ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ “ဝ”တိုင္းရင္းသားမ်ား ခရီးသြားလာခြင့္ ကန္႔သတ္မႈမရိွေတာ့

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ “ဝ”တိုင္းရင္းသားမ်ား ခရီးသြားလာခြင့္ ကန္႔သတ္မႈမရိွေတာ့
မတ် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ က်ိဳင္းတံုႏွင့္ “ဝ” အထူးေဒသ(၂)ၾကားတြင္ “ဝ”တိုင္းရင္းသားမ်ား ခရီးသြားလာခြင့္ကို ၂၀၁၈ ခုနွစ္ ေဖေဖၚဝါရီလမွစ၍ တားျမစ္ကန္႔သတ္ခဲ့ၿပီးေနာက္ မတ္လမွစ၍ ကန္႔သတ္မႈမ်ား မေတြ႔ရေတာ့ေၾကာင္း အဆိုပါေဒသတြင္ ခရီးသြားလာေနသူမ်ားထံမွ သိရသည္။

“ဟိုတစ္ေန႔ကပဲ ကၽြန္ေတာ့္ဆီကို က်ိဳင္းတံုဘက္က အသိမိတ္ေဆြေတြ ဖုန္းဆက္လာတယ္။ သူတုိ႔ ခရီးသြားလို႔ရၿပီ။ အရင္လို တားဆီးတာ မရိွေတာ့ဘူးလို႔ ေျပာတယ္” ဟု မက္မန္းမဲဆႏၵနယ္မွ “ဝ”တိုင္းရင္းသား ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁၀)ရက္ေန႔က ေျပာသည္။

အဆိုပါေဒသတြင္ ခရီးသြားလာခြင့္ ကန္႔သတ္ျခင္း၊ ခြင့္ျပဳျခင္းမ်ားနွင့္ ပတ္သက္၍ တရားဝင္ စာထုတ္ျပန္ျခင္း မေတြ႔ရေၾကာင္း UWSA လားရိႈးဆက္ဆံေရးရံုး တာဝန္ခံ ဦးညီရန္းက ဆိုသည္။

၎ေဒသတြင္ “ဝ”တိုင္းရင္းသားမ်ားအား ေဖေဖၚဝါရီလအတြင္းက ခရီးသြားလာခြင့္ ကန္႔သတ္မႈႏွင့္ ပတ္သက္၍ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္က ညိႇႏိႈင္းေဆာင္ရြက္ခဲ့ေသာ္လည္း ေျပလည္ျခင္း မရိွသျဖင့္ ေဖေဖၚဝါရီလ (၂၂)ရက္ေန႔တြင္ “ဝ”တိုင္းရင္းသား ပါတီႏွစ္ခုက သေဘာထားေၾကညာခ်က္ ထုတ္ျပန္ခဲ့ၾကျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ “ဝ”တိုင္းရင္းသားမ်ားအေနျဖင့္ ခရီးသြားလာခြင့္ပိတ္ပင္မႈေၾကာင့္ အခက္အခဲမ်ားျဖစ္သျဖင့္ ရွမ္းျပည္နယ္ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီးက ေဖေဖၚဝါရီလ ေနာက္ဆံုးပတ္တြင္ ႀတိဂံေဒသတုိင္းမွဴးႏွင့္ ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ရာ က်န္းမာေရးေၾကာင့္ ေဆးကုသမႈခံယူမည့္သူမ်ားႏွင့္ စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူမ်ားအား စတင္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ရွိ ဟိုပန္ၿမိဳ႕နယ္၊ မိုင္းေမာၿမိဳ႕နယ္၊ ပန္ဝိုင္ၿမိဳ႕နယ္၊ နားဖန္းၿမိဳ႕နယ္၊ မက္မန္းၿမိဳ႕နယ္ႏွင့္ ပန္ဆန္း(ပန္းခမ္း)ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္တို႔ကို ခ႐ိုင္ႏွစ္ခ႐ိုင္ဖြဲ႕ၿပီး ''ဝ'' ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းအျဖစ္ သတ္မွတ္ေပးထားသည့္အနက္ အထူးေဒသ(၂)ျဖစ္သည့္ မိုင္းေမာ၊ ပန္ဝိုင္၊ နားဖန္းႏွင့္ ပန္ဆန္းေဒသမ်ားမွာ UWSA ၏ ထိန္းခ်ဳပ္မႈလက္ေအာက္တြင္ ရိွေနျခင္းျဖစ္သည္။

က်ိဳင္းတံုႏွင့္ အထူးေဒသ(၂)အၾကား လမ္းပိုင္းမ်ားရိွ စစ္ေဆးေရးဂိတ္မ်ားတြင္ မွတ္ပံုတင္စစ္ေဆးၿပီး “ဝ”တိုင္းရင္းသားမ်ားအား ခရီးသြားလာခြင့္အား တားျမစ္ျခင္းအား ယခင္က လုပ္ေဆာင္ခဲ့ဖူးျခင္းမရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံနှင့် “ဝ” အထူးဒေသ(၂)ကြားတွင် “ဝ”တိုင်းရင်းသားများ ခရီးသွားလာခွင့်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တားမြစ်ကန့်သတ်ခဲ့ပြီးနောက် မတ်လမှစ၍ ကန့်သတ်မှုများ မတွေ့ရတော့ကြောင်း အဆိုပါဒေသတွင် ခရီးသွားလာနေသူများထံမှ သိရသည်။

“ဟိုတစ်နေ့ကပဲ ကျွန်တော့်ဆီကို ကျိုင်းတုံဘက်က အသိမိတ်ဆွေတွေ ဖုန်းဆက်လာတယ်။ သူတို့ ခရီးသွားလို့ရပြီ။ အရင်လို တားဆီးတာ မရှိတော့ဘူးလို့ ပြောတယ်” ဟု မက်မန်းမဲဆန္ဒနယ်မှ “ဝ”တိုင်းရင်းသား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၀)ရက်နေ့က ပြောသည်။

အဆိုပါဒေသတွင် ခရီးသွားလာခွင့် ကန့်သတ်ခြင်း၊ ခွင့်ပြုခြင်းများနှင့် ပတ်သက်၍ တရားဝင် စာထုတ်ပြန်ခြင်း မတွေ့ရကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ဆိုသည်။

၎င်းဒေသတွင် “ဝ”တိုင်းရင်းသားများအား ဖေဖော်ဝါရီလအတွင်းက ခရီးသွားလာခွင့် ကန့်သတ်မှုနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်က ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ပြေလည်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် “ဝ”တိုင်းရင်းသား ပါတီနှစ်ခုက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ “ဝ”တိုင်းရင်းသားများအနဖြေင့် ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် အခက်အခဲများဖြစ်သဖြင့် ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တြိဂံဒေသတိုင်းမှူးနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူမည့်သူများနှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည့်အနက် အထူးဒေသ(၂)ဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းဒေသများမှာ UWSA၏ ထိန်းချုပ်မှုလက်အောက်တွင် ရှိနခြေင်းဖြစ်သည်။

ကျိုင်းတုံနှင့် အထူးဒေသ(၂)အကြား လမ်းပိုင်းများရှိ စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်စစ်ဆေးပြီး “ဝ”တိုင်းရင်းသားများအား ခရီးသွားလာခွင့်အား တားမြစ်ခြင်းအား ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်းမရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~