Update News

မီးဖိုမီးၾကြင္းမီးက်န္မွ မီးစတင္ ေလာင္ကၽြမ္းမႈေၾကာင့္ ေရစႀကိဳၿမိဳ႕နယ္တြင္ အိမ္ေျခ(၁၅၄)လံုးခန္႔ ဆံုးရံႈးၿပီး လူဦးေရ (၈၉၃)ဦး အိုးအိမ္မဲ့ျဖစ္


ေရစႀကိဳၿမိဳ႕နယ္ သစ္ႀကီးေတာေက်းရြာ၌ မတ္လ (၃)ရက္ည (၈)နာရီခဲြ အခ်ိန္ခန္႔တြင္ မီးဖို၏ မီးၾကြင္း မီးက်န္မွ မီးစတင္ ေလာင္ကၽြမ္းမႈေၾကာင့္ ခန္႔မွန္းအိမ္ေျခ(၁၅၄)လံုး မီးေလာင္ဆံုးရံႈးသြားၿပီး လူဦးေရ (၈၉၃)ဦး ယာယီကယ္ဆယ္ေရးစခန္းတြင္ ခိုလံႈေနရေၾကာင္း သိရသည္။

ေရစႀကိဳၿမိဳ႕မွ (၁၂)မိုင္ခန္႔အကြာ ေရစႀကိဳ - ေခ်ာင္းဦးလမ္းမႀကီးမွ (၃)မိုင္ခန္႔အကြာရိွ သစ္ႀကီးေတာ ေက်းရြာအုပ္စု၊ သစ္ႀကီးေတာေက်းရြာမွ ဦးေပၚဦး၏ ေနအိမ္ မီးဖိုမီးၾကြင္းမီးက်န္မွ မတ္လ(၃)ရက္ ည(၈)နာရီခဲြအခ်ိန္ခန္႔တြင္ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး မတ္လ(၃)ရက္ ည(၉)နာရီခဲြအခ်ိန္ခန္႔တြင္ မီးညြန္႔က်ိဳးကာ မတ္လ (၄)ရက္ေန႔  နံနက္ (၁)နာရီမထိုးမီတြင္ မီးၿငိမ္းသြားျခင္းျဖစ္ေၾကာင္း ရဲစခန္း မွတ္တမ္းအရ သိရသည္။

"ရြာက အိမ္ေျခ (၇၀၀) ေလာက္ရိွတဲ႔ ရြာႀကီးျဖစ္ၿပီး အိမ္ေျခကလည္း ထူထပ္၊ ၿမိဳ႕နဲ႔ကလည္း အလွမ္းေဝး၊ ေရကလည္း ရွားတဲ့ ေဒသျဖစ္ေတာ့ အခုလိုမီးေလာင္မႈျဖစ္တဲ႔အခါ အခ်ိန္မီ မီးၿငိႇမ္းသတ္ႏိုင္ဖို႔က အေတာ္ကို ခက္ခဲပါတယ္။ ရြာအဝင္လမ္းကက်ဥ္းေတာ့ မီးသတ္ကား ဝင္ရ ထြက္ရခက္တာလည္းပါတယ္ ။ နီးစပ္ရာ ရြာေတြနဲ႔ ေရစႀကိဳ၊ ဆားလင္းႀကီး၊ ပခုကၠဴ၊ ၿမိဳင္ ၿမိဳ႕ေတြက မီးသတ္ယာဥ္နဲ႔ ေရသယ္ယာဥ္ေတြ ေရာက္ရိွ ၿငိႇမ္းသတ္ႏိုင္ခဲ့လို႔သာ ဒီေလာက္နဲ႔ၿပီးသြားခဲ႔တာပါ။ မင္းရြာျမစ္ေရတင္စီမံကိန္းက လႊတ္ေပးတဲ႔ ဆည္ေျမာင္းေရနဲ႔ ေက်းရြာအမ်ားသံုးေရေလွာင္ကန္ကေရကို အသံုးျပဳခဲ႔ၾကရပါ တယ္။ " ဟု ေက်းရြာေဒသခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ၿဗီးဘအုပ္စု၊ ပရိမၼေက်းရြာ၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ေရစႀကိဳၿမိဳ႕မေစ်းမီး သတ္၊ ေရစႀကိဳၿမိဳ႕နယ္မီးသတ္ဦးစီးဌာန၊ ေရစႀကိဳတပ္နယ္၊ လင္းကေတာေက်းရြာ၊ ပခန္းႀကီးေက်းရြာအုပ္ စု၊ မအူေအာက္ဆိပ္ေက်းရြာအုပ္စု၊ ၿမိဳင္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာန၊ လက္ယက္မေက်းရြာ၊ ပခုကၠဴၿမိဳ႕ တို႔မွ မီးသတ္ယာဥ္ႏွင္႔ ေရသယ္ယာဥ္ စုစုေပါင္း(၂၃)စီးႏွင့္အတူ ေဒသခံမ်ားက ဝိုင္းဝန္းၿငိႇမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။

လက္ရိွတြင္ မီးေလာင္ဆံုးရံႈးသြားသည့္ ေနအိမ္မ်ားမွ မိသားစုမ်ားအား သစ္ႀကီးေတာေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းႏွင္႔ အ.ထ.က(ခဲြ)ေက်ာင္းတို႔တြင္ ကယ္ဆယ္ေရးစခန္းမ်ားဖြင္႔လွစ္ထားရိွၿပီး မီးေလာင္ျပင္ႏွင္႔ ကယ္ဆယ္ေရးစခန္းလံုျခံဳေရးအတြက္ ခလရ (၂၅၇)၊ ခလရ(၂၅၈)၊ ပခုကၠဴခရိုင္ရဲတပ္ဖဲြ႔၊ ေရစႀကိဳၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနႏွင္႔ မီးသတ္တပ္ဖြဲ႔ဝင္မ်ားက ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ယာယီစားေသာက္ေနထိုင္ႏိုင္ေရးအတြက္ အနီး ပတ္ဝန္းက်င္ေက်းရြာမ်ား၊ လူမႈကူညီေရး အသင္းအဖဲြ႔မ်ား ပူးေပါင္း၍ စီမံေဆာင္ရြက္ေပးလွ်က္ရိွေၾကာင္း သိရသည္။

