တကၠသိုလ္၀င္တန္း စာေမးပြဲေျဖဆိုၿပီးသည့္ ေက်ာင္းသား/သူမ်ား ပါ၀င္ေသာ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္

တကၠသိုလ္၀င္တန္း စာေမးပြဲေျဖဆိုၿပီးသည့္ ေက်ာင္းသား/သူမ်ား ပါ၀င္ေသာ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္
မတ် 16, 2018
By Tachileik News Agency

တကၠသိုလ္၀င္တန္း စာေမးပြဲေျဖဆိုၿပီး ျပန္လာသည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား လိုက္ပါလာေသာ ဘုရားဖူး ယာဥ္တစ္စီး မန္းစက္ေတာ္ရာဘုရား ေလွတင္တံတားအဆင္းတြင္ မတ္လ(၁၆)ရက္ေန႔ နံနက္(၇)နာရီခြဲ၀န္းက်င္အခ်ိန္က တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ရာမွ (၁၇)ဦး ဒဏ္ရာမ်ား ရရွိသြားေၾကာင္း သိရသည္။

"စာေမးပြဲေျဖၿပီးတဲ့ ေက်ာင္းသား​ေက်ာင္​းသူ​ေတြနဲ႔ ​ေက်ာင္​းသားမိဘေတြ ပါပါတယ္။ လူ (၂၀)ေက်ာ္​ လိုက္​ပါလာတဲ့ အထဲက (၁၇)ဦး က်ိဳးပဲ့ဒဏ္​ရာ အသီးသီး ရရိွသြားတယ္​လို႔ ကနဦး သတင္​းရရိွပါတယ္​"" " ဟု ​ေရႊစက္​​ေတာ္​ဘုရား​ေဂါပကဥကၠဌ ဦးသိန္​းလိႈင္​က တာခ်ီလိတ္​သတင္းေအဂ်င္​စီသို႔ ​ေျပာသည္​။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈ ျဖစ္စဥ္မွာ မင္းဘူးၿမိဳ႕နယ္ သီးကုန္း - မုန္ေတာင္ မွ ထြက္ခြာလာသည့္ ဘုရားဖူးယာဥ္သည္ ေလွတင္တံတားအဆင္းတြင္ ရုတ္တရက္ ဘရိတ္ေပါက္ရာမွ တိမ္းေမွာက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ဒဏ္ရာရရွိသူမ်ားအား ေရႊစက္ေတာ္ဘုရားပြဲေတာ္ တာ၀န္က် ဆရာ၀န္ႏွင့္ သူနာျပဳမ်ားက က်န္းမာေရးေစာင့္ေရွာက္မႈျပဳလုပ္ေပးၿပီး မင္းဘူးျပည္သူ႔ေဆးရံုသို႔ ေမာ္ေတာ္ယာဥ္ (၃)စီးျဖင့္ အျမန္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္း ေအးႏိုင္အား စကုနယ္ေျမရဲစခန္းမွ ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသူ၊ ကျောင်းသားများ လိုက်ပါလာသော ဘုရားဖူး ယာဉ်တစ်စီး မန်းစက်တော်ရာဘုရား လှေတင်တံတားအဆင်းတွင် မတ်လ(၁၆)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာမှ (၁၇)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

"စာမေးပွဲဖြပြေီးတဲ့ ကျောင်းသား​ကျောင်​းသူ​တွေနဲ့ ​ကျောင်​းသားမိဘတွေ ပါပါတယ်။ လူ (၂၀)ကျော်​ လိုက်​ပါလာတဲ့ အထဲက (၁၇)ဦး ကျိုးပဲ့ဒဏ်​ရာ အသီးသီး ရရှိသွားတယ်​လို့ ကနဦး သတင်​းရရှိပါတယ်​"" " ဟု ​ရွှေစက်​​တော်​ဘုရား​ဂေါပကဥက္ကဌ ဦးသိန်​းလှိုင်​က တာချီလိတ်​သတင်းအေဂျင်​စီသို့ ​ပြောသည်​။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှာ မင်းဘူးမြို့နယ် သီးကုန်း - မုန်တောင် မှ ထွက်ခွာလာသည့် ဘုရားဖူးယာဉ်သည် လှေတင်တံတားအဆင်းတွင် ရုတ်တရက် ဘရိတ်ပေါက်ရာမှ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ရွှေစက်တော်ဘုရားပွဲတော် တာဝန်ကျ ဆရာဝန်နှင့် သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးပြီး မင်းဘူးပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ် (၃)စီးဖြင့် အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အေးနိုင်အား စကုနယ်မြေရဲစခန်းမှ ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~