ယခင္က ရန္စေၾကာင့္ လူ(၃)ဦးမွ ၀ိုင္းရိုက္ကာ ဆိုင္ကယ္ႏွင့္ႀကိတ္သတ္မႈေၾကာင့္ ေသဆံုးမႈျဖစ္ပြား

ယခင္က ရန္စေၾကာင့္ လူ(၃)ဦးမွ ၀ိုင္းရိုက္ကာ ဆိုင္ကယ္ႏွင့္ႀကိတ္သတ္မႈေၾကာင့္ ေသဆံုးမႈျဖစ္ပြား
မတ် 21, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေမာ္ခ်ီးစုစည္းေက်းရြာတြင္ ယခင္က ရန္စရွိဖူးသူ လူသံုးဦးမွ ၀ိုင္း၀န္းရိုက္ႏွက္မႈေၾကာင့္ လူငယ္တစ္ဦး ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕ ႏြားလဝုိးေက်းရြာအုပ္စု၊ ေမာ္​ခ်ီးစုစည္းေက်းရြာတြင္​​ ေနထိုင္​​ေသာ ေဒၚသိန္းတင္၏ ေနအိမ္သုိ႔ ၎၏ တူေတာ္စပ္သူ ေမာင္တင္အုန္းမွာ ကရင္ျပည္နယ္ လိပ္​သိုၿမိဳ႕မွလာ ေရာက္လည္ပတ္ ေနထုိင္ခ်ိန္​ ယခုလို လူသတ္​မႈ႕ျဖစ္​ပြားရခဲ့ျခင္​း ျဖစ္​​ေၾကာင္​း သိရသည္​။

၂၀၁၈ခုႏွစ္ မတ္​လ (၁၉)ရက္ေန႔ ည (၇)နာရီခြဲ ၀န္းက်င္က ​ေမာင္​တင္​အုန္​းမွာ ေဒၚျဖစ္သူႏွင့္ ထမင္းအတူ စားေနစဥ္ တစ္ရြာတည္းေနသူျဖစ္ေသာ ရွားရယ္၊ ေစာကီးဖႏွင့္ ေစာကေဘးအီလာတုိ႔မွ ၎အား အိမ္အျပင္ဘက္သုိ႔ ေခၚေဆာင္သြားခဲ႔ၿပီး ေနအိမ္အျပင္ဘက္ လမ္းမအေရာက္တြင္ လြန္ခဲ႔ေသာ သုံးႏွစ္ခန္႔က ရွားရယ္၏ ဆုိင္ကယ္အား ေမာင္တင္အုန္းမွ ေရာင္းခ်ခဲ႔​ေသာ ကိစၥႏွင့္ပတ္သတ္၍ စကား မ်ားရာမွ ရွားရယ္၊ ေစာကီးဖႏွင့္ ေစာကေဘးအီလာတုိ႔မွ ဝုိင္းဝန္း ထုိးႀကိတ္ ကန္ေက်ာက္ခဲ႔မႈေၾကာင့္ ေမာင္တင္အုန္းမွာ အခင္းျဖစ္ေနရာ၌ လဲက်ေနစဥ္ ရွားရယ္မွဆုိင္ကယ္ျဖင့္ ဦးေခါင္းအား ႀကိတ္ခဲ႔ၿပီး ​ေမာင္တင္အုန္း အားဆုိင္ကယ္ အလည္တြင္ညႇပ္ကာ ေစာကီးဖမွ အေနာက္မွေန၍ လယ္ထြဲေက်းရြာ ဖက္သုိ႔ ေမာင္းႏွင္ကာ ေမာင္တင္အုန္း အား လမ္းေဘးတစ္ေနရာတြင္​ ပစ္​ခ်ထားခဲ႔​ေၾကာင္​း သိရသည္​။

