တာလေတွင် ဖွင့်လှစ်သည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းသို့ ဒေသတွင်းမှ (၃၈၀)ဦး တက်ရောက်နေ

တာလေတွင် ဖွင့်လှစ်သည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းသို့ ဒေသတွင်းမှ (၃၈၀)ဦး တက်ရောက်နေ
မတျ 13, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့တွင် နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို မတ်လ (၁၃)ရက်နေ့က ဖွင့်လှစ်ရာ သင်တန်း တက်ရောက်သူ(၃၈၀)ဦး ရှိကြောင်း သိရသည်။

ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်အတွင်း မြို့နယ်နှင့် ကျေးရွာအုပ်စုများမှ နေရာပေါင်း (၅၆)နေရာတွင် နွေရာသီ ရှမ်းစာပေသင်တန်းများကို ဆရာ၊ဆရာမ (၆၀)ဦးဖြင့် ဖွင့်လှစ်နေခြင်းဖြစ်သည်။

တာလေမြို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုနှင့် တာလေမြို့ ရပ်ကွက်(၃) တို့တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲများသို့ တာလေမြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ကြပြီး သင်တန်းတက်ရောက်မည့် ကလေးငယ်များအား ရှမ်းစာပေသင်ရိုးညွှန်းတမ်းစာအုပ် ၊ဗလာစာအုပ်များလည်း ပံ့ပိုးပေးကြောင်း သိရသည်။


ရှမ်းစာပေသင်တန်းများကို တာချီလိတ်မြို့နယ်တွင်း  ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဝမ်မိုင်ရွာ၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၊ ပါဆတ်ရပ်ကွက်၊ ဝမ်လုံရွာ၊ ဝမ်ဟောင်ရွာ၊ မယ်ခေါင်ရပ်ကွက်၊ ဝမ်လုံးတို့တွင် တစ်နေရာစီနှင့် ဖန်မင်ကျေးရွာအုပ်စု အတွင်း (၄)နေရာ၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း (၁၁) နေရာ၊ မိုင်းဖုန်(က)ကျေးရွာ အုပ်စု အတွင်း (၁၀)နေရာ၊ မိုင်းဖုန်း(ခ)ရွာအုပ်စုအတွင်း (၄)နေရာ၊ တာလေမြို့နှင့် ကျိုင်းလပ်မြို့တို့တွင် (၁၆) နေရာ၊ မိုင်းဖြတ်မြို့နယ်အတွင်း (၃) နေရာနှင့် မိုင်းယောင်းမြို့နယ်တို့တွင် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလမြေို့တွင် နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို မတ်လ (၁၃)ရက်နေ့က ဖွင့်လှစ်ရာ သင်တန်း တက်ရောက်သူ(၃၈၀)ဦး ရှိကြောင်း သိရသည်။

ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်အတွင်း မြို့နယ်နှင့် ကျေးရွာအုပ်စုများမှ နေရာပေါင်း (၅၆)နေရာတွင် နွေရာသီ ရှမ်းစာပေသင်တန်းများကို ဆရာ၊ဆရာမ (၆၀)ဦးဖြင့် ဖွင့်လှစ်နခြေင်းဖြစ်သည်။

တာလမြေို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုနှင့် တာလမြေို့ ရပ်ကွက်(၃) တို့တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲများသို့ တာလမြေို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ကြပြီး သင်တန်းတက်ရောက်မည့် ကလေးငယ်များအား ရှမ်းစာပေသင်ရိုးညွှန်းတမ်းစာအုပ်၊ဗလာစာအုပ်များလည်း ပံ့ပိုးပေးကြောင်း သိရသည်။

အဆိုပါ သင်တန်းများမှာ သင်တန်းကာလ(၄၅)ရက်ကြာမည်ဖြစ်ပြီး မတ်လ (၁၂)ရက်နေ့က ကျိုင်းလပ်မြို့တွင် ဖွင့်လှစ်သည့် နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှု သင်တန်းများသို့ သင်တန်းတက်ရောက်သူပေါင်း (၃၇၄)ဦးရှိကြောင်း သိရသည်။

ရှမ်းစာပေသင်တန်းများကို တာချီလိတ်မြို့နယ်တွင်း ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဝမ်မိုင်ရွာ၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၊ ပါဆတ်ရပ်ကွက်၊ ဝမ်လုံရွာ၊ ဝမ်ဟောင်ရွာ၊ မယ်ခေါင်ရပ်ကွက်၊ ဝမ်လုံးတို့တွင် တစ်နေရာစီနှင့် ဖန်မင်ကျေးရွာအုပ်စု အတွင်း (၄)နေရာ၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း (၁၁) နေရာ၊ မိုင်းဖုန်(က)ကျေးရွာ အုပ်စု အတွင်း (၁၀)နေရာ၊ မိုင်းဖုန်း(ခ)ရွာအုပ်စုအတွင်း (၄)နေရာ၊ တာလမြေို့နှင့် ကျိုင်းလပ်မြို့တို့တွင် (၁၆) နေရာ၊ မိုင်းဖြတ်မြို့နယ်အတွင်း (၃) နေရာနှင့် မိုင်းယောင်းမြို့နယ်တို့တွင် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်နိုင်ရေး အတွက် ပညာဒါနအဖြစ် စေတနာရှင်များက ထည့်ဝင် လှူဒါန်းထားကြပြီး သင်တန်းဆင်းပွဲကျင်းပသည့် အချိန်ထိ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - စိုင်းသန့်ဇင်လတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~