ယားနာေပါက္ေနသည့္ အသက္(၁၀)ႏွစ္အရြယ္ ခယ္မအား ခဲအိုျဖစ္သူမွ ေဆးခန္းပို႔ေပးမည္ဟု ေျပာကာ ေတာစပ္သို႔ ေခၚေဆာင္သြားၿပီး အဓမၼက်င့္

ယားနာေပါက္ေနသည့္ အသက္(၁၀)ႏွစ္အရြယ္ ခယ္မအား ခဲအိုျဖစ္သူမွ ေဆးခန္းပို႔ေပးမည္ဟု ေျပာကာ ေတာစပ္သို႔ ေခၚေဆာင္သြားၿပီး အဓမၼက်င့္
မတ် 21, 2018
By Tachileik News Agency

ခႏၶာကိုယ္တြင္ ယားနာေပါက္ေနသည့္ အသက္(၁၀)ႏွစ္အရြယ္ ခယ္မျဖစ္သူအား ေဆးခန္းပို႔ေပးမည္ဟု ဆိုကာ ခဲအိုျဖစ္သူမွ ေခၚေဆာင္သြားၿပီး ေဆးခန္းသို႔ မသြားဘဲ ေတာစပ္သို႔ ေခၚေဆာင္သြားကာ အဓမၼျပဳက်င့္သည့္ ျဖစ္စဥ္တစ္ခု ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း လားရႈိးၿမိဳ႕မ ရဲစခန္းမွ သိရသည္။

လားရႈိးၿမိဳ႕ ရဲေဘာ္ေဟာင္း ေက်ာက္ေတာင္ရပ္၊ နယ္ေျမ(၈)အတြင္းေန ေအာင္ၿဖဳိး၀င္းသည္ ဇနီးျဖစ္သူ၏ ညီမအရင္းျဖစ္သူ အသက္(၁၀)ႏွစ္ရွိ မ...၏ ခႏၶာကိုယ္တြင္ ယားနာေပါက္ေန၍  ေဆးခန္းသို႔ သြားမည္ဟု ေျပာကာ ေနအိမ္မွ ၂၀၁၈ခုႏွစ္ မတ္လ(၁၉)ရက္ေန႔ နံနက္(၈)နာရီ၀န္းက်င္အခ်ိန္က ေခၚေဆာင္သြားၿပီး နံနက္(၉)နာရီ၀န္းက်င္အခ်ိန္တြင္ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာေၾကာင္း သိရသည္။

ဆက္လက္၍ ည(၁၀)နာရီအခ်ိန္တြင္ ခယ္မျဖစ္သူက ၎တို႔ေနအိမ္ႏွင့္ မနီးမေ၀းတြင္ရွိသည့္ ဦးေလး ေတာ္စပ္သူ၏ ေနအိမ္သို႔ သြားေရာက္ကာ အစ္မ၏ ခင္ပြန္းျဖစ္သူ ေအာင္ၿဖဳိး၀င္းသည္ ၎အား ေဆးခန္းသို႔ မေခၚသြားဘဲ နယ္ေျမ(၈)ရွိ ေတာစပ္သို႔ ေခၚေဆာင္သြားၿပီး သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္းအား ဦးေလးျဖစ္သူအား ေျပာျပတိုင္ၾကားရာမွ ဦးေလးျဖစ္သူမွ ၎၏ အစ္မျဖစ္သူအား ျပန္လည္ ေျပာျပခဲ့ၿပီးေနာက္ မတ္လ(၂၀)ရက္ေန႔ ညေနပိုင္းက ရဲစခန္းသို႔ သြားေရာက္၍ အမႈဖြင့္ တိုင္ၾကားလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အသက္(၁၀)ႏွစ္ရွိ မ... သည္ ၎၏ အစ္မျဖစ္သူႏွင့္အတူ ေနအိမ္တြင္ ေနထိုင္သူျဖစ္ေၾကာင္းႏွင့္္ အသက္(၂၈)ႏွစ္ရွိ ေအာင္ၿဖဳိး၀င္းအား လားရႈိးၿမိဳ႕မရဲစခန္းတြင္ (ပ)၉၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ - ၃၇၆/၃၆၃ျဖင့္ အမႈဖြင့္အေရးယူကာ လားရႈိးၿမိဳ႕မရဲစခန္းမွ ေခတၱစခန္းမွဴး ရဲအုပ္ေက်ာ္ေဌးက စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ခန္ဓာကိုယ်တွင် ယားနာပေါက်နေသည့် အသက်(၁၀)နှစ်အရွယ် ခယ်မဖြစ်သူအား ဆေးခန်းပို့ပေးမည်ဟု ဆိုကာ ခဲအိုဖြစ်သူမှ ခေါ်ဆောင်သွားပြီး ဆေးခန်းသို့ မသွားဘဲ တောစပ်သို့ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရသည်။

လားရှိုးမြို့ ရဲဘော်ဟောင်း ကျောက်တောင်ရပ်၊ နယ်မြေ(၈)အတွင်းနေ အောင်ဖြိုးဝင်းသည် ဇနီးဖြစ်သူ၏ ညီမအရင်းဖြစ်သူ အသက်(၁၀)နှစ်ရှိ မ...၏ ခန္ဓာကိုယ်တွင် ယားနာပေါက်နေ၍ ဆေးခန်းသို့ သွားမည်ဟု ပြောကာ နေအိမ်မှ ၂၀၁၈ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က ခေါ်ဆောင်သွားပြီး နံနက်(၉)နာရီဝန်းကျင်အချိန်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ဆက်လက်၍ ည(၁၀)နာရီအချိန်တွင် ခယ်မဖြစ်သူက၎င်းတို့နေအိမ်နှင့် မနီးမေဝးတွင်ရှိသည့် ဦးလေး တော်စပ်သူ၏ နေအိမ်သို့ သွားရောက်ကာ အစ်မ၏ ခင်ပွန်းဖြစ်သူ အောင်ဖြိုးဝင်းသည်၎င်းအား ဆေးခန်းသို့ မခေါ်သွားဘဲ နယ်မြေ(၈)ရှိ တောစပ်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းအား ဦးလေးဖြစ်သူအား ပြောပြတိုင်ကြားရာမှ ဦးလေးဖြစ်သူမှ၎င်း၏ အစ်မဖြစ်သူအား ပြန်လည် ပြောပြခဲ့ပြီးနောက် မတ်လ(၂၀)ရက်နေ့ ညနေပိုင်းက ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့် တိုင်ကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အသက်(၁၀)နှစ်ရှိ မ... သည်၎င်း၏ အစ်မဖြစ်သူနှင့်အတူ နေအိမ်တွင် နေထိုင်သူဖြစ်ကြောင်းနှင့် အသက်(၂၈)နှစ်ရှိ အောင်ဖြိုးဝင်းအား လားရှိုးမြို့မရဲစခန်းတွင် (ပ)၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၆/၃၆၃ဖြင့် အမှုဖွင့်အရေးယူကာ လားရှိုးမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ကျော်ဌေးက စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~