ရွမ္းျပည္နယ္တြင္း သက္ေမြးဝမ္းေၾကာင္းသင္တန္းမ်ား ရရိွလိုပါက အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနသို႔ ဆက္သြယ္ႏုိင္

ရွမ္းျပည္နယ္တြင္း သက္ေမြးဝမ္းေၾကာင္းသင္တန္းမ်ား ရရိွလိုပါက အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနသို႔ ဆက္သြယ္ႏုိင္
မတ် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မတ္လတြင္ ျပန္လည္စတင္မည့္ သက္ေမြးဝမ္းေၾကာင္းသင္တန္းမ်ား ရရိွလိုပါက ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနသို႔ ဆက္သြယ္ရယူႏုိင္ေၾကာင္း သိရသည္။

“သက္ေမြးဝမ္းေၾကာင္းသင္တန္းမ်ားအား အမွန္တကယ္စိတ္ဝင္စားၿပီး သင္ၾကားလိုတဲ့ ေနရာေဒသ၊ အဖြဲ႕အစည္းမ်ားရိွရင္ ကၽြန္ေတာ္တုိ႔ကို ဆက္သြယ္ပါ။ ေဒသနဲ႔ ကိုက္ညီတဲ့ သင္တန္းမ်ားကို ဖြင့္လွစ္ သင္ၾကားေပးသြားပါမယ္။ ရွမ္းျပည္နယ္တြင္း မည္သည့္ေဒသကမဆို ဆက္သြယ္ႏုိင္ပါတယ္”ဟု ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္ႏုိင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနအေနျဖင့္ ၿပီးခဲ့သည့္  ဘ႑ာႏွစ္အတြင္း သက္ေမြးဝမ္းေၾကာင္းသင္တန္း (၂၇)ႀကိမ္ ဖြင့္လွစ္ရန္ လ်ာထားခဲ့ေသာ္လည္း ေဒသ၊ အဖြဲ႕အစည္းအလုိက္ ေတာင္းဆိုမႈမ်ား၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးကဲ့သို႔ အျခားဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ားေၾကာင့္ သင္တန္း (၃၉) ႀကိမ္အထိ ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔က လာမယ့္ႏွစ္မွာ လ်ာထားတာကေတာ့ သင္တန္း (၂၈)ႀကိမ္ လ်ာထားေပမဲ့ ၿပီးခဲ့တဲ့ ဘ႑ာႏွစ္လိုပဲ လ်ာထားတာထက္ပိုၿပီး ဖြင့္လွစ္ႏုိင္ဖို႔ရိွပါတယ္။ ထပ္မံေတာင္းဆိုတဲ့ ေဒသေတြရိွရင္ ထပ္မံဖြင့္လွစ္ေပးသြားပါတယ္။ အေျခခံသံဂေဟဆက္သင္တန္းကိုလည္း သင္ၾကားေပးဖို႔ လ်ာထားပါတယ္”ဟု ျပည္နယ္ဦးစီးမွဴး ဦးသက္ႏုိင္ဦးက ေျပာသည္။

လာမည့္ဘ႑ာႏွစ္အတြင္း ဝါးလက္မႈထည္သင္တန္း (၅)ႀကိမ္၊ ဆုိင္ကယ္ႏွင့္ တစ္လံုးထိုး အင္ဂ်င္ျပဳျပင္ ထိန္းသိမ္းနည္း သင္တန္း (၅)ႀကိမ္၊ စားေသာက္ကုန္ထုတ္လုပ္မႈသင္တန္း (၈)ႀကိမ္၊ လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္း ထုတ္လုပ္မႈသင္တန္း (၅)ႀကိမ္၊ စက္ခ်ဳပ္သင္တန္း (၂)ႀကိမ္၊ သဘာဝဆိုးေဆးသင္တန္း (၂)ႀကိမ္၊ အထည္ပန္းပံုရိုက္ႏွင့္ ေဆးေရးပန္းခ်ီသင္တန္း (၁)ႀကိမ္ စုစုေပါင္း (၂၈)ႀကိမ္ ဖြင့္လွစ္ရန္ လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနအေနျဖင့္ ေဆးျဖတ္စခန္းတြင္ ပထမဆံုး သင္တန္းအျဖစ္ ၿပီးခဲ့သည့္ဘ႑ာႏွစ္အတြင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ မုိင္းကိုးေဆးျဖတ္စခန္းတြင္လည္း ပထမဆံုးအႀကိမ္ ဖြင့္လွစ္ႏုိင္ခဲ့ရာ လာမည့္ဘ႑ာႏွစ္တြင္လည္း မူးယစ္ေဆးျဖတ္စခန္းမ်ားအေနျဖင့္ သင္တန္းမ်ား လိုအပ္ပါက ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

