တာခ်ီလိတ္ရွိ အသက္(၄၅)ႏွစ္ေအာက္ စြန္႔ဦးတီထြင္ လူငယ္လုပ္ငန္းရွင္မ်ား ေတြ႔ဆံု ေဆြးေႏြးဖလွယ္ပြဲသို႔ လူငယ္လုပ္ငန္းရွင္မ်ား တက္ေရာက္ေလ့လာ ေဆြးေႏြးႏိုင္

တာခ်ီလိတ္ရွိ အသက္(၄၅)ႏွစ္ေအာက္ စြန္႔ဦးတီထြင္ လူငယ္လုပ္ငန္းရွင္မ်ား ေတြ႔ဆံု ေဆြးေႏြးဖလွယ္ပြဲသို႔ လူငယ္လုပ္ငန္းရွင္မ်ား တက္ေရာက္ေလ့လာ ေဆြးေႏြးႏိုင္
မတ် 7, 2018
By Tachileik News Agency

လုပ္ငန္းအလိုက္ ေဒသအလိုက္ ဘက္စံုဖြံ႔ၿဖဳိးေရး အေထာက္အကူ ျပဳႏိုင္ေစရန္ ပူးေပါင္း ပါ၀င္ႏိုင္ေရးႏွင့္ အခြင့္အလမ္းမ်ား ပိုမို ဖန္တီးႏိုင္ေရး အတြက္ တာခ်ီလိတ္ၿမိဳ႕ရွိ အသက္(၄၅)ႏွစ္ေအာက္ စြန္႔ဦးတီထြင္ လူငယ္လုပ္ငန္းရွင္မ်ား ႏွင့္ ရွမ္းျပည္နယ္ စြန္းဦးတီထြင္လူငယ္ လုပ္ငန္းရွင္မ်ားအသင္းႏွင့္ အသင္း၀င္မ်ား ေတြ႔ဆံုကာ အျပန္အလွန္ ေဆြးေႏြးမႈအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္အသင္းရံုးတြင္ က်င္းပျပဳလုပ္မည္ျဖစ္ရာ အသက္(၄၅)ႏွစ္ေအာက္ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ား အားလံုး တက္ေရာက္ ေဆြးေႏြးေလ့လာႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲအား ၂၀၁၈ခုႏွစ္ မတ္လ(၈)ရက္ေန႔ နံနက္(၁၀)နာရီ အခ်ိန္တြင္ တာခ်ီလိတ္ ယာဥ္ထိန္းရံုးအနီးရွိ တာခ်ီလိတ္နယ္စပ္ကုန္သည္အသင္းရံုးတြင္ ျပဳလုပ္မည္ျဖစ္သည္။

စြန္႔ဦးတီထြင္လူငယ္လုပ္ငန္းရွင္မ်ား၊ လုပ္ငန္းထူေထာင္ဆဲ ႏွင့္ ထူေထာင္ရန္ ျပင္ဆင္ေနသူမ်ားအေနျဖင့္ Shan State Young Entrepreneur Association (SSYEA )အသင္း၏ ရည္ရြယ္ခ်က္အား သိရွိၿပီး ဖြဲ႔စည္းမႈတြင္ ပါ၀င္ျခင္းျဖင့္ မိမိတို႔ လုပ္ငန္းအလိုက္ ေထာက္အကူ ျပဳႏိုင္ေစရန္အတြက္ အျပန္အလွန္ေဆြးေႏြးမွ်ေ၀မႈမ်ား ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

လုပ်ငန်းအလိုက် ဒေသအလိုက် ဘက်စုံဖွံ့ဖြိုးရေး အထောက်အကူ ပြုနိုင်စေရန် ပူးပေါင်း ပါဝင်နိုင်ရေးနှင့် အခွင့်အလမ်းများ ပိုမို ဖန်တီးနိုင်ရေး အတွက် တာချီလိတ်မြို့ရှိ အသက်(၄၅)နှစ်အောက် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ နှင့် ရှမ်းပြည်နယ် စွန်းဦးတီထွင်လူငယ် လုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင်များ တွေ့ဆုံကာ အပြန်အလှန် ဆွေးနွေးမှုအဖြစ် တာချီလိတ်မြို့နယ်စပ်ကုန်သည်အသင်းရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အသက်(၄၅)နှစ်အောက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အားလုံး တက်ရောက် ဆွေးနွေးလေ့လာနိုင်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား ၂၀၁၈ခုနှစ် မတ်လ(၈)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် တာချီလိတ် ယာဉ်ထိန်းရုံးအနီးရှိ တာချီလိတ်နယ်စပ်ကုန်သည်အသင်းရုံးတွင် ပြုလုပ်မည်ဖြစ်သည်။

စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်များ၊ လုပ်ငန်းထူထောင်ဆဲ နှင့် ထူထောင်ရန် ပြင်ဆင်နေသူများအနဖြေင့် Shan State Young Entrepreneur Association (SSYEA )အသင်း၏ ရည်ရွယ်ချက်အား သိရှိပြီး ဖွဲ့စည်းမှုတွင် ပါဝင်ခြင်းဖြင့် မိမိတို့ လုပ်ငန်းအလိုက် ထောက်အကူ ပြုနိုင်စေရန်အတွက် အပြန်အလှန်ဆွေးနွေးမျှေဝမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~