ျမန္မာႏုိင္ငံ၏ (၁၀)ဦးေျမာက္ သမၼတ ဦးဝင္းျမင့္အား ေထာက္ခံႀကိဳဆိုျခင္းႏွင့္ ႀကိဳဆိုသည့္ဆိုင္းဘုတ္ စိုက္ထူျခင္း အခမ္းအနားအား ဧၿပီလ (၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္း႐ိုးမကြင္း၌ နံနက္ (၈)နာရီမွ စတင္က်င္းပမည္ျဖစ္ရာ မည္သူမဆို တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္အား ေထာက္ခံႀကိဳဆိုျခင္းႏွင့္ ဆိုင္းဘုတ္စိုက္ထူျခင္းအခမ္းအနား က်င္းပရန္ အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၌ ၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ႏွင့္ လူမႈေရးအသင္းအဖြဲ႕အခ်ိဳ႕က မတ္လ (၂၈)ရက္ေန႔တြင္ အစည္းအေဝးက်င္းပေၾကာင္း သိရသည္။
အဆိုပါ က်င္းပမည့္ အခမ္းအနားတြင္တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕က ေဖ်ာ္ေျဖေရး အစီအစဥ္ တာဝန္ယူၿပီး ဟိုတယ္တာခ်ီလိတ္ ႏွင့္ ဘုရင့္ေနာင္ပုဂၢလိကေစ်း ပိုင္ရွင္ ဦးထြန္းေနဦး + ေဒၚခင္ခင္ခ်ဳိ မိသားစုက အခမ္းအနား က်င္းပႏုိင္ေရးအတြက္ ထိုင္းဘတ္ေငြ တစ္ေသာင္းႏွစ္ေထာင္ငါးရာ ထည့္ဝင္ေၾကာင္း သိရသည္။
ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ အနားယူသြားရာ လစ္လပ္ေနသည့္ ႏိုင္ငံေတာ္သမၼတေနရာအတြက္ ၂၀၁၈ ခုႏွစ္ မတ္လ (၂၈)ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္၌ ဒုတိယသမၼတ သံုးဦးအား မဲခြဲေရြးခ်ယ္ရာ ဦးဝင္းျမင့္က မဲအေရအတြက္ (၄၀၃) မဲ၊ ဦးျမင့္ေဆြက မဲအေရအတြက္ (၂၁၁)မဲႏွင့္ ဦးဟင္နရီဗန္ထီးယူက ( ၁၈ ) မဲ၊ ပယ္မဲ (၄)မဲတို႔ျဖင့္ ႏိုင္ငံေတာ္သမၼတအျဖစ္ ဦးဝင္းျမင့္အား ေရြးခ်ယ္လုိက္ၾကျခင္းျဖစ္သည္။
ဓါတ္ပံု - တာခ်ီလိတ္ NLD
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ထောက်ခံကြိုဆိုခြင်းနှင့် ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ကျင်းပရန် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူမှုရေးအသင်းအဖွဲ့အချို့က မတ်လ (၂၈)ရက်နေ့တွင် အစည်းအဝေးကျင်းပကြောင်း သိရသည်။
အဆိုပါ ကျင်းပမည့် အခမ်းအနားတွင်တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က ဖျော်ဖြေရေး အစီအစဉ် တာဝန်ယူပြီး ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ပုဂ္ဂလိကဈေး ပိုင်ရှင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို မိသားစုက အခမ်းအနား ကျင်းပနိုင်ရေးအတွက် ထိုင်းဘတ်ငွေ တစ်သောင်းနှစ်ထောင်ငါးရာ ထည့်ဝင်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် အနားယူသွားရာ လစ်လပ်နေသည့် နိုင်ငံတော်သမ္မတနေရာအတွက် ၂၀၁၈ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဒုတိယသမ္မတ သုံးဦးအား မဲခွဲရွေးချယ်ရာ ဦးဝင်းမြင့်က မဲအရေအတွက် (၄၀၃) မဲ၊ ဦးမြင့်ဆွေက မဲအရေအတွက် (၂၁၁)မဲနှင့် ဦးဟင်နရီဗန်ထီးယူက ( ၁၈ ) မဲ၊ ပယ်မဲ (၄)မဲတို့ဖြင့် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်အား ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။
သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ် NLD