“မူးယစ္ေဆးျဖတ္စခန္းေတြအေနနဲ႔ သူတို႔နဲ႔ ကိုက္ညီမယ့္သင္တန္းက ဝါးအေျခခံလက္မႈ ပစၥည္းထုတ္လုပ္မႈသင္တန္း၊ အထည္ပန္းပံုရိုက္နဲ႕ ေဆးေရးပန္းခ်ီသင္တန္းေတြလိုမ်ိဳးက ပိုၿပီး ကိုက္ညီမယ္ထင္တယ္။ ဆုိင္ကယ္ျပင္နဲ႔ တစ္လံုးထိုး အင္ဂ်င္ျပဳျပင္ထိန္းသိမ္းနည္းသင္တန္းလိုမ်ိဳးက်ေတာ့ မူးယစ္ေဆးေပၚမွာ သူတို႔ကာယအား ေလ်ာ့နည္းသြားသူေတြအတြက္ကေတာ့ အင္အားစိုက္ထုတ္ရတဲ့ ဒီလိုသင္တန္းက်ေတာ့ အဆင္မေျပဘူးေပါ့။ သူတုိ႔အေနနဲ႔ ကာယအား သိပ္မစိုက္ရတဲ့ သင္တန္းေတြက ပိုအဆင္ေျပပါတယ္။ ဒါကေတာ့ ကၽြန္ေတာ္တုိ႔က သတ္မွတ္တာထက္ သူတုိ႔ ေတာင္းဆိုမႈနဲ႔ ေနာက္တစ္ခုက ေဒသအေပၚမွာၾကည့္ၿပီးေတာ့ လုိက္ေလ်ာညီေထြျဖစ္ေအာင္ စီစဥ္ေပးရမွာေပါ့”ဟု ျပည္နယ္ဦးစီးမွဴး ဦးသက္ႏုိင္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ႏွစ္တြင္ ေတာင္ႀကီး၊ သီေပါ၊ ဟိုပံုး၊ ေအာင္ပန္း၊ ေက်ာက္မဲ၊ ေရႊေညာင္၊ ရြာငံ၊ ေညာင္ေရႊ၊ မုိးမိတ္၊ လင္းေခး၊ တာခ်ီလိတ္၊ လားရိႈး၊ ကြမ္ဟိန္း၊ ေနာင္တရား၊ ပင္ေလာင္းႏွင့္ ဆီဆိုင္ၿမိဳ႕နယ္မ်ားတြင္ လူသံုးကုန္ အလွကုန္ (၈)ႀကိမ္၊ တန္ဖိုးျမင့္ စားေသာက္ကုန္ထုတ္သင္တန္း (၉)ႀကိမ္၊ ဝါးအေျခခံ လက္မႈပစၥည္း ထုတ္လုပ္မႈသင္တန္း (၇) ႀကိမ္၊ ဆုိင္ကယ္ျပင္ႏွင့္ တစ္လံုးထိုးအင္ဂ်င္သင္တန္း (၁၀)ႀကိမ္၊ အေျခခံစက္ခ်ဳပ္ သင္တန္း (၃)၊ အထည္ပန္းပံုရိုက္ႏွင့္ ေဆးေရးပန္းခ်ီသင္တန္း (၂)ႀကိမ္ စုစုေပါင္း သင္တန္း (၃၉) ႀကိမ္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သင္တန္းမ်ားဖြင့္လွစ္လိုပါက ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနရံုးသို႔ျဖစ္ေစ ဖုန္း ၀၈၁၂၁၂၂၄၄၄ သို႔ျဖစ္ေစ ဆက္သြယ္စံုစမ္းႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ဦးတင့္ေဆြ(မဇၥ်ိမ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မတ်လတွင် ပြန်လည်စတင်မည့် သက်မွေးဝမ်းကြောင်းသင်တန်းများ ရရှိလိုပါက ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။

