တရားမဝင္ ဝင္ေရာက္လာသည့္ အိႏၵိယႏုိင္ငံသူႏွစ္ဦးႏွင့္ ပို႔ေဆာင္ေပးသည့္ ဆုိင္ကယ္သမားတို႔အား ဖမ္းဆီးရမိ

တရားမဝင္ ဝင္ေရာက္လာသည့္ အိႏၵိယႏုိင္ငံသူႏွစ္ဦးႏွင့္ ပို႔ေဆာင္ေပးသည့္ ဆုိင္ကယ္သမားတို႔အား ဖမ္းဆီးရမိ
မတ် 13, 2018
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕ တမူး - ကေလးကားလမ္းတြင္ အိႏၵိယႏုိင္ငံသူႏွစ္ဦးအား တရားမဝင္ ပို႔ေဆာင္ေပးသည့္ ဆုိင္ကယ္သမားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

တမူးၿမိဳ႕၊ တမူး - ကေလးကားလမ္း (၄)မိုင္ လုံၿခဳံေရးရဲကင္းေရွ႕၌  ရဲအုပ္ လြင္ဦးျမင့္၊ မူးယစ္တပ္ဖြဲ႕စု(၇)တမူးမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္သားမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၁၂) ရက္ေန႔ ေန႔လယ္က တမူးမွ ကေလးဘက္သို႔ အမ်ိဳးသား တစ္ဦး ေမာင္းႏွင္ၿပီး အမ်ိဳးသမီးႏွစ္ဦး လိုက္ပါ လာသည့္ ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးစဥ္ ေမာင္းႏွင္ထြက္ေျပးသြား၍ လိုက္လံဖမ္းဆီးရာ မန္ေမာ္ေက်း႐ြာအထြက္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

၎တို႔အား စစ္ေမးခ်က္အရ ဆိုင္ကယ္ေမာင္းႏွင္သူမွာ ဝင္းႏိုင္ဦး (ခ) ဖိုးသားဆိုသူျဖစ္ၿပီး အိႏၵိယႏိုင္ငံသူ Deen Kish Shani ႏွင့္ Mustra Kumar တို႔ႏွစ္ဦးအား  ခါမ္းပါတ္ ၿမိဳ႕အလြန္သို႔ ေငြက်ပ္ငါးေသာင္းျဖင့္ ပို႔ေဆာင္ ေပးျခင္းျဖစ္ေၾကာင္း သိရၿပီး အဆိုပါ အိႏၵိယႏုိင္ငံသူႏွစ္ဦးမွာ  ခါမ္းပါတ္ၿမိဳ႕မွ တစ္ဆင့္ မႏၲေလးသို႔ သြားေရာက္ကာ မေလးရွားႏိုင္ငံသို႔ သြားမည့္ သူမ်ားျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ ဝင္ေရာက္လာသည့္ အိႏၵိယႏုိင္ငံသူႏွစ္ဦးႏွင့္ တရားမဝင္ ပို႔ေဆာင္ေပးသူတို႔အား အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တမူး - ကလေးကားလမ်းတွင် အိန္ဒိယနိုင်ငံသူနှစ်ဦးအား တရားမဝင် ပို့ဆောင်ပေးသည့် ဆိုင်ကယ်သမားအား ဖမ်းဆီးရမိကြောင်း သိရသည်။

တမူးမြို့၊ တမူး - ကလေးကားလမ်း (၄)မိုင် လုံခြုံရေးရဲကင်းရှေ့၌ ရဲအုပ် လွင်ဦးမြင့်၊ မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ နေ့လယ်က တမူးမှ ကလေးဘက်သို့ အမျိုးသား တစ်ဦး မောင်းနှင်ပြီး အမျိုးသမီးနှစ်ဦး လိုက်ပါ လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးရာ မန်မော်ကျေးရွာအထွက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့အား စစ်မေးချက်အရ ဆိုင်ကယ်မောင်းနှင်သူမှာ ဝင်းနိုင်ဦး (ခ) ဖိုးသားဆိုသူဖြစ်ပြီး အိန္ဒိယနိုင်ငံသူ Deen Kish Shani နှင့် Mustra Kumar တို့နှစ်ဦးအား ခါမ်းပါတ် မြို့အလွန်သို့ ငွေကျပ်ငါးသောင်းဖြင့် ပို့ဆောင် ပေးခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါ အိန္ဒိယနိုင်ငံသူနှစ်ဦးမှာ ခါမ်းပါတ်မြို့မှ တစ်ဆင့် မန္တလေးသို့ သွားရောက်ကာ မလေးရှားနိုင်ငံသို့ သွားမည့် သူများဖြစ်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံသူနှစ်ဦးနှင့် တရားမဝင် ပို့ဆောင်ပေးသူတို့အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~