တာခ်ီလိတ္တြင္ ေန႔လယ္ပိုင္းအခ်ိန္အတြင္း ေနအိမ္ေဖာက္ထြင္းမႈျဖစ္ပြား ၊ ပတ္၀န္းက်င္ေန ျပည္သူမ်ား ပူးေပါင္းမႈျဖင့္ ေန႔မကူးခင္ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေန႔လယ္ပိုင္းအခ်ိန္အတြင္း ေနအိမ္ေဖာက္ထြင္းမႈျဖစ္ပြား ၊ ပတ္၀န္းက်င္ေန ျပည္သူမ်ား ပူးေပါင္းမႈျဖင့္ ေန႔မကူးခင္ ဖမ္းဆီးရမိ
မတ် 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္တြင္ မတ္လ (၄)ရက္ေန႔ ေန႔လယ္ပိုင္းက ေနအိမ္တြင္ လူမရိွခ်ိန္ သူခိုးဝင္ခိုးေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ လာေရာက္အမႈဖြင့္ရာ ပတ္ဝန္းက်င္ ျပည္သူမ်ား ပူးေပါင္းကူညီမႈျဖင့္ အမႈဖြင့္ၿပီး သံုးနာရီအတြင္း တရားခံ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဆန္ဆိုင္း(ခ)ရပ္ကြက္ (၅)လမ္းရွိ ဦးလွ၀င္း၏ ေနအိမ္တြင္ အိမ္ရွင္ ဦးလွဝင္းႏွင့္ မိသားစုသည္ ေန႔လယ္ (၁၁)နာရီ ဝန္းက်င္က ေနအိမ္ေသာ့ခတ္၍ အျပင္သုိ႔သြားခဲ့ၿပီး ညေန (၃)နာရီခြဲခန္႔ ေနအိမ္ ျပန္ေရာက္ လာခ်ိန္တြင္ ေနအိမ္ၿခံဝန္း သံဆူးႀကိဳးမ်ား ပ်က္စီးေနကာ ေနအိမ္ေနာက္ေဖး တံခါးေပါက္ႏွင့္ ျပတင္းတံခါး သံဇကာ မူလီမ်ား ျပဳတ္ေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ေနအိမ္အတြင္းမွ ေငြက်ပ္ (၂၅)သိန္းလည္း ေပ်ာက္ဆံုးေနေၾကာင္း ေတြ႔ရသျဖင့္ ပတ္ဝန္းက်င္ ေနအိမ္မ်ားထံ စံုစမ္းရာ ေန႔လယ္ပိုင္းက လူငယ္တစ္ဦးက ေနအိမ္ၿခံဝန္းအား ေက်ာ္တက္၍ တစ္နာရီခန္႔ၾကာ ၿပီးေနာက္ ျပန္ထြက္လာသည္ကို ေတြ႕သျဖင့္ အနီးဝန္းက်င္ေနအိမ္မွလူမ်ားက မသကၤာ၍ အဆိုပါ လူငယ္အား ေမးျမန္းရာ သူငယ္ခ်င္း အိမ္ျဖစ္သည္ဟု ျပန္လည္ေျပာဆိုထြက္သြားကာ ၎ကသူခိုးဟု ေအာ္ဟစ္ ထြက္ေျပးသြားျခင္း ျဖစ္ေၾကာင္း ပတ္ဝန္းက်င္ အိမ္နီးခ်င္းမ်ားထံမွ သိရသည္ဟု ေနအိမ္ပိုင္ရွင္က အမႈဖြင့္တိုင္ၾကားထားျခင္း ျဖစ္သည္။

