တကၠသိုလ္ဝင္စာေမးပြဲသို႔ ရွမ္းျပည္နယ္တြင္းမွ ဝင္ေရာက္ေျဖဆုိရန္ စာရင္းေပးသူ ယခင္ႏွစ္ထက္ ပိုမ်ားလာ

တကၠသိုလ္ဝင္စာေမးပြဲသို႔ ရွမ္းျပည္နယ္တြင္းမွ ဝင္ေရာက္ေျဖဆုိရန္ စာရင္းေပးသူ ယခင္ႏွစ္ထက္ ပိုမ်ားလာ
မတ် 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း စာေျဖဌာန (၁၃၇)ခုတြင္ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုရန္ စာရင္း ေပးထားသူ ဦးေရမွာ (၅၅,၅၃၁)ဦးရိွရာ ယခင္ႏွစ္ထက္ ပိုမ်ားေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းထံမွ သိရသည္။

“ေျဖဆိုဖို႔ စာရင္းေပးထားတဲ့ ဦးေရအရ မႏွစ္ကထက္ နည္းနည္း ပိုပါတယ္။ တကယ္ေျဖဆိုသူ စာရင္းကေတာ့ ညေနမွ သိရမွာပါ။ ေလာေလာဆယ္ ဒီေန႔ စေျဖေနတဲ့ အေျခအေနကိုေတာ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ သြားစစ္ေဆး အားေပးၾကပါတယ္။ ေတာင္ႀကီးၿမိဳ႕ေပၚက ေက်ာင္းအားလံုးကို စစ္ေဆးခဲ့ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တကၠသိုလ္ဝင္စာေမးပြဲမ်ား မတ္လ (၇)ရက္ေန႔တြင္ စတင္ေျဖဆိုေနရာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕မွ စာေျဖဌာနဖြင့္ထားသည့္ စာသင္ေက်ာင္း (၉)ေက်ာင္း၏ အေျခအေနမ်ားကို ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ ျပည္နယ္အစိုးရအဖဲြ႕က ကြင္းဆင္း အားေပးခဲ့ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရအဖြဲ႔ အေနျဖင့္ လိြဳင္လင္၊ ပင္လံု၊ လဲခ်ားႏွင့္ မုိင္းကုိင္ၿမိဳ႕မ်ားရိွ  စာေျဖဌာနမ်ားသို႔လည္း ကြင္းဆင္းအားေပးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ျပည္နယ္အစိုးရ

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း စာဖြေဌာန (၁၃၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးထားသူ ဦးရေမှာ (၅၅,၅၃၁)ဦးရှိရာ ယခင်နှစ်ထက် ပိုများကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံမှ သိရသည်။

“ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ဦးရေအရ မနှစ်ကထက် နည်းနည်း ပိုပါတယ်။ တကယ်ဖြေဆိုသူ စာရင်းကတော့ ညနေမှ သိရမှာပါ။ လောလောဆယ် ဒီနေ့ စဖြေနေတဲ့ အခြေအနေကိုတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ သွားစစ်ဆေး အားပေးကြပါတယ်။ တောင်ကြီးမြို့ပေါ်က ကျောင်းအားလုံးကို စစ်ဆေးခဲ့ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲများ မတ်လ (၇)ရက်နေ့တွင် စတင်ဖြေဆိုနေရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှ စာဖြေဌာနဖွင့်ထားသည့် စာသင်ကျောင်း (၉)ကျောင်း၏ အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့က ကွင်းဆင်း အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ အနဖြေင့် လွိုင်လင်၊ ပင်လုံ၊ လဲချားနှင့် မိုင်းကိုင်မြို့များရှိ စာဖြေဌာနများသို့လည်း ကွင်းဆင်းအားပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~