“သက်မွေးဝမ်းကြောင်းသင်တန်းများအား အမှန်တကယ်စိတ်ဝင်စားပြီး သင်ကြားလိုတဲ့ နေရာဒေသ၊ အဖွဲ့အစည်းများရှိရင် ကျွန်တော်တို့ကို ဆက်သွယ်ပါ။ ဒေသနဲ့ ကိုက်ညီတဲ့ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးသွားပါမယ်။ ရှမ်းပြည်နယ်တွင်း မည်သည့်ဒေသကမဆို ဆက်သွယ်နိုင်ပါတယ်”ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနဖြေင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သက်မွေးဝမ်းကြောင်းသင်တန်း (၂၇)ကြိမ် ဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း ဒေသ၊ အဖွဲ့အစည်းအလိုက် တောင်းဆိုမှုများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဲ့သို့ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် သင်တန်း (၃၉) ကြိမ်အထိ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က လာမယ့်နှစ်မှာ လျာထားတာကတော့ သင်တန်း (၂၈)ကြိမ် လျာထားပေမဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်လိုပဲ လျာထားတာထက်ပိုပြီး ဖွင့်လှစ်နိုင်ဖို့ရှိပါတယ်။ ထပ်မံတောင်းဆိုတဲ့ ဒေသတွေရှိရင် ထပ်မံဖွင့်လှစ်ပေးသွားပါတယ်။ အခြေခံသံဂဟေဆက်သင်တန်းကိုလည်း သင်ကြားပေးဖို့ လျာထားပါတယ်”ဟု ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း ဝါးလက်မှုထည်သင်တန်း (၅)ကြိမ်၊ ဆိုင်ကယ်နှင့် တစ်လုံးထိုး အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်း သင်တန်း (၅)ကြိမ်၊ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း (၈)ကြိမ်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း (၅)ကြိမ်၊ စက်ချုပ်သင်တန်း (၂)ကြိမ်၊ သဘာဝဆိုးဆေးသင်တန်း (၂)ကြိမ်၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း (၁)ကြိမ် စုစုပေါင်း (၂၈)ကြိမ် ဖွင့်လှစ်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနဖြေင့် ဆေးဖြတ်စခန်းတွင် ပထမဆုံး သင်တန်းအဖြစ် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင်လည်း ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့ရာ လာမည့်ဘဏ္ဍာနှစ်တွင်လည်း မူးယစ်ဆေးဖြတ်စခန်းများအနဖြေင့် သင်တန်းများ လိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း သိရသည်။

“မူးယစ်ဆေးဖြတ်စခန်းတွေအနေနဲ့ သူတို့နဲ့ ကိုက်ညီမယ့်သင်တန်းက ဝါးအခြေခံလက်မှု ပစ္စည်းထုတ်လုပ်မှုသင်တန်း၊ အထည်ပန်းပုံရိုက်နဲ့ ဆေးရေးပန်းချီသင်တန်းတွေလိုမျိုးက ပိုပြီး ကိုက်ညီမယ်ထင်တယ်။ ဆိုင်ကယ်ပြင်နဲ့ တစ်လုံးထိုး အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းလိုမျိုးကျတော့ မူးယစ်ဆေးပေါ်မှာ သူတို့ကာယအား လျော့နည်းသွားသူတွေအတွက်ကတော့ အင်အားစိုက်ထုတ်ရတဲ့ ဒီလိုသင်တန်းကျတော့ အဆင်မပြေဘူးပေါ့။ သူတို့အနေနဲ့ ကာယအား သိပ်မစိုက်ရတဲ့ သင်တန်းတွေက ပိုအဆင်ပြေပါတယ်။ ဒါကတော့ ကျွန်တော်တို့က သတ်မှတ်တာထက် သူတို့ တောင်းဆိုမှုနဲ့ နောက်တစ်ခုက ဒေသအပေါ်မှာကြည့်ပြီးတော့ လိုက်လျောညီထွဖြေစ်အောင် စီစဉ်ပေးရမှာပေါ့”ဟု ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်တွင် တောင်ကြီး၊ သီပေါ၊ ဟိုပုံး၊ အောင်ပန်း၊ ကျောက်မဲ၊ ရွှေညောင်၊ ရွာငံ၊ ညောင်ရွှေ၊ မိုးမိတ်၊ လင်းခေး၊ တာချီလိတ်၊ လားရှိုး၊ ကွမ်ဟိန်း၊ နောင်တရား၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များတွင် လူသုံးကုန် အလှကုန် (၈)ကြိမ်၊ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်သင်တန်း (၉)ကြိမ်၊ ဝါးအခြေခံ လက်မှုပစ္စည်း ထုတ်လုပ်မှုသင်တန်း (၇) ကြိမ်၊ ဆိုင်ကယ်ပြင်နှင့် တစ်လုံးထိုးအင်ဂျင်သင်တန်း (၁၀)ကြိမ်၊ အခြေခံစက်ချုပ် သင်တန်း (၃)၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း (၂)ကြိမ် စုစုပေါင်း သင်တန်း (၃၉) ကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းများဖွင့်လှစ်လိုပါက ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ဖြစ်စေ ဖုန်း ဝ၈၁၂၁၂၂၄၄၄ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ဦးတင့်ဆွေ(မဇ္ဈိမ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~