မႈခင္းျဖစ္ပြားမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္၊ တပ္ၾကပ္ႀကီး ေက်ာ္ေဇယ်ႏွင့္ နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ားက အဆိုပါ ေနအိမ္၏ အနီးပတ္ဝန္းက်င္႐ွိ CCTV မွတ္တမ္းမ်ား အကူအညီျဖင့္ လုိက္လံစုံစမ္းခဲ့ရာ (၃)နာရီအတြင္း ခုိးယူသူတရားခံကုိ ဖမ္းဆီးႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိသည့္ အသက္ (၂၁)ႏွစ္အရြယ္ ရဲေနာင္ဆိုသူသည္ ခိုးယူရရိွသည့္ ေငြျဖင့္ ဆိုင္ကယ္တစ္စီးႏွင့္ ဆမ္ေဆာင္းဟန္းဆက္ တစ္လံုးတို႔ ဝယ္ယူထားၿပီးျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

ေနအိမ္ေဖါက္ထြင္းခိုးယူသည့္ ရဲေနာင္ဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆၄/၂၀၁၈၊ ပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - San Thein ( FB )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် မတ်လ (၄)ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်တွင် လူမရှိချိန် သူခိုးဝင်ခိုးကြောင်း တာချီလိတ်မြို့မရဲစခန်းတွင် လာရောက်အမှုဖွင့်ရာ ပတ်ဝန်းကျင် ပြည်သူများ ပူးပေါင်းကူညီမှုဖြင့် အမှုဖွင့်ပြီး သုံးနာရီအတွင်း တရားခံ ဖမ်းဆီးရမိကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက် (၅)လမ်းရှိ ဦးလှဝင်း၏ နေအိမ်တွင် အိမ်ရှင် ဦးလှဝင်းနှင့် မိသားစုသည် နေ့လယ် (၁၁)နာရီ ဝန်းကျင်က နေအိမ်သော့ခတ်၍ အပြင်သို့သွားခဲ့ပြီး ညနေ (၃)နာရီခွဲခန့် နေအိမ် ပြန်ရောက် လာချိန်တွင် နေအိမ်ခြံဝန်း သံဆူးကြိုးများ ပျက်စီးနေကာ နေအိမ်နောက်ဖေး တံခါးပေါက်နှင့် ပြတင်းတံခါး သံဇကာ မူလီများ ပြုတ်နေသည်ကို တွေ့ရကြောင်း သိရသည်။

နေအိမ်အတွင်းမှ ငွေကျပ် (၂၅)သိန်းလည်း ပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့် ပတ်ဝန်းကျင် နေအိမ်များထံ စုံစမ်းရာ နေ့လယ်ပိုင်းက လူငယ်တစ်ဦးက နေအိမ်ခြံဝန်းအား ကျော်တက်၍ တစ်နာရီခန့်ကြာ ပြီးနောက် ပြန်ထွက်လာသည်ကို တွေ့သဖြင့် အနီးဝန်းကျင်နေအိမ်မှလူများက မသင်္ကာ၍ အဆိုပါ လူငယ်အား မေးမြန်းရာ သူငယ်ချင်း အိမ်ဖြစ်သည်ဟု ပြန်လည်ပြောဆိုထွက်သွားကာ၎င်းကသူခိုးဟု အော်ဟစ် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင် အိမ်နီးချင်းများထံမှ သိရသည်ဟု နေအိမ်ပိုင်ရှင်က အမှုဖွင့်တိုင်ကြားထားခြင်း ဖြစ်သည်။

မှုခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ တာချီလိတ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်၊ တပ်ကြပ်ကြီး ကျော်ဇေယျနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက အဆိုပါ နေအိမ်၏ အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများ အကူအညီဖြင့် လိုက်လံစုံစမ်းခဲ့ရာ (၃)နာရီအတွင်း ခိုးယူသူတရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့် အသက် (၂၁)နှစ်အရွယ် ရဲနောင်ဆိုသူသည် ခိုးယူရရှိသည့် ငွဖြေင့် ဆိုင်ကယ်တစ်စီးနှင့် ဆမ်ဆောင်းဟန်းဆက် တစ်လုံးတို့ ဝယ်ယူထားပြီးဖြစ်ကြောင်း ထွက်ဆိုသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နေအိမ်ဖောက်ထွင်းခိုးယူသည့် ရဲနောင်ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၆၄/၂၀၁၈၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - San Thein ( FB )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~