အသက် (၆)လအထက်မှ အသက် (၄၀)အောက် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်များ တောင်ကြီးတွင် အခမဲ့ကုသမှုခံယူရန် စာရင်းပေးသွင်းနိုင်

အသက် (၆)လအထက်မှ အသက် (၄၀)အောက် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်များ တောင်ကြီးတွင် အခမဲ့ကုသမှုခံယူရန် စာရင်းပေးသွင်းနိုင်
မတျ 14, 2018
By Tachileik News Agency




ဒေသအသီးသီးမှ ခွဲစိတ်ကုသမှုခံယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉ ၄၂၇၅၆၂၀၀၃ နှင့် ၀၉ ၄၂၇၅၆၂၀၀၄ များသို့ ကနဦးစာရင်းပေးသွင်းထားပြီး မတ်လ (၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များ နောက်ဆုံးထား၍ တောင်ကြီးမြို့သို့ ရောက်ရှိရန် လိုအပ်ကြောင်း သိရသည်။

ခွဲစိတ်ကုသပေးမည့် ဆရာဝန်များမှာ မြန်မာအပါအဝင် အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ အာရှနှင့် အရှေ့တောင်အာရှနိုင်ငံပေါင်း (၁၅)နိုင်ငံမှ ပါဝင်ကြောင်း သိရပြီး ယခုနှစ်အတွင်း နေပြည်တော် သို့မဟုတ် မန္တလေးနှင့် ရန်ကုန်တို့တွင်လည်း ထပ်မံပြုလုပ်ပေးသွားရန်ရှိကြောင်း သိရသည်။

ယခုကုသမှုအစီအစဉ်သည် Smile Asia နှင့် Kanbawza Group ၏ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်သည့် (၉)ကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသမှုအစီအစဉ်ဖြစ်ပြီး ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းအနေဖြင့် ယခင်က ငွေထည့်ဝင်လှူဒါန်းမှုသာလုပ်ခဲ့ရာမှ (၆)ကြိမ်မြောက်မှစ၍ ဥက္ကဌ နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်းများ လုပ်အားပါဝင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓါတ်ပုံ - BFM


~~~~~~~~⊰❂ unicode ~~~~~~~~

အသက် (၆)လအထက်မှ အသက် (၄၀)အောက် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်များအား ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသမှုပေးမည်ဖြစ်သဖြင့် နေရာဒေသမရွေးမှ ကုသမှုခံယူလိုသူများ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ ခွဲစိတ်ကုသမှု အစီအစဉ်အား အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း (၁၅)နိုင်ငံ ဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် Smile Asia နှင့် Kanbawza Group၏ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ (၉၆) ဦးရပြီးပြီ။ စာရင်းကတော့ ၁၂၀ အထိ လက်ခံပါမယ်။ ရပ်ဝေးကလာတဲ့ သူတွေအတွက် အသွားအပြန် ကားခပြန်ပေးပါမယ်။ နေဖို့၊တည်းဖို့ခိုဖို့ စီစဉ်ထားပြီးပါပြီ။ အောင်မြေဘုံစံဘုန်းကြီးကျောင်းမှာ တည်းရပါမယ်။ အဲဒီမှာ ခြင်ထောင်၊ခေါင်းအုံး၊စောင်၊အိပ်ရာခင်းတွေ သွားတိုက်ဆေး၊ဆပ်ပြာကအစ စီစဉ်ထားပါတယ်။ ထမင်းလည်း တစ်နေ့ သုံးနပ်စာ စီစဉ်ပေးထားပါတယ်။ ဆေးကုသဖို့ သွားလာဖို့ကအစ စီစဉ်ပေးထားပါတယ်။ ဆေးကုသမှုလည်း အားလုံး အခမဲ့ပါ။ လာတဲ့စရိတ်လည်း အခမဲ့ပါပဲ”ဟု ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဦးကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသအသီးသီးမှ ခွဲစိတ်ကုသမှုခံယူလိုသူများအနဖြေင့် ဖုန်းနံပါတ် ဝ၉ ၄၂၇၅၆၂၀၀၃ နှင့် ဝ၉ ၄၂၇၅၆၂၀၀၄ များသို့ ကနဦးစာရင်းပေးသွင်းထားပြီး မတ်လ (၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များ နောက်ဆုံးထား၍ တောင်ကြီးမြို့သို့ ရောက်ရှိရန် လိုအပ်ကြောင်း သိရသည်။

ခွဲစိတ်ကုသပေးမည့် ဆရာဝန်များမှာ မြန်မာအပါအဝင် အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ အာရှနှင့် အရှေ့တောင်အာရှနိုင်ငံပေါင်း (၁၅)နိုင်ငံမှ ပါဝင်ကြောင်း သိရပြီး ယခုနှစ်အတွင်း နပြေည်တော် သို့မဟုတ် မန္တလေးနှင့် ရန်ကုန်တို့တွင်လည်း ထပ်မံပြုလုပ်ပေးသွားရန်ရှိကြောင်း သိရသည်။

ယခုကုသမှုအစီအစဉ်သည် Smile Asia နှင့် Kanbawza Group၏ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်သည့် (၉)ကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသမှုအစီအစဉ်ဖြစ်ပြီး ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းအနဖြေင့် ယခင်က ငွေထည့်ဝင်လှူဒါန်းမှုသာလုပ်ခဲ့ရာမှ (၆)ကြိမ်မြောက်မှစ၍ ဥက္ကဌ နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်းများ လုပ်အားပါဝင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - BFM

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~