ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏိုင္ငံသား (၃၅)ဦးအား တာခ်ီလိတ္သို႔ ျပန္လည္ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏိုင္ငံသား (၃၅)ဦးအား တာခ်ီလိတ္သို႔ ျပန္လည္ လႊဲေျပာင္း
မတ် 19, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏိုင္ငံတြင္ တရားမဝင္ ေနထုိင္သည့္ ျမန္မာႏုိင္ငံသား (၃၅)ဦးကို မတ္လ (၁၉)ရက္ေန႔ ေန႔လည္ပိုင္းက လႊဲေျပာင္းေပးလာရာ ယခုႏွစ္ အတြင္း ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာမႈမ်ားတြင္ လူဦးေရ အမ်ားဆံုးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသား (၁၈)ဦး၊ အမ်ိဳးသမီး(၁၂) ဦးႏွင့္ ကေလးငယ္( ၅)ဦး ပါဝင္သည့္  စုစုေပါင္း( ၃၅ )ဦးကုိ ထုိင္းနုိင္ငံမွ တာဝန္ရိွသူမ်ားက ေန႔လယ္ (၂)နာရီခြဲဝန္းက်င္တြင္ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၂) ျမန္မာဘက္ျခမ္းတြင္ လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လြႊဲေျပာင္းေပးလာမႈမ်ားတြင္ အဆိုပါ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားမွာ ၎တုိ႕ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္ သက္တမ္းလြန္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္း၊ အေထာက္အထားမရွိဘဲ အလုပ္ လုပ္ကိုင္ျခင္း စသည္တုိ႔ေၾကာင့္ ဖမ္းဆီးခံရၿပီး ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႕ျပန္လည္ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းဘက္မွ လႊဲေျပာင္းေပးလာရာတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္ကူးမွဳတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC  ) ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက လက္ခံၾကေၾကာင္း သိရသည္။

ထိုသို႔ လႊဲေျပာင္းေပးလာရာ ရံဖန္ရံခါမ်ားတြင္ ျမန္မာႏိုင္ငံသားမဟုတ္သည့္ အျခားႏိုင္ငံသားမ်ားလည္း ပါ၀င္လာတတ္သည့္အတြက္ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံေၾကာင္း သိရသည္။

ယခုလို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာမႈမ်ားသည္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ မတ္လ(၁၉)ရက္ေန႔အထိ စုစုေပါင္း (၁၅၁)ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
 ဓါတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္ ၊ APS


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား (၃၅)ဦးကို မတ်လ (၁၉)ရက်နေ့ နေ့လည်ပိုင်းက လွှဲပြောင်းပေးလာရာ ယခုနှစ် အတွင်း ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာမှုများတွင် လူဦးရေ အများဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

အမျိုးသား (၁၈)ဦး၊ အမျိုးသမီး(၁၂) ဦးနှင့် ကလေးငယ်( ၅)ဦး ပါဝင်သည့် စုစုပေါင်း( ၃၅ )ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) မြန်မာဘက်ခြမ်းတွင် လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာမှုများတွင် အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့် သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ အလုပ် လုပ်ကိုင်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံကြကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးလာရာ ရံဖန်ရံခါများတွင် မြန်မာနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါဝင်လာတတ်သည့်အတွက် မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံကြောင်း သိရသည်။

ယခုလို တာချီလိတ်သို့ လွှဲပြောင်းပေးလာမှုများသည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ စုစုပေါင်း (၁၅၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
 ဓာတ်ပုံ #မြို့နယ်ထွေ/အုပ်၊ APS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~