နားဆုိင္းေက်းရြာမွ စစ္ေဘးေရွာင္မ်ား လားရိႈးၿမိဳ႕နယ္ အီႏုိင္းေက်းရြာသို႔ ထပ္တိုး ေရာက္ေန

နားဆုိင္းေက်းရြာမွ စစ္ေဘးေရွာင္မ်ား လားရိႈးၿမိဳ႕နယ္ အီႏုိင္းေက်းရြာသို႔ ထပ္တိုး ေရာက္ေန
မတ် 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ အီႏိုင္းေက်းရြာရွိ အီႏိုင္းလံုေက်ာင္းတိုက္တြင္ မတ္လ (၁၆) ရက္ေန႔မွစတင္ ေရာက္ရွိေနသည့္ နားဆိုင္းေက်းရြာအုပ္စုအတြင္းမွ စစ္ေဘးေရွာင္မ်ားမွာ မတ္လ (၁၉)ရက္ေန႔တြင္ လူဦးေရ(၁၅၀) ေက်ာ္ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

“ေန႔တိုင္းျပန္ျပန္ၿပီးေတာ့ သြားၾကည့္ပါတယ္။ ဒါေပမဲ့ အဲဒီနားမွာ တိုက္ပြဲက မျပတ္ေသးတဲ့အတြက္ မျပန္ႏိုင္ ေသးဘူး။ ရြာမွာကေတာ့ တစ္ရြာကို လူ (၂၀) ေလာက္ပဲ အေစာင့္အျဖစ္ က်န္ခဲ့ၾကတယ္။ စိတ္ခ်ရတဲ့ အေျခအေန ေရာက္မွ ရြာမွာျပန္သြားေနဖို႔စီစဥ္ထားတယ္” ဟု နားဆိုင္း ေက်းရြာေဒသခံ တစ္ဦး ျဖစ္သည့္ ကိုသက္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕မွ မိုင္ (၂၀) ခန္႔ေဝးကြာသည့္ နားဆိုင္းေက်းရြာအနီးတြင္ မတ္လ (၁၂) ရက္ေန႔မွစတင္၍ TNLA တပ္ဖြဲ႔ ႏွင့္ RCSS တပ္ဖြဲ႔တို႔ ထိေတြ႔တိုက္ခိုက္မႈမ်ား ျဖစ္ေပၚခဲ့သည့္အတြက္ ေဒသံမ်ားမွာ ေနရပ္စြန္႔ခြာ၍ စစ္ေဘး တိမ္းေရွာင္ခဲ့ျခင္းျဖစ္ၿပီး လားရိႈးၿမိဳ႕နယ္ အီႏိုင္းေက်းရြာသို႔ မတ္လ (၁၆) ရက္ေန႔တြင္ လူဦးေရ (၁၂၀) ေက်ာ္ စတင္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။

“လူက တစ္ျဖည္းျဖည္းတိုးလာတယ္။ စားနပ္ရိကၡာအတြက္ကေတာ့ ဆန္နဲ႔ဆီလို အေျခခံက်တဲ့ရိကၡာေတြ လက္တေလာအတြက္ လံုေလာက္မႈရွိပါတယ္။ ဟင္းခ်က္စရာအတြက္ပဲ လိုအပ္ခ်က္ရွိတယ္” ဟု အီႏိုင္းေက်းရြာ ရွိ အီႏိုင္းလံုဘုန္းေတာ္ႀကီးေက်ာင္းတြင္ ယာယီျပဳလုပ္ထားသည့္ စစ္ေဘးေရွာင္စခန္းမွ စခန္းတာဝန္ခံ မရီရီလႈိင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

