တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္အား နာယက ၇ ဦး၊ အလုပ္အမႈေဆာင္ ၁၅ ဦးျဖင့္ ဖြဲ႕စည္း

တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္အား နာယက ၇ ဦး၊ အလုပ္အမႈေဆာင္ ၁၅ ဦးျဖင့္ ဖြဲ႕စည္း
မတ် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္ကို နာယက (၇)ဦး၊ အလုပ္အမႈေဆာင္ (၁၅)ဦးတို႔ျဖင့္ မတ္လ (၁၄)ရက္ေန႔ နံနက္ပိုင္းက  ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

အဆုိပါ အဖြဲ႕ခ်ဳပ္အေနျဖင့္ ၿမိဳ႕နယ္အတြင္း ေဘာလံုးအားကစားတိုးတက္ေရး၊ လူငယ္မ်ိဳးဆက္သစ္မ်ား ေပၚထြက္လာေရး၊ လူငယ္သက္တမ္း အလုိက္ၿပိဳင္ပြဲမ်ား၊ အလြတ္တန္းၿပိဳင္ပြဲမ်ား ပိုမိုစနစ္တက် က်င္းပလာႏုိင္ေရးတို႔အတြက္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္၏ နာယကမ်ားအျဖစ္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၊ လုပ္ငန္းရွင္မ်ားျဖစ္သည့္ ဦးျမင့္ဦး(မုတ္ဆိတ္)၊ ဦးထြန္းေနဦး၊ ဦးအားဖါ၊ ဦးေအာင္ႏုိင္၊ ဦးေနဝင္းနွင့္ ပညာေရးဌာနမွ အၿငိမ္းစား ဦးစိန္လြင္တုိ႔က တာဝန္ယူၾကၿပီး ဥကၠဌအျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးခင္ေမာင္ျမင့္၊ ဒုတိယဥကၠဌ(၁)အျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးေရာဘတ္ရီ၊ ဒုဥကၠဌ (၂)အျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုးမင္းသိန္း၊ အေထြေထြအတြင္းေရးမွဴးအျဖစ္ ၿမိဳ႕နယ္အားကာမွ ဦးသန္းလိႈင္၊ တြဲဖက္အေထြေထြအတြင္းေရးမွဴးအျဖစ္ နည္းျပမ်ားအစုအဖြဲ႕မွ ဦးစိုးသူလြင္၊ ဘ႑ာေရးမွဴးအျဖစ္ ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုင္းလံု၊ အဖြဲ႕ဝင္မ်ားအျဖစ္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဒုရဲမွဴး ေအာင္ဆန္းဦး၊ က်န္းမာေရးဌာနမွ ေဒါက္တာ ႏုိင္စိုးထြန္း၊ ပညာေရးဌာနမွ ဦးစိုင္းရွဲန္ရြက္၊ ၿမိဳ႕မိၿမိဳ႕ဖ ဦးထြန္းမင္းဦး၊ ကစားသမားမ်ားအစုအဖြဲ႕တြင္ ဦးယာဒို၊ ဒိုင္လူႀကီးမ်ား အစုအဖြဲ႕တြင္ ဦးဂ်ာဆုိင္း၊ အမ်ိဳးသမီး ေဘာလံုးအစုအဖြဲ႕တြင္ ေဒၚမို႔မို႔မင္းၾကည္ႏွင့္ ဖူဆယ္ေဘာလံုးအစုအဖြဲ႕တြင္ ဦးေဇာ္မ်ိဳးထုိက္တို႔ တာဝန္ ယူထားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ (MFF)က တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားအား ဖြဲ႕စည္းေနရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္ (၆)ၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားအား ေရြးခ်ယ္ဖြဲ႕စည္းျခင္းကို မတ္လ (၁၂)ရက္ေန႔မွစ၍ ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က သက္ဆုိင္ရာေဒသ အားကစားႏွင့္ ကာယပညာဦးစီးဌာန တာဝန္ရိွသူမ်ားျဖင့္ ကြင္းဆင္းဖြဲ႕စည္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားသည္ ယခင္က ေဒသအလုိက္ရိွသည့္ ၿမိဳ႕နယ္ေဘာလံုးေကာ္မတီမ်ား ေနရာတြင္ အစားထုိးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္အလုိက္ ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ားအား ဌာနဆိုင္ရာအစုအဖြဲ႕၊ ၿမိဳ႕မိၿမိဳ႕ဖအစုအဖြဲ႕၊ ဒိုင္အစုအဖြဲ႕၊ ဖူဆယ္အစုအဖြဲ႕၊ အမ်ိဳးသားေဘာလံုးသမားအစုအဖြဲ႕ႏွင့္ အမ်ိဳးသမီး ေဘာလံုးသမားအစုအဖြဲ႕(၆)ခုျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ႏွင့္ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ  မိုင္းတံုၿမိဳ႕၊ မိုင္းဆတ္ၿမိဳ႕၊ တာခ်ီလိတ္ၿမိဳ႕၊ မုိင္းျဖတ္ၿမိဳ႕၊ မိုင္းခတ္ၿမိဳ႕ႏွင့္ က်ိဳင္းတံုၿမိဳ႕တို႔တြင္ ေဘာလံုးအဖြဲ႕ခ်ဳပ္မ်ား ဖြဲ႕စည္းမည္ျဖစ္ရာ မတ္လ (၁၅)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ မိုင္းခတ္ၿမိဳ႕ႏွင့္ ညေန (၃)နာရီတြင္ က်ိဳင္းတံုၿမိဳ႕တုိ႔၌ အသီးသီးေရြးခ်ယ္ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပထမဆုံးဖွဲ့စည်းခြင်းအဖြစ် တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကို နာယက (၇)ဦး၊ အလုပ်အမှုဆောင် (၁၅)ဦးတို့ဖြင့် မတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ချုပ်အနဖြေင့် မြို့နယ်အတွင်း ဘောလုံးအားကစားတိုးတက်ရေး၊ လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေး၊ လူငယ်သက်တမ်း အလိုက်ပြိုင်ပွဲများ၊ အလွတ်တန်းပြိုင်ပွဲများ ပိုမိုစနစ်တကျ ကျင်းပလာနိုင်ရေးတို့အတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်၏ နာယကများအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဦးထွန်းနေဦး၊ ဦးအားဖာ၊ ဦးအောင်နိုင်၊ ဦးနေဝင်းနှင့် ပညာရေးဌာနမှ အငြိမ်းစား ဦးစိန်လွင်တို့က တာဝန်ယူကြပြီး ဥက္ကဌအဖြစ် မြို့မိမြို့ဖ ဦးခင်မောင်မြင့်၊ ဒုတိယဥက္ကဌ(၁)အဖြစ် မြို့မိမြို့ဖ ဦးရောဘတ်ရီ၊ ဒုဥက္ကဌ (၂)အဖြစ် မြို့မိမြို့ဖ ဦးစိုးမင်းသိန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် မြို့နယ်အားကာမှ ဦးသန်းလှိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် နည်းပြများအစုအဖွဲ့မှ ဦးစိုးသူလွင်၊ ဘဏ္ဍာရေးမှူးအဖြစ် မြို့မိမြို့ဖ ဦးစိုင်းလုံ၊ အဖွဲ့ဝင်များအဖြစ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်ဆန်းဦး၊ ကျန်းမာရေးဌာနမှ ဒေါက်တာ နိုင်စိုးထွန်း၊ ပညာရေးဌာနမှ ဦးစိုင်းရှဲန်ရွက်၊ မြို့မိမြို့ဖ ဦးထွန်းမင်းဦး၊ ကစားသမားများအစုအဖွဲ့တွင် ဦးယာဒို၊ ဒိုင်လူကြီးများ အစုအဖွဲ့တွင် ဦးဂျာဆိုင်း၊ အမျိုးသမီး ဘောလုံးအစုအဖွဲ့တွင် ဒေါ်မို့မို့မင်းကြည်နှင့် ဖူဆယ်ဘောလုံးအစုအဖွဲ့တွင် ဦးဇော်မျိုးထိုက်တို့ တာဝန် ယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များအား ဖွဲ့စည်းနေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ် (၆)မြို့နယ်တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များအား ရွေးချယ်ဖွဲ့စည်းခြင်းကို မတ်လ (၁၂)ရက်နေ့မှစ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာဒေသ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများဖြင့် ကွင်းဆင်းဖွဲ့စည်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များသည် ယခင်က ဒေသအလိုက်ရှိသည့် မြို့နယ်ဘောလုံးကော်မတီများ နေရာတွင် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အလိုက် ဘောလုံးအဖွဲ့ချုပ်များအား ဌာနဆိုင်ရာအစုအဖွဲ့၊ မြို့မိမြို့ဖအစုအဖွဲ့၊ ဒိုင်အစုအဖွဲ့၊ ဖူဆယ်အစုအဖွဲ့၊ အမျိုးသားဘောလုံးသမားအစုအဖွဲ့နှင့် အမျိုးသမီး ဘောလုံးသမားအစုအဖွဲ့(၆)ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မိုင်းတုံမြို့၊ မိုင်းဆတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့၊ မိုင်းခတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းမည်ဖြစ်ရာ မတ်လ (၁၅)ရက်နေ့ နံနက် (၁၀)နာရီတွင် မိုင်းခတ်မြို့နှင့် ညနေ (၃)နာရီတွင် ကျိုင်းတုံမြို့တို့၌ အသီးသီးရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~