အဆိုပါ အခင္​းျဖစ္ပြားခဲ႔ၿပီး ​ေနာက္​ ေဒၚေနာ္ကြီးမွ ေမာင္တင္အုန္း ၏ အေဒၚျဖစ္သူ ေဒၚသိန္းတင္ထံသုိ႔ သြားေရာက္ကာ သူ၏ၿခံေရွ႕တြင္ ေမာင္တင္အုန္းအား ေသဆုံးလွ်က္ေတြ႔ရွိေၾကာင္း လာေရာက္အေၾကာင္း ၾကားခဲ႔ရာ သက္ဆုိင္ရာလူႀကီးမ်ားႏွင့္ အေလာင္းအား သြားေရာက္ၾကည့္ရႈခဲ့ၿပီး ဦးေခါင္း၊ နဖူးႏွင့္ (ယာ)မ်က္ခုံး တုိ႔တြင္ ဖူးေရာင္ဒဏ္ရာမ်ား၊ ပါးစပ္ႏွင့္ ႏွာေခါင္းတုိ႔မွ ေသြးထြက္ဒဏ္ရာမ်ား ႏွင့္ ေမာင္တင္အုန္းမွာ ေသဆုံး လ်က္ေတြ႕ရွိခဲ႔သျဖင့္ အ​ေဒၚျဖစ္​သူ ​ေဒၚသိန္​းတင္​မွ တရားလို ျပဳလုပ္​၍ တိုင္​တန္​းခဲ့ျခင္​းျဖစ္​သည္​။

ပတ္​ဝန္​းက်င္​မွ ​ေျပာျပခ်က္​အရ လြန္​ခဲ့​ေသာ ႏွစ္​ႏွစ္​ခန္​႔က ​ေမာင္​တင္​အုန္​းမွာ၎ ​ေနထိုင္​ရာ ကရင္​ျပည္​နယ္​ လိပ္​သိုၿမိဳ႕သို႔ လိုက္​ပို႔ဖို႔ ​ေမာင္​႐ွားရယ္​အား ဓားျဖင္​့​ေထာက္​ကာ ဆိုင္​ကယ္​ျဖင္​့ လိုက္​ပို္​႔ေစခဲ့ၿပီး အဆိုပါ ဆိုင္​ကယ္​အား ​ေမာင္​တင္​အုန္​းမွ ​ေရာင္​းခ်လိုက္​ျခင္​း​ေၾကာင္​့ ​ေမာင္​း႐ွားရယ္​မွ ဆိုင္​ကယ္​ပိုင္​႐ွင္​အား အေလ်ာ္​​ေပး လိုက္​ရဖူး​ေၾကာင္​း သိရၿပီး အဆိုပါ အခ်ိန္​က႐ွိခဲ့​ေသာ ရန္​စ​ေၾကာင္​့ အခုလို လူသတ္​မႈ႕ျဖစ္​ပြားရျခင္​းျဖစ္​ႏို္​​င္​​ေၾကာင္​း ​ေဒသခံမ်ားက ​ေျပာျပသည္​။

​ေမာင္​တင္​အုန္​းအား ေသဆုံးေအာင္ ဝုိင္းဝန္းထုိးႀကိတ္ၿပီး ဆုိင္ကယ္ျဖင္​့ ႀကိတ္သတ္သူမ်ားျဖစ္​သည့္​ ​ရွားရယ္၊ ေစာကီးဖႏွင့္ ေစာကေဘးအီလာ တို႔အား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္း(ပ) ၄၁/၂၀၁၈ ျပစ္မႈႀကီးအမွတ္စဥ္ (၆/၂၀၁၈) ရာဇသတ္ႀကီးဥပေဒပုဒ္မ - ၃၀၂/၁၁၄အရ အမႈဖြင့္ စစ္ေဆး လွ်က္ရွိေၾကာင္းသိရွိရပါသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မော်ချီးစုစည်းကျေးရွာတွင် ယခင်က ရန်စရှိဖူးသူ လူသုံးဦးမှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ မော်​ချီးစုစည်းကျေးရွာတွင်​​ နေထိုင်​​သော ဒေါ်သိန်းတင်၏ နေအိမ်သို့၎င်း၏ တူတော်စပ်သူ မောင်တင်အုန်းမှာ ကရင်ပြည်နယ် လိပ်​သိုမြို့မှလာ ရောက်လည်ပတ် နေထိုင်ချိန်​ ယခုလို လူသတ်​မှု့ဖြစ်​ပွားရခဲ့ခြင်​း ဖြစ်​​ကြောင်​း သိရသည်​။

