCA လက်မှတ်ရေးထိုးခြင်း မရှိသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် FPNCC က တရုတ်နိုင်ငံ သမ္မတကြီး မစ္စတာရှီကျင်းဖျင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကို မတ်လ (၂၀)ရက်နေ့တွင် မြန်မာ၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာများဖြင့် ထုတ်ပြန်လိုက်သည်။

“သမ္မတကြီး မစ္စတာရှီကျင်းဖျင် ဦးဆောင်သည့် တရုတ်နိုင်ငံအစိုးရအနဖြေင့် လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း ခက်ခဲကြီးမားစွာ ရင်ဆိုင်နေရသည့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး ပြဿနာကို ဦးဆောင် ဖြေရှင်းပေးပါရန်နှင့် တရုတ် - မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအား အထူးအလေးပေး ကူညီစောင့်ရှောက်ပေးပါရန် အနူးအညွတ်တောင်းဆိုတင်ပြရင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC၏ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ထုတ်ပြန်အပ်ပါသည်”ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement – NCA) လက်မှတ်ရေးထိုးခြင်း မရှိသည့်အဖွဲ့(၇)ဖွဲ့ဖြစ်သည့် UWSA၊ KIA၊ TNLA၊ NDAA၊ SSPP/SSA၊ AA နှင့် MNDAA တို့ဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (Federal Political Negotiation and Consultative Committee -FPNCC)က သမ္မတ ရှီကျင်းဖျင်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော် သမ္မတနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးကောက်လိုက်သည်နှင့်ပတ်သက်၍ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကို ပိုမိုဖွံ့ဖြိုးအားကောင်းလာစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများပိုမိုတိုးတက် ဖွံ့ဖြိုးလာစေမည့် နိုင်ငံရေးဦးဆောင်မှုဖြစ်သည့် “ ရှီကျင်းဖျင် အတွေးအခေါ် Xi Jinping Thought ” ကို ခေတ်နှင့် လျော်ညီသည့် နိုင်ငံရေးအတွေးအခေါ်အဖြစ်ကြိုဆိုပြီး သမ္မတ ရှီကျင်းဖျင်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ “One Belt One Road” စီမံကိန်းသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများအား ပိုမိုတိုးတက်ဖွံ့ဖြိုးလာပါစေဟုလည်း ဆုမွန်ကောင်း တောင်းဆိုအပ်ပါသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသည့် မစ္စတာ ဝမ်ချီရှန်း၊ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည့် မစ္စတာ လီခေးချန်တို့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - FPNCC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~