သစ္ႀကီးေတာေက်းရြာတြင္ အိမ္ေျခ(၆၇၄)လံုးရိွရာ မီးေလာင္မႈေၾကာင္႔ စုစုေပါင္းခန္႔မွန္း အိမ္ေျခ(၁၅၄)လံုးႏွင္႔ ဝက္(၂)ေကာင္ မီးေလာင္ဆံုးရံႈးသြားေၾကာင္း မီးသတ္ဦးစီးဌာနထံမွ သိရသည္။

မီးေပါ႔ဆစြာ အသံုးျပဳသူ ဦးေပၚဦးအား ေရစႀကိဳၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း ေရစႀကိဳ ၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း/ဓါတ္ပံု -  #ဖီးနစ္#ေအာင္ေက်ာ္ဇင္(ေရစႀကိဳ)






~~~~~~~~⊰❂ unicode ~~~~~~~~


ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ၌ မတ်လ (၃)ရက်ည (၈)နာရီခွဲ အချိန်ခန့်တွင် မီးဖို၏ မီးကြွင်း မီးကျန်မှ မီးစတင် လောင်ကျွမ်းမှုကြောင့် ခန့်မှန်းအိမ်ခြေ(၁၅၄)လုံး မီးလောင်ဆုံးရှုံးသွားပြီး လူဦးရေ (၈၉၃)ဦး ယာယီကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရကြောင်း သိရသည်။

ရေစကြိုမြို့မှ (၁၂)မိုင်ခန့်အကွာ ရေစကြို - ချောင်းဦးလမ်းမကြီးမှ (၃)မိုင်ခန့်အကွာရှိ သစ်ကြီးတော ကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာမှ ဦးပေါ်ဦး၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ မတ်လ(၃)ရက် ည(၈)နာရီခွဲအချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မတ်လ(၃)ရက် ည(၉)နာရီခွဲအချိန်ခန့်တွင် မီးညွန့်ကျိုးကာ မတ်လ (၄)ရက်နေ့ နံနက် (၁)နာရီမထိုးမီတွင် မီးငြိမ်းသွားခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

"ရွာက အိမ်ခြေ (၇၀၀) လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီး အိမ်ခြေကလည်း ထူထပ်၊ မြို့နဲ့ကလည်း အလှမ်းဝေး၊ ရေကလည်း ရှားတဲ့ ဒေသဖြစ်တော့ အခုလိုမီးလောင်မှုဖြစ်တဲ့အခါ အချိန်မီ မီးငြှိမ်းသတ်နိုင်ဖို့က အတော်ကို ခက်ခဲပါတယ်။ ရွာအဝင်လမ်းကကျဉ်းတော့ မီးသတ်ကား ဝင်ရ ထွက်ရခက်တာလည်းပါတယ်။ နီးစပ်ရာ ရွာတွေနဲ့ ရေစကြို၊ ဆားလင်းကြီး၊ ပခုက္ကူ၊ မြိုင် မြို့တွေက မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ်တွေ ရောက်ရှိ ငြှိမ်းသတ်နိုင်ခဲ့လို့သာ ဒီလောက်နဲ့ပြီးသွားခဲ့တာပါ။ မင်းရွာမြစ်ရေတင်စီမံကိန်းက လွှတ်ပေးတဲ့ ဆည်မြောင်းရေနဲ့ ကျေးရွာအများသုံးရေလှောင်ကန်ကရေကို အသုံးပြုခဲ့ကြရပါ တယ်။ " ဟု ကျေးရွာဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဗြီးဘအုပ်စု၊ ပရိမ္မကျေးရွာ၊ ဆားလင်းကြီးမြို့နယ်၊ ရေစကြိုမြို့မဈေးမီး သတ်၊ ရေစကြိုမြို့နယ်မီးသတ်ဦးစီးဌာန၊ ရေစကြိုတပ်နယ်၊ လင်းကတောကျေးရွာ၊ ပခန်းကြီးကျေးရွာအုပ် စု၊ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မြိုင်မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ယက်မကျေးရွာ၊ ပခုက္ကူမြို့ တို့မှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၂၃)စီးနှင့်အတူ ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်များမှ မိသားစုများအား သစ်ကြီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိပြီး မီးလောင်ပြင်နှင့် ကယ်ဆယ်ရေးစခန်းလုံခြုံရေးအတွက် ခလရ (၂၅၇)၊ ခလရ(၂၅၈)၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယာယီစားသောက်နေထိုင်နိုင်ရေးအတွက် အနီး ပတ်ဝန်းကျင်ကျေးရွာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

သစ်ကြီးတောကျေးရွာတွင် အိမ်ခြေ(၆၇၄)လုံးရှိရာ မီးလောင်မှုကြောင့် စုစုပေါင်းခန့်မှန်း အိမ်ခြေ(၁၅၄)လုံးနှင့် ဝက်(၂)ကောင် မီးလောင်ဆုံးရှုံးသွားကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးပေါ့ဆစွာ အသုံးပြုသူ ဦးပေါ်ဦးအား ရေစကြိုမြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရေစကြို မြို့မရဲစခန်းမှ သိရသည်။

သတင်း/ဓာတ်ပုံ - #ဖီးနစ်#အောင်ကျော်ဇင်(ရေစကြို)
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::