တာခ်ီလိတ္ - တာေလလမ္းေပၚ လမ္းေဘးရပ္ထားသည့္ (၆)ဘီးကားအား ဆိုင္ကယ္ျဖင့္ ၀င္တိုက္မိရာမွ လူငယ္(၂)ဦး ေျခလက္က်ဳိးကာ ဒဏ္ရာျပင္းထန္

တာခ်ီလိတ္ - တာေလလမ္းေပၚ လမ္းေဘးရပ္ထားသည့္ (၆)ဘီးကားအား ဆိုင္ကယ္ျဖင့္ ၀င္တိုက္မိရာမွ လူငယ္(၂)ဦး ေျခလက္က်ဳိးကာ ဒဏ္ရာျပင္းထန္
မတ် 24, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္း တာခ်ီလိတ္ - တာေလ သြားလမ္းမႀကီးေပၚတြင္ စက္ပ်က္ေန၍ လမ္းေဘးရပ္တန္႔ထားသည့္ (၆)ဘီးကားအား ဆိုင္ကယ္ျဖင့္ အရွိန္ျပင္းစြာ ၀င္ေရာက္ တိုက္မိရာမွ ဆိုင္ကယ္ေပၚမွ လူငယ္ႏွစ္ဦး ေျခလက္က်ဳိးကာ  ျပင္းထန္သည့္ ဒဏ္ရာမ်ား ရရွိသြား၍ ထိုင္းႏုိင္ငံ မယ္ဆုိင္ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ မတ္လ(၂၄)ရက္ေန႔အကူး (၀၀း၄၅)နာရီ၀န္းက်င္အခ်ိန္က  တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ဟိုပံုရြာအနီး တာခ်ီလိတ္ - တာေလ သြား လမ္းမႀကီးေပၚတြင္ အသက္(၁၈)ႏွ၀္၀န္းက်င္ရွိ စိုင္းလွ်ဲန္းေမာင္းႏွင္ၿပီး အသက္(၁၆)ႏွစ္၀န္းက်င္ရွိ စိုင္းတိ လိုက္ပါလာသည့္ CBR ေမာ္ေတာ္ဆိုင္ကယ္သည္ အဆိုပါလမ္း၏ ယာဘက္တြင္ စက္ပ်က္ေန၍ ရပ္တန္႔ထားသည့္ (၆)ဘီးကားအား အရွိန္မထိန္းႏိုင္ဘဲ ၀င္ေရာက္တိုက္မိရာက ျပင္းထန္သည့္ ဒဏ္ရာမ်ား ရရွိျခင္းသြား ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာ ေနရာသို႔ အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ တာခ်ီလိတ္ၿမိဳ႕မွ  ဒုရဲအုပ္ ခိုင္ထူးႏွင့္ တပ္ဖြဲ႔၀င္မ်ားက သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး  တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးႏွင့္အဖြဲ႔မွ သြားေရာက္ ကူညီမႈမ်ားျပဳလုပ္ကာ ျပင္းထန္စြာ ဒဏ္ရာ ရရွိခဲ့သည့္ လူငယ္ႏွစ္ဦးအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးၿပီး ထိုမွ တဆင့္ မယ္ဆိုင္ေဆးရံုသို႔ ဆက္လက္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းသူမွ လက္ႏွင့္ေျခေထာက္ က်ဳိးသြားၿပီး ဆိုင္ကယ္ေနာက္ လိုက္ပါသူမွာ ေျခေထာက္က်ဳိးသြားေၾကာင္းႏွင့္ ဒဏ္ရာျပင္းထန္မႈေၾကာင့္ စိုးရိမ္ရေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းသူ အသက္(၁၈)ႏွစ္ရွိ စိုင္းလွ်ဲန္းအား ဥပေဒအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၈/၂၀၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/၃၃၈ အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း တာချီလိတ် - တာလေ သွားလမ်းမကြီးပေါ်တွင် စက်ပျက်နေ၍ လမ်းဘေးရပ်တန့်ထားသည့် (၆)ဘီးကားအား ဆိုင်ကယ်ဖြင့် အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိရာမှ ဆိုင်ကယ်ပေါ်မှ လူငယ်နှစ်ဦး ခြေလက်ကျိုးကာ ပြင်းထန်သည့် ဒဏ်ရာများ ရရှိသွား၍ ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

၂၀၁၈ခုနှစ် မတ်လ(၂၄)ရက်နေ့အကူး (ဝဝး၄၅)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုပုံရွာအနီး တာချီလိတ် - တာလေ သွား လမ်းမကြီးပေါ်တွင် အသက်(၁၈)နှဝ်ဝန်းကျင်ရှိ စိုင်းလျှဲန်းမောင်းနှင်ပြီး အသက်(၁၆)နှစ်ဝန်းကျင်ရှိ စိုင်းတိ လိုက်ပါလာသည့် CBR မော်တော်ဆိုင်ကယ်သည် အဆိုပါလမ်း၏ ယာဘက်တွင် စက်ပျက်နေ၍ ရပ်တန့်ထားသည့် (၆)ဘီးကားအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာက ပြင်းထန်သည့် ဒဏ်ရာများ ရရှိခြင်းသွား ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မြို့မှ ဒုရဲအုပ် ခိုင်ထူးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့်အဖွဲ့မှ သွားရောက် ကူညီမှုများပြုလုပ်ကာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည့် လူငယ်နှစ်ဦးအား တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ထိုမှ တဆင့် မယ်ဆိုင်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူမှ လက်နှင့်ခြေထောက် ကျိုးသွားပြီး ဆိုင်ကယ်နောက် လိုက်ပါသူမှာ ခြေထောက်ကျိုးသွားကြောင်းနှင့် ဒဏ်ရာပြင်းထန်မှုကြောင့် စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အသက်(၁၈)နှစ်ရှိ စိုင်းလျှဲန်းအား ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~