အျပည္ျပည္ဆုိင္ရာ စစ္တုရင္ၿပိဳင္ပြဲအတြက္ လားရႈိးၿမိဳ႕နယ္ လက္ေရြးစင္ေရြးခ်ယ္ပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ား မတ္လ ၁၂ ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးႏုိင္

အျပည္ျပည္ဆုိင္ရာ စစ္တုရင္ၿပိဳင္ပြဲအတြက္ လားရႈိးၿမိဳ႕နယ္ လက္ေရြးစင္ေရြးခ်ယ္ပြဲသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ား မတ္လ ၁၂ ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးႏုိင္
မတ် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာစစ္တုရင္ၿပိဳင္ပြဲ အလြတ္တန္းႏွင့္ အသက္ (၂၀) ႏွစ္ေအာက္ လက္ေရြးစင္ေရြးခ်ယ္ပြဲကို မတ္လ (၁၃) ရက္ေန႔တြင္ က်င္းပမည္ျဖစ္ရာ လားရႈိးၿမိဳ႕နယ္ အတြင္းမွ ဝင္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ား မတ္လ (၁၂) ရက္ေန႔ေနာက္ဆုံးထား၍ စာရင္းေပးသြင္း ႏိုင္ေၾကာင္း သိရသည္။

“လားရိႈးၿမိဳ႕နယ္အတြင္းက စစ္တုရင္ဝါသနာရွင္ေတြ၊ အထူးသျဖင့္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ ရည္ရြယ္ၿပီးေတာ့ ဖိတ္ေခၚတာျဖစ္ပါတယ္။ ကံေကာင္းခ်င္ရင္ ကုသိုလ္ပြား၊ ဥာဏ္ေကာင္း ခ်င္ရင္ စစ္တုရင္ ကစားဆိုတဲ့ ေဆာင္ပုဒ္ေလးနဲ႔အညီ စစ္တုရင္ကစားတာကို အားကစားတစ္ခုအေနနဲ႔ ေပါက္ေျမာက္ေစခ်င္ တဲ့ ရည္ရြယ္ခ်က္နဲ႔လုပ္ေဆာင္တာျဖစ္ပါတယ္ ” ဟု စစ္တုရင္ၿပိဳင္ပြဲမ်ားျဖစ္ေျမာက္ေရးဆပ္ေကာ္မတီ(လားရိႈး) မွ အတြင္းေရးမွဴး( ၿပိဳင္ပြဲဒိုင္ ) ဦးရန္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲႏွစ္ရပ္စလံုးအတြက္ လားရိႈးၿမိဳ႕တြင္ အမွန္တကယ္ေနထိုင္သူျဖစ္ေၾကာင္း အေထာက္အထား၊ အသက္ (၂၀) ႏွစ္ေအာက္ ကစားသမားမ်ားအတြက္ မွတ္ပံုတင္(သို႔မဟုတ္)အိမ္ေထာင္စု စာရင္း(သို႔မဟုတ္) ေမြးစာရင္းမိတၱဴတို႔ တင္ျပရန္ လိုအပ္ေၾကာင္း သိရသည္။

“တစ္ခ်ိဳ႕ေက်ာင္းသားမိဘေတြက စစ္တုရင္ကစားနည္းက ေက်ာင္းစာအတြက္ ထိခိုက္ေစႏိုင္တယ္လို႔ ထင္ျမင္ ေနၾကတာေတြရွိတယ္။ အဲဒါေလးေတြကို အျမင္ေျပာင္းလဲေစခ်င္တာရယ္ လူငယ္ေတြအတြက္ စစ္တုရင္ကစား နည္းကို ထဲထဲဝင္ဝင္ေလ့လာကစားႏိုင္ေအာင္ နားလည္သြားေအာင္ ႀကိဳးစားတာ တစ္ခုလည္း ျဖစ္တယ္ ” ဟု ဦးရန္ေအာင္က ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပျပဳလုပ္မည့္ ၿမိဳ႕နယ္ေပါင္းစံုစစ္တုရင္ၿပိဳင္ပြဲအတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္အတြင္းမွ လက္ေရြးစင္ကစားသမားမ်ားကို ေရြးခ်ယ္ျခင္းျဖစ္ၿပီး အလြတ္တန္းၿပိဳင္ပြဲအတြက္ အသက္ကန္႔သတ္ခ်က္ မရွိေၾကာင္း သိရသည္။