၂၀၁၈ခုနှစ် မတ်​လ (၁၉)ရက်နေ့ ည (၇)နာရီခွဲ ဝန်းကျင်က ​မောင်​တင်​အုန်​းမှာ ဒေါ်ဖြစ်သူနှင့် ထမင်းအတူ စားနေစဉ် တစ်ရွာတည်းနေသူဖြစ်သော ရှားရယ်၊ စောကီးဖနှင့် စောကဘေးအီလာတို့မှ၎င်းအား အိမ်အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး နေအိမ်အပြင်ဘက် လမ်းမအရောက်တွင် လွန်ခဲ့သော သုံးနှစ်ခန့်က ရှားရယ်၏ ဆိုင်ကယ်အား မောင်တင်အုန်းမှ ရောင်းချခဲ့​သော ကိစ္စနှင့်ပတ်သတ်၍ စကား များရာမှ ရှားရယ်၊ စောကီးဖနှင့် စောကဘေးအီလာတို့မှ ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ခဲ့မှုကြောင့် မောင်တင်အုန်းမှာ အခင်းဖြစ်နေရာ၌ လဲကျနေစဉ် ရှားရယ်မှဆိုင်ကယ်ဖြင့် ဦးခေါင်းအား ကြိတ်ခဲ့ပြီး ​မောင်တင်အုန်း အားဆိုင်ကယ် အလည်တွင်ညှပ်ကာ စောကီးဖမှ အနောက်မှနေ၍ လယ်ထွဲကျေးရွာ ဖက်သို့ မောင်းနှင်ကာ မောင်တင်အုန်း အား လမ်းဘေးတစ်နေရာတွင်​ ပစ်​ချထားခဲ့​ကြောင်​း သိရသည်​။

အဆိုပါ အခင်​းဖြစ်ပွားခဲ့ပြီး ​နောက်​ ဒေါ်နော်ကွီးမှ မောင်တင်အုန်း၏ အဒေါ်ဖြစ်သူ ဒေါ်သိန်းတင်ထံသို့ သွားရောက်ကာ သူ၏ခြံရှေ့တွင် မောင်တင်အုန်းအား သေဆုံးလျှက်တွေ့ရှိကြောင်း လာရောက်အကြောင်း ကြားခဲ့ရာ သက်ဆိုင်ရာလူကြီးများနှင့် အလောင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး ဦးခေါင်း၊ နဖူးနှင့် (ယာ)မျက်ခုံး တို့တွင် ဖူးရောင်ဒဏ်ရာများ၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာများ နှင့် မောင်တင်အုန်းမှာ သေဆုံး လျက်တွေ့ရှိခဲ့သဖြင့် အ​ဒေါ်ဖြစ်​သူ ​ဒေါ်သိန်​းတင်​မှ တရားလို ပြုလုပ်​၍ တိုင်​တန်​းခဲ့ခြင်​းဖြစ်​သည်​။

ပတ်​ဝန်​းကျင်​မှ ​ပြောပြချက်​အရ လွန်​ခဲ့​သော နှစ်​နှစ်​ခန်​့က ​မောင်​တင်​အုန်​းမှာ၎င်း ​နေထိုင်​ရာ ကရင်​ပြည်​နယ်​ လိပ်​သိုမြို့သို့ လိုက်​ပို့ဖို့ ​မောင်​ရှားရယ်​အား ဓားဖြင်​့​ထောက်​ကာ ဆိုင်​ကယ်​ဖြင်​့ လိုက်​ပို်​့စေခဲ့ပြီး အဆိုပါ ဆိုင်​ကယ်​အား ​မောင်​တင်​အုန်​းမှ ​ရောင်​းချလိုက်​ခြင်​း​ကြောင်​့ ​မောင်​းရှားရယ်​မှ ဆိုင်​ကယ်​ပိုင်​ရှင်​အား အလျော်​​ပေး လိုက်​ရဖူး​ကြောင်​း သိရပြီး အဆိုပါ အချိန်​ကရှိခဲ့​သော ရန်​စ​ကြောင်​့ အခုလို လူသတ်​မှု့ဖြစ်​ပွားရခြင်​းဖြစ်​နို်​​င်​​ကြောင်​း ​ဒေသခံများက ​ပြောပြသည်​။

​မောင်​တင်​အုန်​းအား သေဆုံးအောင် ဝိုင်းဝန်းထိုးကြိတ်ပြီး ဆိုင်ကယ်ဖြင်​့ ကြိတ်သတ်သူများဖြစ်​သည့်​ ​ရှားရယ်၊ စောကီးဖနှင့် စောကဘေးအီလာ တို့အား လွိုင်ကော်မြို့မရဲစခန်း(ပ) ၄၁/၂၀၁၈ ပြစ်မှုကြီးအမှတ်စဉ် (၆/၂၀၁၈) ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂/၁၁၄အရ အမှုဖွင့် စစ်ဆေး လျှက်ရှိကြောင်းသိရှိရပါသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~