သက်ငယ်မုဒိန်း လျှော့ချရေးနှင့် ပြစ်ဒဏ်တိုးမြှင့်ရေး Campaing မကွေးမြို့ အပါအ၀င် ရန်ကုန် မန္တလေးတို့တွင် တစ်ပြိုင်တည်း ပြုလုပ်မည်

သက်ငယ်မုဒိန်း လျှော့ချရေးနှင့် ပြစ်ဒဏ်တိုးမြှင့်ရေး Campaing မကွေးမြို့ အပါအ၀င် ရန်ကုန် မန္တလေးတို့တွင် တစ်ပြိုင်တည်း ပြုလုပ်မည်
မတျ 2, 2018
By Tachileik News Agency



အဆိုပါ Campaing တွင် ဥပဒေမဏ္ဍိုင်မှ တစ်ဦး၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တစ်ဦးနှင့် ပြည်သူထဲမှ တစ်ဦးတို့က သက်ငယ်မုဒိန်းနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောခြင်း၊ ကာတွန်းသရုပ်ဖော်ပညာ ပေးခြင်း၊ ပန်းဖလက်များ ဖြန့်ဝေခြင်း၊ ပညာပေးပြဇာတ်ဖြင့် တင်ဆက်ခြင်းတို့ ပါရှိမည်ဖြစ်ပြီး ဒေသအတွင်း သက်ငယ် မုဒိန်းဖြစ်ရပ်နှင့် ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသည့် ကလေးမိဘများ၏ ရင်တွင်းစကားသံ ဗွီဒီယို မှတ်တမ်းပြသခြင်းများ ပါဝင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


လက်ရှိအခြေအနေတွင် သက်ငယ်မုဒိန်းမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျှက်ရှိနေ ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၇ခုနှစ် စာရင်းအရ တစ်ရက်လျှင် ၂မှုနှုန်းခန့် ဖြစ်ပွားလျှက်ရှိနေပြီး စာသင်ခန်း၊ ဇရပ်၊ ခြုံတော၊ လမ်းဘေး၊ နေအိမ်၊ တက္ကစီ စသည့် နေရာမျိုးစုံတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွား လျှက်ရှိနေသဖြင့် ပြည်သူလူထုအကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်



~~~~~~~~⊰❂ unicode ~~~~~~~~


သက်ငယ်မုဒိန်းမှုအား ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးနှင့် အမျိုးသမီးများ၊ ကလေးသူငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးတို့အတွက် လူထုလူတန်းစားပေါင်းစုံ ပါဝင်သည့် Campaing တစ်ခုကို မတ်လ(၁၈)ရက်နေ့တွင် မကွေးမြို့ အေးစေတီဘုရားကွင်း၌ ပြုလုပ်ရန် စီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

"ရန်ကုန် အကယ်ဒမီ အင်တာနေရှင်နယ်စကူးက မန်းနေဂျင်းဒါရိုက်တာ မရီတာ နဲ့ ချိတ်ဆက်ပြီး အဲဒီက အတည်ပြု သတ်မှတ်တဲ့ မတ်လ (၁၈)ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ကြဖို့ ရည်ရွယ် ထားပေမယ့် လောလောဆယ်တော့ ရန်ကုန်၊ မန္တလေး၊ မကွေး တစ်ပြိုင်တည်း လုပ်ဖို့ကတော့ သေချာနေပါပြီ"ဟု Campaing ဦးဆောင်အဖွဲ့တွင်ပါဝင်သူ ဒေါက်တာ ရဲထွန်းဇော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ Campaing တွင် ဥပဒေမဏ္ဍိုင်မှ တစ်ဦး၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တစ်ဦးနှင့် ပြည်သူထဲမှ တစ်ဦးတို့က သက်ငယ်မုဒိန်းနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောခြင်း၊ ကာတွန်းသရုပ်ဖော်ပညာ ပေးခြင်း၊ ပန်းဖလက်များ ဖြန့်ဝခြေင်း၊ ပညာပေးပြဇာတ်ဖြင့် တင်ဆက်ခြင်းတို့ ပါရှိမည်ဖြစ်ပြီး ဒေသအတွင်း သက်ငယ် မုဒိန်းဖြစ်ရပ်နှင့် ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသည့် ကလေးမိဘများ၏ ရင်တွင်းစကားသံ ဗွီဒီယို မှတ်တမ်းပြသခြင်းများ ပါဝင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

"သက်ငယ်မုဒိန်းမှုတွေမှာ လက်ရှိပြစ်ဒဏ်တွေက လျော့ရဲနေတယ်။ ကျွန်တော်တို့က သေဒဏ်ဆိုတဲ့ အနေအထားအထိ သွားမှာ မဟုတ်ပေမယ့် တိကျပြင်းထန်ပြီး ကြီးလေးတဲ့ လျှော့ရက် မရှိနှစ်ရှည်ထောင် ဒဏ်ကျခံစေနိုင်အောင် တောင်းဆိုမှု လက်မှတ်ရေးထိုးကြမယ့် အစီအစဉ်လည်း ပါကောင်းပါလာနိုင်မှာ ဖြစ်ပါတယ်"ဟု ဒေါက်တာရဲထွန်းဇော်က ပြောသည်။

လက်ရှိအခြေအနေတွင် သက်ငယ်မုဒိန်းမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျှက်ရှိနေ ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၇ခုနှစ် စာရင်းအရ တစ်ရက်လျှင် ၂မှုနှုန်းခန့် ဖြစ်ပွားလျှက်ရှိနပြေီး စာသင်ခန်း၊ ဇရပ်၊ ခြုံတော၊ လမ်းဘေး၊ နေအိမ်၊ တက္ကစီ စသည့် နေရာမျိုးစုံတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွား လျှက်ရှိနေသဖြင့် ပြည်သူလူထုအကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~