ခိုး၀င္လာသည့္ ဘဂၤါလီ (၁၀)ဦး ႏွင့္အတူ လမ္းျပ (၄)ဦးအား ဖမ္းဆီးရမိ

ခိုး၀င္လာသည့္ ဘဂၤါလီ (၁၀)ဦး ႏွင့္အတူ လမ္းျပ (၄)ဦးအား ဖမ္းဆီးရမိ
မတ် 20, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္ဘက္မွ မေကြးတိုင္းအတြင္းသို႔ ခိုးဝင္လာသည့္ ဘဂၤါလီ(၁၀)ဦးအား လမ္းျပေခၚ ေဆာင္လာသူ (၄)ဦးႏွင့္အတူ မတ္လ(၂၀)ရက္ေန႔တြင္ မင္းလွၿမိဳ႕နယ္၌ ရက္(၂၀)အတြင္း (၅)ႀကိမ္ေျမာက္ အျဖစ္ ဖမ္းဆီးရမိေၾကာင္း မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးမွ သိရသည္။

"ရခိုင္ျပည္နယ္ဘက္ကေန မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္လာတဲ့ ဘဂၤါလီေတြကို မ်က္ေျခမျပတ္ သတင္းရယူ ေစာင့္ၾကည့္ႏိုင္ခဲ့တဲ့အတြက္ မတ္လ(၁) ရက္ေန႔က (၅) ဦး၊ မတ္လ (၆) ရက္ေန႔မွာ (၇) ဦး၊ မတ္လ (၁၄) ရက္ေန႔မွာ (၁) ဦး၊ မတ္လ (၁၈) ရက္ေန႔မွာ (၂) ဦးနဲ႔ အခု မတ္လ (၂၀) ရက္ေန႔မွာေတာ႔ ယခင္ ဖမ္းဆီး ရမိခဲ႔တဲ႔သူရဲ႕ ထြက္ဆိုခ်က္အရ ကြင္းဆက္အျဖစ္ ဘဂၤါလီ (၃) ဦးကိုဖမ္းဆီးဖို႔ႀကိဳးစားရင္း လမ္းျပ ေခၚေဆာင္သူ (၄) ဦးနဲ႔ ခိုးဝင္ဘဂၤါလီ (၁၀) ဦးကို ထပ္မံဖမ္းဆီးရမိခဲ႔တာ ျဖစ္ပါတယ္"ဟု မင္းလွၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴး ရဲမွဴးထင္ေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရနံမနယ္ေျမရဲစခန္း၊ စရဖ၊ သရက္ခရိုင္ ဒုစရိုက္ႏိွမ္နင္းေရးအဖဲြ႔တို႔က မတ္လ(၂၀)ရက္ေန႔ နံနက္ (၅)နာရီအခ်ိန္ခန္႔၌ ေရနံမနယ္ေျမရဲစခန္း အေနာက္ေတာင္ဘက္(၁၆)မိုင္ခန္႔အကြာ ပုသိမ္-မံုရြာလမ္းရိွ ေစ်းႀကီးေက်းရြာအဝင္လမ္းထိပ္တြင္ မသကၤာဖြယ္ရာ လူစိမ္း(၄)ဦးအား ေတြ႔ရိွေၾကာင္း အမာခံ သတင္းေပးမ်ား၏ သတင္းေပးခ်က္အရ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိသူ(၄)ဦးမွာ  ဘဂၤါလီ(၁၀)ဦးအား ရခိုင္ျပည္နယ္ဘက္မွ ရန္ကုန္ၿမိဳ႕သို႔္ တစ္ဦးလွ်င္ က်ပ္ႏွစ္သိန္းခြဲႏွဳန္းျဖင္႔ရယူ၍ လမ္းျပေခၚေဆာင္လာသူမ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရၿပီးေနာက္ ၎တို႔ (၄)ဦးကိုေတြ႔ရိွရာမွ (၄)ဖာလံုခန္႔အကြာရိွေတာစပ္တြင္ အသက္ (၁၂ႏွစ္)အရြယ္(၄)ဦး၊ အသက္(၁၄ႏွစ္)အရြယ္ (၃)ဦး ပါ ဘဂၤါလီအမ်ိဳးသား(၁၀)ဦးအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိခဲ႔ေသာ ဘဂၤါလီလူမ်ိဳး (၁၀)ဦးအား ၁၉၄၉ ခုႏွစ္ ျမန္မာ ႏိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒပုဒ္မအရ တရားရံုးသို႔ ဦးတိုက္ေလွ်ာက္ထား တရား စဲြဆို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရၿပီး အခေၾကးေငြျဖင္႔ လမ္းျပေခၚေဆာင္လာသည္႔ ဘိုဘိုေအာင္၊ ေမာင္တင္၊ ဦးေပႏွင္႔ ေအာင္ဆန္းတို႔အား ေရနံမနယ္ေျမ ရဲစခန္းတြင္ (ပ)၁၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၇ ျဖင္႔ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရ သည္။