စစ္ေဘးေရွာင္မ်ားမွာ မတ္လ (၁၈) ရက္ေန႔အထိ အိမ္ေထာင္စု (၄၆) စုမွ လူဦးေရ (၁၄၀) ရွိရာမွ မတ္လ (၁၉) ရက္ေန႔ တြင္ အိမ္ေထာင္စု (၅၀) လူဦးေရ (၁၅၈) ဦးအထိတိုးလာျခင္းျဖစ္ေၾကာင္း သိရသည္။
နားဆိုင္းေက်းရြာအနီး တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့သည့္ မတ္လ (၁၂) ရက္ေန႔ မွစတင္၍ လားရိႈးၿမိဳ႕ရွိ လားရႈိး-နမၼတူ ခရီးသည္ သယ္ယူပို႔ေဆာင္ေရးယာဥ္လိုင္း (၅) ခုမွာ ခရီးသည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ား ရပ္နားထားခဲ့ ေသာ္လည္း မတ္လ (၁၆) ရက္ေန႔တြင္ ျပန္လည္ေျပးဆြဲေနၿပီ ျဖစ္ကာ ယာဥ္လိုင္းအခ်ိဳ႕မွာ လားရိႈး-သီေပါ-နမၼတူ လမ္းေၾကာင္းမွတစ္ဆင့္ ေျပးဆြဲေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ အီနိုင်းလုံကျောင်းတိုက်တွင် မတ်လ (၁၆) ရက်နေ့မှစတင် ရောက်ရှိနေသည့် နားဆိုင်းကျေးရွာအုပ်စုအတွင်းမှ စစ်ဘေးရှောင်များမှာ မတ်လ (၁၉)ရက်နေ့တွင် လူဦးရေ(၁၅၀) ကျော်ရှိနပြေီဖြစ်ကြောင်း သိရသည်။

“နေ့တိုင်းပြန်ပြန်ပြီးတော့ သွားကြည့်ပါတယ်။ ဒါပေမဲ့ အဲဒီနားမှာ တိုက်ပွဲက မပြတ်သေးတဲ့အတွက် မပြန်နိုင် သေးဘူး။ ရွာမှာကတော့ တစ်ရွာကို လူ (၂၀) လောက်ပဲ အစောင့်အဖြစ် ကျန်ခဲ့ကြတယ်။ စိတ်ချရတဲ့ အခြေအနေ ရောက်မှ ရွာမှာပြန်သွားနေဖို့စီစဉ်ထားတယ်” ဟု နားဆိုင်း ကျေးရွာဒေသခံ တစ်ဦး ဖြစ်သည့် ကိုသက်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့မှ မိုင် (၂၀) ခန့်ဝေးကွာသည့် နားဆိုင်းကျေးရွာအနီးတွင် မတ်လ (၁၂) ရက်နေ့မှစတင်၍ TNLA တပ်ဖွဲ့ နှင့် RCSS တပ်ဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသံများမှာ နေရပ်စွန့်ခွာ၍ စစ်ဘေး တိမ်းရှောင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့နယ် အီနိုင်းကျေးရွာသို့ မတ်လ (၁၆) ရက်နေ့တွင် လူဦးရေ (၁၂၀) ကျော် စတင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“လူက တစ်ဖြည်းဖြည်းတိုးလာတယ်။ စားနပ်ရိက္ခါအတွက်ကတော့ ဆန်နဲ့ဆီလို အခြေခံကျတဲ့ရိက္ခါတွေ လက်တလောအတွက် လုံလောက်မှုရှိပါတယ်။ ဟင်းချက်စရာအတွက်ပဲ လိုအပ်ချက်ရှိတယ်” ဟု အီနိုင်းကျေးရွာ ရှိ အီနိုင်းလုံဘုန်းတော်ကြီးကျောင်းတွင် ယာယီပြုလုပ်ထားသည့် စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ မရီရီလှိုင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

စစ်ဘေးရှောင်များမှာ မတ်လ (၁၈) ရက်နေ့အထိ အိမ်ထောင်စု (၄၆) စုမှ လူဦးရေ (၁၄၀) ရှိရာမှ မတ်လ (၁၉) ရက်နေ့ တွင် အိမ်ထောင်စု (၅၀) လူဦးရေ (၁၅၈) ဦးအထိတိုးလာခြင်းဖြစ်ကြောင်း သိရသည်။
နားဆိုင်းကျေးရွာအနီး တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် မတ်လ (၁၂) ရက်နေ့ မှစတင်၍ လားရှိုးမြို့ရှိ လားရှိုး-နမ္မတူ ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း (၅) ခုမှာ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများ ရပ်နားထားခဲ့ သော်လည်း မတ်လ (၁၆) ရက်နေ့တွင် ပြန်လည်ပြေးဆွဲနပြေီ ဖြစ်ကာ ယာဉ်လိုင်းအချို့မှာ လားရှိုး-သီပေါ-နမ္မတူ လမ်းကြောင်းမှတစ်ဆင့် ပြေးဆွဲနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~