တာချီလိတ်၌ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများတွင် သင်တန်းသား ၅၀၀ နီးပါး တက်ရောက်နေ

တာချီလိတ်၌ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများတွင် သင်တန်းသား ၅၀၀ နီးပါး တက်ရောက်နေ
မတျ 10, 2018
By Tachileik News Agency



တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့နယ် အင်းသားလူမှုကူညီရေး အသင်းနှင့် တာချီလိတ်မြို့ကြက်တောင် ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံ အားကစား သင်တန်း(၆)မျိုးအနက် သင်တန်း(၅)မျိုးကို မတ်လ (၁)ရက်နေ့မှ ဧပြီလ (၁)ရက်နေ့အထိ တစ်လကြာ  သင်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖွင့်လှစ်ထားသည့် သင်တန်းများတွင် ဘောလုံးအားကစားနည်းတွင် သင်တန်းသား (၂၄၅)ဦး၊ မြန်မာ့သိုင်းအားကစားတွင် သင်တန်းသား (၁၅၀)၊ ဝူရှုးအားကစားတွင် သင်တန်းသား (၄၅)ဦး၊ ဘော်လီဘောတွင် သင်တန်းသား (၁၅)ဦးနှင့် ကရာတေးဒိုသင်တန်းတွင် သင်တန်းသား (၄၀)ဦးတို့ တက်ရောက်နေကြပြီး အားကစားရုံ၏ နေရာ အခက်အခဲကြောင့် ဧပြီလတွင် စတင်ဖွင့်လှစ်မည့် ကြက်တောင် သင်တန်းအတွက် သင်တန်းသား စာရင်းများ လက်ခံနေဆဲဖြစ်ကြောင်း သိရသည်။

ကြက်တောင်အားကစားသင်တန်းကို ဧပြီလ (၁)ရက်နေ့မှ မေလ (၁)ရက်နေ့အထိ ခရိုင်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ကြက်တောင်ဆပ်ကော်မတီ ဖုန်းနံပါတ် ၀၉ ၄၄၀၆၇၀၄၂၀ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


သတင်း - အင်မိုင်ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သင်တန်းသား/သင်တန်းသူ (၄၉၅)ဦး တက်ရောက်နေသည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအား မတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့မဘောလုံးကွင်းတွင် ကျင်းပကြောင်း သိရသည်။

“ကျွန်တော်တို့ သင်တန်းက မတ်လ (၁)ရက်နေ့ကတည်းက စပြီး ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သင်တန်းသား၊ သင်တန်းသူတွေ အင်အားအပြည့်နဲ့ရဖို့အတွက် (၁၀)ရက်နေ့အထိ စောင့်ပြီးမှ ဖွင့်ပွဲပြုလုပ်တာပါ။ ကြက်တောင်သင်တန်း ကတော့ ဧပြီလ (၁)ရက်နေ့မှ ဖွင့်မှာဆိုတော့ အခု အားကစား ဖွင့်ပွဲမှာတော့ မပါသေးပါဘူး”ဟု တာချီလိတ် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့နယ် အင်းသားလူမှုကူညီရေး အသင်းနှင့် တာချီလိတ်မြို့ကြက်တောင် ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံ အားကစား သင်တန်း(၆)မျိုးအနက် သင်တန်း(၅)မျိုးကို မတ်လ (၁)ရက်နေ့မှ ဧပြီလ (၁)ရက်နေ့အထိ တစ်လကြာ သင်ကြားနခြေင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖွင့်လှစ်ထားသည့် သင်တန်းများတွင် ဘောလုံးအားကစားနည်းတွင် သင်တန်းသား (၂၄၅)ဦး၊ မြန်မာ့သိုင်းအားကစားတွင် သင်တန်းသား (၁၅၀)၊ ဝူရှုးအားကစားတွင် သင်တန်းသား (၄၅)ဦး၊ ဘော်လီဘောတွင် သင်တန်းသား (၁၅)ဦးနှင့် ကရာတေးဒိုသင်တန်းတွင် သင်တန်းသား (၄၀)ဦးတို့ တက်ရောက်နကြပြေီး အားကစားရုံ၏ နေရာ အခက်အခဲကြောင့် ဧပြီလတွင် စတင်ဖွင့်လှစ်မည့် ကြက်တောင် သင်တန်းအတွက် သင်တန်းသား စာရင်းများ လက်ခံနေဆဲဖြစ်ကြောင်း သိရသည်။

ကြက်တောင်အားကစားသင်တန်းကို ဧပြီလ (၁)ရက်နေ့မှ မေလ (၁)ရက်နေ့အထိ ခရိုင်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနဖြေင့် ကြက်တောင်ဆပ်ကော်မတီ ဖုန်းနံပါတ် ဝ၉ ၄၄၀၆၇၀၄၂၀ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဘောလုံး အားကစားသင်တန်းကို မြို့မအားကစားကွင်း၊ ဝူရှုးအားကစားကို ခရိုင် အားကစားခန်းမ၊ ဘော်လီဘောအားကစားကို ဟောင်လိတ် အထက်တန်းကျောင်း၊ ကရာတေးဒိုကို အခြေခံပညာ အထက်တန်းကျောင်း (ဆန်ဆိုင်း)၊ မြန်မာ့သိုင်းအားကစားကို ရန်အောင်မြေ အခြေခံပညာ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)ပုန်းထွန် နှင့် တာလော့ အလယ်တန်း ကျောင်း(ခွဲ)တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~