သတင္း - ဖီးနစ္
ဓာတ္ပံု  - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းအတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီ(၁၀)ဦးအား လမ်းပြခေါ် ဆောင်လာသူ (၄)ဦးနှင့်အတူ မတ်လ(၂၀)ရက်နေ့တွင် မင်းလှမြို့နယ်၌ ရက်(၂၀)အတွင်း (၅)ကြိမ်မြောက် အဖြစ် ဖမ်းဆီးရမိကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ရခိုင်ပြည်နယ်ဘက်ကနေ မင်းလှမြို့နယ်အတွင်း ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို မျက်ခြေမပြတ် သတင်းရယူ စောင့်ကြည့်နိုင်ခဲ့တဲ့အတွက် မတ်လ(၁) ရက်နေ့က (၅) ဦး၊ မတ်လ (၆) ရက်နေ့မှာ (၇) ဦး၊ မတ်လ (၁၄) ရက်နေ့မှာ (၁) ဦး၊ မတ်လ (၁၈) ရက်နေ့မှာ (၂) ဦးနဲ့ အခု မတ်လ (၂၀) ရက်နေ့မှာတော့ ယခင် ဖမ်းဆီး ရမိခဲ့တဲ့သူရဲ့ ထွက်ဆိုချက်အရ ကွင်းဆက်အဖြစ် ဘင်္ဂါလီ (၃) ဦးကိုဖမ်းဆီးဖို့ကြိုးစားရင်း လမ်းပြ ခေါ်ဆောင်သူ (၄) ဦးနဲ့ ခိုးဝင်ဘင်္ဂါလီ (၁၀) ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်"ဟု မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေနံမနယ်မြေရဲစခန်း၊ စရဖ၊ သရက်ခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့တို့က မတ်လ(၂၀)ရက်နေ့ နံနက် (၅)နာရီအချိန်ခန့်၌ ရေနံမနယ်မြေရဲစခန်း အနောက်တောင်ဘက်(၁၆)မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းရှိ ဈေးကြီးကျေးရွာအဝင်လမ်းထိပ်တွင် မသင်္ကာဖွယ်ရာ လူစိမ်း(၄)ဦးအား တွေ့ရှိကြောင်း အမာခံ သတင်းပေးများ၏ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ(၄)ဦးမှာ ဘင်္ဂါလီ(၁၀)ဦးအား ရခိုင်ပြည်နယ်ဘက်မှ ရန်ကုန်မြို့သို့် တစ်ဦးလျှင် ကျပ်နှစ်သိန်းခွဲနှုန်းဖြင့်ရယူ၍ လမ်းပြခေါ်ဆောင်လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက်၎င်းတို့ (၄)ဦးကိုတွေ့ရှိရာမှ (၄)ဖာလုံခန့်အကွာရှိတောစပ်တွင် အသက် (၁၂နှစ်)အရွယ်(၄)ဦး၊ အသက်(၁၄နှစ်)အရွယ် (၃)ဦး ပါ ဘင်္ဂါလီအမျိုးသား(၁၀)ဦးအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သော ဘင်္ဂါလီလူမျိုး (၁၀)ဦးအား ၁၉၄၉ ခုနှစ် မြန်မာ နိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ တရားရုံးသို့ ဦးတိုက်လျှောက်ထား တရား စွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး အခကြေးငွဖြေင့် လမ်းပြခေါ်ဆောင်လာသည့် ဘိုဘိုအောင်၊ မောင်တင်၊ ဦးပေနှင့် အောင်ဆန်းတို့အား ရေနံမနယ်မြေ ရဲစခန်းတွင် (ပ)၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~