တာခ်ီလိတ္ၿမိဳ႕ ေဂါက္ကြင္းအဆင္းလမ္းတြင္ ဆိုင္ကယ္တစ္စီး မီးေလာင္

တာခ်ီလိတ္ၿမိဳ႕ ေဂါက္ကြင္းအဆင္းလမ္းတြင္ ဆိုင္ကယ္တစ္စီး မီးေလာင္
မတ် 11, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္း အဆင္းလမ္းရွိ ကြမ္းယာဆိုင္တြင္ ဆိုင္ကယ္စက္ႏိုးရာမွ မီးေလာင္မႈ ျဖစ္ပြားရာ ဆိုင္ကယ္တစ္စီးလံုး မီးေလာင္ကြ်မ္းသြားေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ မတ္လ(၁၁)ရက္ေန႔ နံနက္(၈)နာရီ (၄၅)မိနစ္၀န္းက်င္ အခ်ိန္က စတင္ ေလာင္ကြ်မ္းျခင္းျဖစ္ၿပီး   မီးေလာင္ကြ်မ္းမႈေၾကာင့္ ဆိုင္ကယ္တစ္စီး မီးေလာင္ကြ်မ္းသြားရာ အဆိုပါ ဆိုင္ကယ္မွာ လိုင္စင္ရွိ ဆိုင္ကယ္ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္ကြ်မ္းသည့္ ေနရာသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ရင္းမွ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္း အပါအ၀င္ သေႏၶႏွင့္အရန္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္  တာ၀န္သိ ျပည္သူမ်ားေရာက္ရွိကာ အခ်ိန္မီ စုေပါင္း၍ ၿငိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။

ဆိုင္ကယ္မွာ စက္ႏိုးရာက မီးေလာင္ကြ်မ္းသည္ဟု သိရွိထားေသာ္လည္း မည္ကဲ့သို႔ စတင္ ေလာင္ကြ်မ္းသည္ကို သိရွိႏိုင္ရန္အတြက္ သက္ဆိုင္ရာမွ ဆက္လက္ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ဦးတင့္ေဆြ၊ ကိုဇင္




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်း အဆင်းလမ်းရှိ ကွမ်းယာဆိုင်တွင် ဆိုင်ကယ်စက်နိုးရာမှ မီးလောင်မှု ဖြစ်ပွားရာ ဆိုင်ကယ်တစ်စီးလုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

၂၀၁၈ခုနှစ် မတ်လ(၁၁)ရက်နေ့ နံနက်(၈)နာရီ (၄၅)မိနစ်ဝန်းကျင် အချိန်က စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းသွားရာ အဆိုပါ ဆိုင်ကယ်မှာ လိုင်စင်ရှိ ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းသည့် နေရာသို့ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း နှင့် တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်း အပါအဝင် သန္ဓနှေင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများရောက်ရှိကာ အချိန်မီ စုပေါင်း၍ ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ဆိုင်ကယ်မှာ စက်နိုးရာက မီးလောင်ကျွမ်းသည်ဟု သိရှိထားသော်လည်း မည်ကဲ့သို့ စတင် လောင်ကျွမ်းသည်ကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာမှ ဆက်လက် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးတင့်ဆွေ၊ ကိုဇင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~