ဆက္သြယ္စာရင္းေပးလိုသူမ်ား အေနျဖင့္ ဖုန္း ၀၉ ၇၈၉၄၂၉၇၂၁ ႏွင့္ ၀၉ ၂၅၉၀၄၁၇၄၂ တို႔သို႔ ဆက္သြယ္၍ စာရင္းေပးႏိုင္ၿပီး လက္ေရြးစင္ေရြးခ်ယ္ပြဲကို လားရႈိးၿမိဳ႕ ၿမိဳ႕နယ္အားကစားကြင္းတြင္ မတ္လ (၁၃) ရက္ေန႔ နံနက္ (၉) နာရီတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နယ္အတြင္း ႏွစ္စဥ္ႏွစ္တိုင္းအတြက္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ စစ္တုရင္ၿပိဳင္ပြဲ၊ (၁၆) ၿမိဳ႕နယ္ (၂၀) ႏွစ္ေအာက္စစ္တုရင္ၿပိဳင္ပြဲႏွင့္ ၿမိဳ႕နယ္ေပါင္းစံု လူေရြးပြဲတို႔ကို က်င္းပျပဳလုပ္လ်က္ရွိၿပီး စစ္တုရင္အေျခခံကစားနည္း ေႏြရာသီသင္တန္းကိုလည္း မတ္လ (၁၀) ရက္ေန႔တြင္ ၿမိဳ႕နယ္အားကစား ကြင္း၌ ဖြင့္လွစ္သြားရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲ အလွတ်တန်းနှင့် အသက် (၂၀) နှစ်အောက် လက်ရွေးစင်ရွေးချယ်ပွဲကို မတ်လ (၁၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လားရှိုးမြို့နယ် အတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ မတ်လ (၁၂) ရက်နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

“လားရှိုးမြို့နယ်အတွင်းက စစ်တုရင်ဝါသနာရှင်တွေ၊ အထူးသဖြင့် ကျောင်းသူကျောင်းသားတွေအတွက် ရည်ရွယ်ပြီးတော့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ကံကောင်းချင်ရင် ကုသိုလ်ပွား၊ ဉာဏ်ကောင်း ချင်ရင် စစ်တုရင် ကစားဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ စစ်တုရင်ကစားတာကို အားကစားတစ်ခုအနေနဲ့ ပေါက်မြောက်စေချင် တဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာဖြစ်ပါတယ် ” ဟု စစ်တုရင်ပြိုင်ပွဲများဖြစ်မြောက်ရေးဆပ်ကော်မတီ(လားရှိုး) မှ အတွင်းရေးမှူး( ပြိုင်ပွဲဒိုင် ) ဦးရန်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲနှစ်ရပ်စလုံးအတွက် လားရှိုးမြို့တွင် အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း အထောက်အထား၊ အသက် (၂၀) နှစ်အောက် ကစားသမားများအတွက် မှတ်ပုံတင်(သို့မဟုတ်)အိမ်ထောင်စု စာရင်း(သို့မဟုတ်) မွေးစာရင်းမိတ္တူတို့ တင်ပြရန် လိုအပ်ကြောင်း သိရသည်။

“တစ်ချို့ကျောင်းသားမိဘတွေက စစ်တုရင်ကစားနည်းက ကျောင်းစာအတွက် ထိခိုက်စေနိုင်တယ်လို့ ထင်မြင် နကြေတာတွေရှိတယ်။ အဲဒါလေးတွေကို အမြင်ပြောင်းလဲစေချင်တာရယ် လူငယ်တွေအတွက် စစ်တုရင်ကစား နည်းကို ထဲထဲဝင်ဝင်လေ့လာကစားနိုင်အောင် နားလည်သွားအောင် ကြိုးစားတာ တစ်ခုလည်း ဖြစ်တယ် ” ဟု ဦးရန်အောင်က ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းမှ လက်ရွေးစင်ကစားသမားများကို ရွေးချယ်ခြင်းဖြစ်ပြီး အလွတ်တန်းပြိုင်ပွဲအတွက် အသက်ကန့်သတ်ချက် မရှိကြောင်း သိရသည်။

ဆက်သွယ်စာရင်းပေးလိုသူများ အနဖြေင့် ဖုန်း ဝ၉ ၇၈၉၄၂၉၇၂၁ နှင့် ဝ၉ ၂၅၉၀၄၁၇၄၂ တို့သို့ ဆက်သွယ်၍ စာရင်းပေးနိုင်ပြီး လက်ရွေးစင်ရွေးချယ်ပွဲကို လားရှိုးမြို့ မြို့နယ်အားကစားကွင်းတွင် မတ်လ (၁၃) ရက်နေ့ နံနက် (၉) နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း နှစ်စဉ်နှစ်တိုင်းအတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ၊ (၁၆) မြို့နယ် (၂၀) နှစ်အောက်စစ်တုရင်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ လူရွေးပွဲတို့ကို ကျင်းပပြုလုပ်လျက်ရှိပြီး စစ်တုရင်အခြေခံကစားနည်း နွေရာသီသင်တန်းကိုလည်း မတ်လ (၁၀) ရက်နေ့တွင် မြို့နယ်အားကစား ကွင်း၌ ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~