တာခ်ီလိတ္ၿမိဳ႕ ေက်ာက္ေတာင္တြင္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေက်ာက္ေတာင္တြင္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
မတ် 20, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္၊ နယ္ေျမ(၁၄)၊ ေက်ာက္ေတာင္ရွိ ေနအိမ္တြင္ စိတ္ၾကြေဆးျပားမ်ားႏွင့္ အတူ အမ်ဳိးသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္၊ နယ္ေျမ(၁၄)၊ ေက်ာက္ေတာင္ရွိ ရဖီ(ခ)မုတ္ဆိတ္၏ ေနအိမ္အား မူးယစ္ေဆး၀ါးသတင္းအရ ၂၀၁၈ခုႏွစ္ မတ္လ(၂၀)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔၀င္မ်ားက ၀င္ေရာက္ စစ္ေဆးရွာေဖြရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ ရဖီ(ခ)မုတ္ဆိတ္အား ေနအိမ္ေရွ႕ခန္းတြင္ အသင့္ေတြရၿပီး ဆက္လက္ရွာေဖြရာမွ ၎၀တ္ဆင္ထားသည့္ အကၽီအတြင္းမွ စိတ္ၾကြေဆးျပား (၁၅)ျပား၊ ကုတင္ေခါင္းရင္းတြင္ စိတ္ၾကြေဆးျပား (၂၇၅)ျပား၊ ေနအိမ္ ေနာက္ေဖး လက္ေဆးကန္ေပၚမွ စိတ္ၾကြေဆးျပား (၁၈၀၀)ျပားတို႔အား ေတြ႔ရွိရာ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၀၉၀)ျပား ေတြ႔ရွိသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၅၂)၀န္းက်င္ရွိ ရဖီ(ခ)မုတ္ဆိတ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ နယ်မြေ(၁၄)၊ ကျောက်တောင်ရှိ နေအိမ်တွင် စိတ်ကြွဆေးပြားများနှင့် အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ နယ်မြေ(၁၄)၊ ကျောက်တောင်ရှိ ရဖီ(ခ)မုတ်ဆိတ်၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၈ခုနှစ် မတ်လ(၂၀)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်ရာတွင် ရဖီ(ခ)မုတ်ဆိတ်အား နေအိမ်ရှေ့ခန်းတွင် အသင့်တွေရပြီး ဆက်လက်ရှာဖွေရာမှ၎င်းဝတ်ဆင်ထားသည့် အကျီအတွင်းမှ စိတ်ကြွဆေးပြား (၁၅)ပြား၊ ကုတင်ခေါင်းရင်းတွင် စိတ်ကြွဆေးပြား (၂၇၅)ပြား၊ နေအိမ် နောက်ဖေး လက်ဆေးကန်ပေါ်မှ စိတ်ကြွဆေးပြား (၁၈၀၀)ပြားတို့အား တွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြား (၂၀၉၀)ပြား တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၂)ဝန်းကျင်ရှိ ရဖီ(ခ)မုတ်ဆိတ်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~